Monday, October 22, 2012
'အခြေခံ အဘိဓမ္မာအကျဉ်း(၁)'
အခြေခံ အဘိဓမ္မာ
အဘိဓမ္မာ အဓိပ္ပါယ်အကျဉ်း
ပုဂ္ဂိုလ်သတ္တဝါမဖက်၊ ရုပ်နာမ်ဓမ္မသက်သက် ဖြစ်သောတရားသည်
အဘိဓမ္မာမည်၏။ရုပ်နာမ်ဓမ္မဟူသည် အမှန်တကယ်ရှိသော သဘာ
ဝတရားများ ဖြစ်ကြသည့် စိတ် စေတသိတ် ရုပ် နိဗ္ဗာန်တို့ဖြစ်ကြ
သည်။
စိတ်အကြောင်း
သိစရာအားလုံးကို သိတတ်သောသဘောသည် စိတ်မည်၏။အဆင်း
ကိုမြင်လျှင် သိခြင်း၊ အသံကို ကြားလျှင်သိခြင်း၊ အနံ့ကိုနံလျှင် သိ
ခြင်း၊ အရသာကို စားလျှင်သိခြင်း၊ အတွေ့အထိကို တွေ့ထိလျှင်
သိခြင်းနှင့် ထိုငါးမျိုးမှ တပါးသော တရားများကို သိခြင်းဖြစ်သည်။
စိတ်အရေအတွက်
၁။ ကာမဝစရစိတ် ၅၄-ပါး
ကာမ ၁၁-ဘုံရှိ သတ္တဝါတို့သန္တာန် အဖြစ်များသော စိတ်တို့ကို
ကာမဝစရစိတ်ဟု ခေါ်သည်။ဤစိတ်တို့ကို အောက်ပါအတိုင်း
ခွဲခြားနိုင်သည်။
(က) အကုသိုလ်စိတ် ၁၂-ပါး
မကောင်းသောစိတ်များဖြစ်ကြသည့် အကုသိုလ်စိတ် ၁၂-ပါးမှာ
လေဘမူစိတ် ၈-ပါး။
ဒေါသမူစိတ် ၂-ပါး။
မောဟမူစိတ် ၂-ပါးတို့ဖြစ်ကြသည်။
(ခ)အဟိတ်စိတ် ၁၈-ပါး
လေဘ ဒေါသ မောဟစသော ဟိတ်များမပါသည့် စိတ်များကို
အဟိတ်စိတ်ဟု ခေါ်သည်။
ထို အဟိတ်စိတ် ၁၈-ပါးမှာ
အကုသလဝိပါက်စိတ် ၇-ပါး။
အဟိတ်ကုသလဝိပါက်စိတ် ၈-ပါး။
အဟိတ်ကြိယာစိတ် ၃-ပါးတို့ဖြစ်ကြသည်။
(ဂ) ကာမသောဘဏစိတ် ၂၄-ပါး
ကာမဘုံ၌ဖြစ်သော တင့်တယ်၍ ကောင်းမြတ်သည့် စိတ်များကို
ကာမသောဘဏစိတ်ဟု ခေါ်သည်။
ထိုစိတ် ၂၄-ပါးမှာ
မဟာကုသိုလ်စိတ် ၈-ပါး။
မဟာဝိပါက်စိတ် ၈-ပါး။
မဟာကြိယာစိတ် ၈-ပါးတို့ဖြစ်ကြသည်။
ကာမဝစရစိတ်ပေါင်း
အကုသိုလ်စိတ် ၁၂-ပါး
အဟိတ်စိတ် ၁၈-ပါး
ကာမသောဘဏစိတ် ၂၄-ပါး
------------------------------
ပေါင်း= ၅၄-ပါး။
ဤစိတ်တို့ကို ကာမဝစရစိတ် ၅၄-ပါးဟုခေါ်သည်။
၂။ရူပါဝစရစိတ် ၁၅-ပါး
ရုပါ ၁၅-ဘုံရှိ ရူပဗြဟ္မာတို့သန္တာန်၌ အဖြစ်များသော စိတ်တို့ကို
ရူပါဝစရစိတ်ဟု ခေါ်သည်။
ထိုစိတ်တို့မှာ
ရူပါဝစရကုသိုလ်စိတ် ၅-ပါး။
ရူပါဝစရဝိပါက်စိတ် ၅-ပါး။
