ဘုရားစကား နားမထောင်ဘဲ
ဘုရားသာသနာ ဝင်ခိုရုံမျှဖြင့်
ဘုရားမကယ်နိုင်
ချစ်ခြင်း(တဏှာ)လောဘကို ရဟန္တာမှပယ်ပါတယ်။
မုန်းခြင်း(ဒေါသ)ကို အနာဂါမ်မှပယ်ပါတယ်။
သို့သော် အနုသယကိလေသာနဲက မဖြစ်အောင်ထိန်းလို့ရပါတယ်။
ဥပမာ-မတွေ့အောင်နေလိုက် မမြင်အောင်နေလိုက်
မကြားအောင်နေလိုက်ပါ။
မမြင်ရာကိလေသာ သူဟာသူနေတတ်သည်။
မြင်ရသောအခါ ကိလေသာ ထကာလာတတ်သည်။
လောကမှာ ဘယ်လောက် ကြီးကျယ် ကြီးကျယ်
သေခါနီးမှာ မျက်ရည်လည်ရရင် မတော်ဘူး။
လောကကြီးမှာ ဒါနရှိမှ လူချစ်ခင်ကြတယ်။
ကိုယ်ကျင့်သီလရှိမှ ကြည်ညိုကြတယ်။
ပညာရှိမှ လေးစားကြတယ်။
လူတွေဟာ ဒုက္ခရောက်တာ အဆင်မပြတာကိုသာ
ပြောနေကြတယ်။
သွားနေကြရတာက ဒုက္ခလမ်းမကြီးပေါ်မှာ
ဒီတော့လေ ဒုက္ခကြားက ဒုက္ခကောင်းဟာ
ဒုက္ခကိုပဲ တွေ့ရမှာပဲ။
လူတွေက ဒါနကိုသာ ရွေအိုးလို့ ထင်နေကြတယ်။
သီလ၊ သမာဓိ၊ ပညာတို့လည်း ရွှေအိုးကြီးတွေပါပဲ။
လူသေပြီး လူပြန်ဖြစ်သူက နည်းတယ်၊
ဖြစ်ပြန်တော့လည်း ဗုဒ္ဓတရား (သာသနာ)နဲ့
တွေ့ဖို့ ခဲယဉ်းတယ်၊
တွေ့ပြန်တော့လည်း ဘာသာဝင်စစ်စစ်
တကယ့်သဒ္ဓါတရား ဖြစ်ဖို့က ကြဲတယ်။
လောကကြီးမှာ ကြီးပွားတယ်ဆိုတာ
ထီပေါက်မှ၊ စီးပွားရေးကောင်းမှလို့
ထင်နေကြတယ်။
ဟုတ်မှန်တဲ့ သဘာဝဓမ္မများကို
လေ့လာပွားများနေရင်
စိတ်နေစိတ်ထား ကြီးပွားတာပဲ။
သာသနာဆိုတာ ဘုရားအဆုံးအမကို ခေါ်တယ်။
ဘုရား အဆုံးမဆိုတာ သီလ၊ သမာဓိ၊ ပညာ
သိက္ခာသုံးပါးပဲ။
တို့ခန္ဓာကိုယ်ကြီးက
ဇာတိ၊ ဇရာ၊ ဗျာတိ၊ မရဏ ဝဋ်ဒုက္ခတို့
ပစ်တိုင်း အမှန်ခံနေရတဲ့
"မှတ်တိုင်း" စက်ဝိုင်းခွက်ကြီးပဲဖြစ်တယ်။
အလကားလူတွေသာရှိသော
အလကားလောကကြီး၌
အလကားနေရုံဖြင့်
အလကားကောင်းလာဦးမည် ထင်သလား?
လောကမှာ ကောင်းတယ်ဆိုတာ
ကိုယ်ကျင့်တရားပါမှ ကောင်းတယ်။
ကိုယ်ကျင့်တရားမပါက မကောင်းနိုင်။
အမိုက်လောကကြီးထဲ အကန်းသတ္တဝါတွေ
လမ်းမှန် လမ်းမှား မခွဲခြား၊ မဝေဖန်နိုင်ဘဲ
လျှောက်သွားနေကြတယ်။
သံသရာကြီးနဲ့ စာရင်
တစ်ဘဝဆိုတာ တစ်ခဏလေးပါ၊
တစ်ဘဝတည်းကိုသာ မကြည့်ပါနဲ့။
သံသရာအရှည်ကို မျှော်ကြည့်ပါ။
'သစ္စာဓိဋ္ဌာန်'
ကိုယ်တည်းတစ်ယောက် ချမ်းသာရောက်ဘို့
ခုလောက်ကြိုးကုတ် အားမထုတ်ဘူး။
ဗုဒ္ဓမြတ်စွာ သာသနာ၏
ရှေးခါ ဘိုး၊ ဘ လက်ထက်ကပင်
ရသည့်တန်ဘိုး ထပ်မညှိုးဘို့
အားကြိုးမာန်တက် တို့ဆောင်ရွက်သည်
ဆက်လက်တည်တံ့ပါစေသော်။
အမှတ်တမဲ့နေသူရဲ့စိတ်ဟာ
အကုသိုလ်ဘက် သွားနေသလို
အကုသိုလ်ကံ အကျိုးပေးခွင့်ကလည်း
သူ့မှာ အမြဲရှိနေတယ်။
တောင့်တမှုတွေ မထိန်းနိုင်သေးသရွေ့
ဘဝမှာ လိုအပ်မှုတွေများနေအုံးမှာပဲ....
"ငါသည် ဘယ်လိုငါ ဖြစ်ထိုက်သနည်း။"
ငါသည် "ငါအကြည်ညိုခံရသော ငါ" ဖြစ်ထိုက်သည်။
သူတစ်ပါးကို ညာဝါးလို့ ရသည်။
ငါ့ကိုယ်ငါ ညာဝါးလို့ မရ။
မည်သူမဆို မိမိကိုယ်ကိုမိမိ ကြည်ညိုခံရသောသူဖြစ်အောင် ကြိုးစားရမည်။
မည်သူမဆို မိမိကိုယ်ကိုမိမိ ကြည်ညိုခံရသောသူဖြစ်အောင် ကြိုးစားရမည်။
မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ
ဖတ်မှတ်သွားပါသည်။
ReplyDeleteSadhu Sadhu Sadhu
ReplyDelete