"စာဝင်ဖတ်သူဓမ္မမိတ်ဆွေအပေါင်းအာ3း48ဓမ္မဘလော့ဒ်မှနွေးထွေးစွာကြိုဆိုပါ၏"

"စာဝင်ဖတ်သူဓမ္မမိတ်ဆွေအပေါင်းအာ3း48ဓမ္မဘလော့ဒ်မှနွေးထွေးစွာကြိုဆိုပါ၏"

Thursday, September 20, 2012

' သောတာပန်၊သကဒါဂါမ်၊အနာဂါမ်၊ရဟန္တာ '

သောတာပန်

သောတာပန်ဟူသည် ပထမမဂ်ဉာဏ်ရသော ပုဂ္ဂိုလ်ကို ခေါ်ဆိုသည်။
  သောတာပန် (၂ )မျိုး

(၁)စူဠသောတာပန်

ခန္ဓာ ၊ အယတန ၊ ဓာတ် ၊ သစ္စာ ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို သုတမယ ဥာဏ်ဖြင့် သိပြီး ၊ စိန္တာမယ ဥာဏ်ဖြင့်လည်း ဝေဖန်သုံးသပ် ဆင်ခြင်တွေးခေါ်နိုင်ပြီး ဖြစ်မှု ၊ပျက်မှု
သဘောတရားကို မြင်သောပုဂ္ဂိုလ်။ (၀ိပဿနာ ရှု၍ ဥဒယ-ဘယ ဥာဏ်ကိုရောက်ရင်ကို အကျိုးများသည်ဟု ဆရာတော်များ ဟောကြားကြသည်။)

အဆင့်အတန်း
(က) တစ်ဘ၀ ( သို့ ) နှစ်ဘ၀ အပယ် မလား။
(ခ) အသိတရားအဆင့် ( ညာတပရိညာ )
(ဂ) အပွားအဆင့် ( တရားအားထုတ်မှု၍ ဒိဌိမပြုတ်သေး ၊ ဒုဗ္ဗလ ( အားနည်းသော ) ၀ိပဿနာ )

(၂) မဟာသောတာပန်

ခန္ဓာ ၊ အယတန ၊ ဓာတ် ၊ သစ္စာ ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို သုတမယ ဥာဏ်ဖြင့် သိပြီး ၊ စိန္တာမယ ဥာဏ်ဖြင့်လည်း ဝေဖန်သုံးသပ် ဆင်ခြင်တွေးခေါ်ရုံသာမကဘဲ ၊ ဘာဝနာမယဥာဏ်ဖြင့် ကြိမ်ဖန်များစွာ ကြိုးစားပွားများနေသောကြောင့် ခန္ဓာ(၅)ပါး ၊ ရုပ်နာမ် (၂)ပါး၏ ဖြစ်ပျက်ကို မြင်၊ ဖြစ်ပျက်ကို မုန်း ၊ ဖြစ်ပျက်၏ဒုက္ခကြီး ချုပ်ဆုံးမှုကိုပါ မြင်သော ပုဂ္ဂိုလ် ။

မဟာသောတာပန် (၄)မျိုး
(က) သတ္တက္ခတ္တုပရ သောတာပန် = (၇) ကြိမ် ပဋိသန္ဓေ နေပြီး နိဗ္ဗာန်ဝင်သူ
(ခ) ကောလံကောလသောတာပန် = လူနတ်ဘ၀ နှင့် ၂ ဘ၀မြောက်မှ ၊ ၆ ဘ၀မြောက်အထိသာ နေပြီးနိဗ္ဗာန်ဝင်သူ (၂၊၃၊၄၊၅၊၆ ကြိမ် ပဋိသန္ဓေ နေပြီး နိဗ္ဗာန်ဝင်သူ )
(ဂ) ဧကဗီဇီ သောတာပန် = လူနတ်ဘ၀ နှင့် ၁ ကြိမ် သာနေပြီး နိဗ္ဗာန်ဝင်သူ
(ဃ) ဘုံစဉ်စံ သောတာပန် = သုဒ္ဓါဝါသ ဗြဟ္မဘုံကိုချန်ပြီး ကျန်သုဂတိဘုံများ တွင် တစ်ဘ၀ပြီး မြင့်ကာ မြင့်ကာ ဘုံစဉ်စံပြီး နိဗ္ဗာန်ဝင်သူ ( ၀ိသာခါ ၊ သိကြားမင်း ၊ အနာတပိဏ်)


သကဒါဂါမ်
သကဒါဂါမ် ဟူသည် ဒုတိယမဂ်ဉာဏ်ရသော ပုဂ္ဂိုလ်ကို ခေါ်ဆိုသည်။

အနာဂါမ်
အနာဂါမ်ဟူသည် တတိယမဂ်ဉာဏ်ရသော ပုဂ္ဂိုလ်ကို ခေါ်ဆိုသည်။

ရဟန္တာ
ရဟန္တာဟူသည် စတုတ္ထမဂ်ဉာဏ်ရသော ပုဂ္ဂိုလ်ကို ခေါ်ဆိုသည်။

ကိုးကား

မိုးကုတ်တရားမှ
by ashintayzaniya (အရှင်တေဇနိယ အုတ်ဖို)

No comments:

Post a Comment