ရူပါဝစရကြိယာစိတ် ၅-ပါး။တို့ဖြစ်ကြသည်။
၃။ အရူပါဝစရစိတ် ၁၂-ပါး
အရူပ ၄-ဘုံရှိ ဗြဟ္မာတို့သန္တာန်၌ အဖြစ်များသောစိတ်တို့ကို
အရူပါဝစရစိတ်ဟု ခေါ်သည်။
ထိုစိတ်တို့မှာ
အရူပါဝစရကုသိုလ်စိတ် ၄-ပါး။
အရူပါဝစရဝိပါက်စိတ် ၄-ပါး။
အရူပါဝစရကြိယာစိတ် ၄-ပါး။တို့ဖြစ်ကြသည်။
၎။လောကုတ္တရာစိတ် အကျဉ်း ၈-ပါး၊ အကျယ် ၄၀
လောကမှ လွန်မြောက်သောစိတ်တို့ကို လောကုတ္တရာစိတ်ဟုခေါ်
သည်။ထိုစိတ်တို့သည် အရိယာ ပုဂ္ဂိုလ် ၈-ယောက်တို့၏ သန္တာန်
၌သာ ဖြစ်ကြသည်။
ထိုစိတ်တို့မှာ အကျဉ်းအားဖြင့်
မဂ်စိတ် ၄-ပါး။
ဖိုလ်စိတ် ၄-ပါ။တို့ဖြစ်ကြသည်။
အကျယ်အားဖြင့်
မဂ်စိတ် ၂၀-ပါး။
ဖိုလ်စိတ် ၂၀-ပါး။တို့ဖြစ်ကြသည်။
၅။စိတ်အကျဉ်း ၈၉-ပါး၊ အကျယ် ၁၂၁-ပါး
(က) ကာမာဝစရစိတ် ၅၄-ပါး။
ရူပါဝစရစိတ် ၁၅-ပါး။
အရူပါဝစရစိတ် ၁၂-ပါး။
လောကုတ္တရာစိတ်
အကျဉ်း ၈-ပါး။
---------------------------------------
ပေါင်း ၈၉-ပါး
(ခ)ကာမာဝစရစိတ် ၅၄-ပါး။
ရူပါဝစရစိတ် ၁၅-ပါး။
အရူပါဝစရစိတ် ၁၂-ပါး။
လောကုတ္တရာစိတ်
အကျဉ်း ၄၀-ပါး။
-------------------------------------
ပေါင်း ၁၂၁-ပါး။
စေတသိတ်အကြောင်း
စေတသိက်ဟူသည် စိတ်ကိုမှီတွယ်၍ စိတ်ကို ခြယ်လှယ်သော
သဘောဖြစ်သည်။ စိတ်သည် တစ်စုံတစ်ရာကို သိခြင်းမျှသာ
ဖြစ်၍ စိတ်ချည်းသက်သက်ဖြင့် အကောင်းအဆိုး မကွဲပြားသေး
ချေ။စေတသိတ်အမျိုးမျိုးနှင့် ပေါးစပ် ခြယ်လှယ်ခြင်း ခံရမှသာ
စိတ်သည် အကောင်းအဆိုး အမျိုးမျိုး ကွဲပြား လာရခြင်းဖြစ်သည်။
ရေတွင် ဆေးနီ၊ ဆေးဝါ၊ ဆေးပြာ အရောင်များပေါင်းစပ်ခြယ်လှယ်
လိုက်လျှင် မူလအရောင် ပျောက်၍ ရေနီ၊ ရေဝါ၊ ရေပြာပြောင်းလဲ
သွားသကဲ့သို့ ဖြစ်သည်။
စေတသိတ် ၅၂-ပါး
၁။သဗ္ဗစိတ္တသာဓာရဏစေတသိက် ရ-ပါး
၁။ဖဿ =တွေ့ထိခြင်း။
၂။ဝေဒနာ =ခံစားခြင်း။
၃။သညာ =မှတ်သားခြင်း။
၎။စေတနာ =နှိုးဆော်တိုက်တွန်းခြင်း။
၅။ဧကဂ္ဂတာ =တည်ကြည်ခြင်း။
၆။ဇီဝိတိနြေ္ဒ =စောင့်ရှောက်၊ အစိုးရခြင်း။
ရ။မနသိကာရ =နှလုံးသွင်းခြင်း။
စိတ်ဖြစ်တိုင်းပါဝင်သောကြောင့် သဗ္ဗစိတ္တသာဓာရဏစေတသိက်
ဟုခေါ်သည်။
၂။ပကိဏ်းစေတသိက် ၆-ပါး
၁။ဝိတက္က = ကြံစည်ခြင်း။
၂။ဝိစာရ = အထပ်ထပ်သုံးသပ်ခြင်း။
၃။အဓိမေက္ခ = ဆုံးဖြတ်ခြင်း။
၎။ဝီရိယ = အားထုတ်ခြင်း။
၅။ပီတိ =နှစ်သက်သဘောကျခြင်း။
၆။ဆန္ဒ = ပြုလိုခြင်း။
ကောင်းသော စိတ်ဆန္ဒအချို့ မကောင်းသော စိတ်အချို့နှစ်မျိုးလုံး၌
ပါဝင်သောကြောင့် ပကိဏ်း စေတသိက်ဟုခေါ်သည်။
သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇-ပါး၊ ပကိဏ်းစေတသိက် ၆-ပါး
ပေါင်း ၁၃-ပါးသော စေတသိက် တို့ကို ကောင်းမှု မကောင်းမှုပြုရာ၌
ပါဝင်သောကြောင့် အညာသမာန်း စေတသိက်ဟုခေါ်သည်။
၃။မကောင်းမှုပြုရာ၌ ပါဝင်သော အကုသိုလ် စေတသိက် ၁၄-ပါး
၁။မောဟ = မသိတတ်ခြင်း။
၂။အဟိရိက = မရှက်တတ်ခြင်း။(မကောင်းမှုပြုရန်)
၃။အနောတ္တပ္ပ = မကြောက်လန့်ခြင်း။(မကောင်းမှုပြုရန်)
၎။ဥဒ္ဓစ္စ = စိတ်ပျံ့လွင့်ခြင်း။
၅။လောဘ = လိုချင်တပ်မက်ခြင်း။
၆။ဒိဋ္ဌိ = မှားမှားယွင်းယွင့် သိမြင်ခြင်း။
၇။မာန =ထောင်လွှားခြင်း။
၈။ဒေါသ = ကြမ်းတမ်းခြင်း။
၉။ဣဿာ = ငြူစူခြင်း၊ မနာလိုခြင်း။
၁၀။မစ္ဆရိယ = သူတစ်ပါးအား မရစေလို ဝန်တိုခြင်း။
၁၁။ကုက္ကုစ္စ =နောင်တတဖန် ပူပန်ခြင်း။
၁၂။ထိန = ထုံထိုင်းခြင်း။
၁၃။မိဒ္ဓ = မှုံမှိုင်းခြင်း။
၁၄။ဝိစိကိစ္ဆာ = ယုံမှားခြင်း။
၎။ကောင်းမှုပြုရာ၌ ပါဝင်သော သောဘဏစေတသိက် ၂၅-ပါး
(က)ကောင်းမှုပြုတိုင်း ပါဝင်သော သောဘဏသာဓာရဏ
စေတသိက် ၁၉-ပါး။
၁။သဒ္ဓါ = ယုံကြည်ခြင်း။
၂။သတိ = အောက်မေ့သတိရခြင်း။
၃။ဟိရိ = ရှက်ခြင်း။(မကောင်းမှုပြုရန်)
၎။သြတ္တပ္ပ = ကြောက်လန့်ခြင်း။(မကောင်းမှုပြုရန်)
၅။အလောဘ = မလိုချင်ခြင်း။
၆။အဒေါသ = မကြမ်းတမ်းခြင်း။
၇။တတြမဇ္ဈတ္တတာ = စေတသိက်တို့ကို အညီအမျှထားခြင်း။
၈။ကာယပဿဒ္ဓိ = စေတသိက်ငြိမ်းချမ်းခြင်း။
၉။စိတ္တပဿဒ္ဓိ = စိတ်ငြိမ်းချမ်းခြင်း။
၁၀။ကာယလဟုတာ = စေတသိက်ပေါ့ပါးခြင်း။
၁၁။စိတ္တလဟုတာ = စိတ်ပေါ့ပါးခြင်း။
၁၂။ကာယမုဒုတာ = စေတသိက်နူးညံ့ခြင်း။
၁၃။စိတ္တမုဒုတာ =စိတ်၏နူးညံ့ခြင်း။
၁၄။ကာယကမ္မညတာ = စေတသိက်၏ခန့်ညားခြင်း။
၁၅။စိတ္တကမ္မညတာ = စိတ်၏ခန့်ညားခြင်း။
၁၆။ကာယပါဂုညတာ = စေတသိက်တို့ကျန်းမာခြင်း။
၁၇။စိတ္တပါဂုညတာ = စိတ်ကျန်းမာခြင်း။
၁၈။ကယုဇုကတာ = စေတသိက်ဖြောင့်မတ်ခြင်း။
၁၉။စိတ္တုဇုကတာ = စိတ်ဖြောင့်မတ်ခြင်း။
(ခ)ဝိရတိ စေတသိက် ၃-ပါး
၁။ သမ္မာဝါစာ=အသက်မွေးမှုမပါဘဲ ဝစီဒုစရိုက် ၄-ပါးမှ ရှောင်ကြဉ်ခြင်း။
၂။သမ္မာကမ္မန္တ=အသက်မွေးမှုမပါဘဲ ကာယဒုစရိုက် ၃-ပါးမှ ရှောင်ကြဉ်
ခြင်း။
၃။သမ္မာအာဇီဝ=အသက်မွေးမှုအတွက် ဝစီဒုစရိုက် ၄-ပါး၊ ကာယဒုစရိုက်
၃-ပါး၊မှရှောင်ကြဉ်ခြင်း။
ဤစေတသိက် ၃-ပါးလုံးကို မကောင်းမှုမှ ရှောင်ကြဉ်သေကြောင့်
ဝိရတီစေတသိက်ဟုခေါ်သည်။
(ဂ)အပ္ပမညာစေတသိက် ၂-ပါး
၁။ကရုဏာ=ဆင်းရဲဒုက္ခရောက်သူများကိုကယ်တင်ကူညီလိုခြင်း။
၂။မုဒိတာ=ချမ်းသာသူများကို မြင်ရကြားရသောအခါ ဝမ်းမြောက်ခြင်း။
ဤစေတသိက် ၂-ပါးလုံးကို အတိုင်းအတာမရှိသော သတ္တဝါများကို အာရုံပြု
၍ဖြစ်သောကြောင့် အပ္ပမညာစေတသိက်ဟုခေါ်သည်။
(ဃ)ပညာစေတသိက် ၁-ပါး
၁။ပညိနြေ္ဒ=ကောင်းမှု မကောင်းမှုကို အမှန်အတိုင်းခွဲခြားသိမြင်ခြင်းဖြစ်သည်။
ထင်ရှားသော စေတသိက်များ
စေတနာ
ကောင်းမှု မကောင်းမှုတို့ကို လုပ်ဖြစ်အောင် တိုက်တွန်းခြင်းသဘောသည်
စေတနာမည်၏။စေတနာအားကောင်းလျှင် စိတ်ထက်သန်သည်။စေတနာ
အားနည်းလျှင် စိတ်ပျော့ညံ့သည်။ကောင်းမှုမကောင်းမှု ပြုလုပ်ရာ၌ မဓာန
အကြောင်းတရားဖြစ်၍ စေတနာကို (ကံ)ဟုလည်းခေါ်သည်။
ဝီရိယ
အားထုတ်ခြင်းသဘောသည် ဝီရိယမည်၏။အလုပ်ကိစ္စဟူသမျှတို့ကိုအောင်
မြင်အောင် ဆောင်ရွက်ရာ၌လုံ့လရှိခြင်း၊ မတွန့်မဆုတ်ခြင်းတို့သည် ဝီရိယ
ပင်ဖြစ်သည်။ွှဤစေတသိက်သတ္တိမပါပဲနှင့် ကြီးကျယ်သောလုပ်ငန်းဆောင်တာ
များကို ပြီးဆုံးပြီးမြောက်အောင် မဆောင်ရွက်နိုင်။
ဆန္ဒ
ကောင်း မကောင်းတစ်စုံတစ်ခုကို ပြုလုပ်လိုမှုသည် ဆန္ဒမည်၏။ွှဤစေတသိက်
သတ္တိမပါဘဲနှင့် ကြီးကျယ်သောလုပ်ငန်းကြီးများကို စတင်၍ မဆောင်ရွက်နိုင်။
မောဟ
အမှန်အတိုင်း မသိခြင်း၊ အမှန်ကို အမှား၊ အမှားကို အမှန်ဟုသိခြင်းသဘောသည်
မောဟမည်၏။ကုသိုလ် အကုသိုလ်တို့ကို ခွဲခြားမသိခြင်းဈ ရုပ်တရား နာမ်တရား
သစ္စာတရားစသည်တို့၏ သဘောမှန်ကို မသိခြင်းသည် မောဟဖြစ်သည်။
အဟိရိက
မကောင်းမှုပြုလုပ်ရန် မရှက်ခြင်းသဘောသည် အဟိရိကမည်၏။အဟိရိကသဘော
ထားရှိသူတို့ကား မကောင်းမှုပြုရဲသည်ကိုပင် ဂုဏ်ယူဖွယ်ဟုမှတ်ထင် တတ်ကြ
လေသည်။
အနောတ္တပ္ပ
မကောင်းမှုပြုလုပ်ရန် မကြောက်လန့်ခြင်းသဘောသည် အနောတ္တပ္ပမည်၏။မကောင်း
မှု၏ဆိုးကျိုးများကို ကြောက်ဖွယ်ဟု မမြင်၍ ရဲရဲတင်းတင်း ပြုလုပ်ဝံ့ခြင်းသည် အနော
တ္တပ္ပသဘောပင် ဖြစ်သည်။
လောဘ
မိမိအတွက် ကာမဂုဏ်အာရုံတို့ကို လိုချင်တပ်မက်မှုသဘောသည် လောဘမည်၏။
လောဘသည် ရလေလိုလေ အိုတစ္ဆေ သဘောဖြစ်ပြီး မည်သည့်အခါမျှ ရောင့်ရဲတင်း
တိမ်မှုမရှိချေ။နိဗ္ဗာန်ကိုလိုချင်းမှု၊ တရားကိုလိုချင်မှု၊ စာပေတတ်ချင်းမှု၊ ဆင်းရဲသူများ
ကိုပေးကမ်းလိုမှုစသည်တို့ကား လောဘမဟုတ် ဆန္ဒသာဖြစ်သည်။
မာယာ
မိမိမှာရှိသော အပြစ်များကို ဖုံးကွယ်လှည့်စားခြင်းသည် မာယာမည်၏။မာယာသည်
လောဘတစ်မျိုးပင်ဖြစ်သည်။
သာဌေယျ
မိမိမှာ မရှိသောဂုဏ်ကို ရှိဟန်ဆောင်တတ်သောသဘောသည် သာဌေယျမည်၏။
သာဌေယျသည်လည်း လောဘတစ်မျိုးပင် ဖြစ်သည်။
ဒိဋ္ဌိ(မိစ္ဆာဒိဋ္ဌိ)
ကောင်းမှုလုပ်လည်း ကောင်းမှုမဖြစ်၊ မကောင်းမှုလုပ်လည်း မကောင်းမှုမဖြစ်ဟု
ကံ ကံ၏အကျိုးကိုမယုံကြည့်ခြင်းည် ဒိဋ္ဌိမည်၏။
ဒေါသ
ခက်ထန်ကြမ်းတမ်းခြင်း သဘောသည် ဒေါသမည်၏။စိတ်ညစ်နွမ်းမှု၊ စိတ်ပျက်မှု
စိတ်မချမ်းသာမှု၊ ကြောက်ရွံ့မှု၊ စိတ်ကောက်မှု စသည်တို့သည်လည်း ဒေါသ၏
သဘောဖြစ်သည်။
ဣဿာ
ငြူစူခြင်း မနာလိုခြင်းသဘောသည် ဣဿာ မည်၏။ သူတစ်ပါးလှကြောင်း၊ ဥစ္စာ
ပေါကြောင်းစသော ဂုဏ်သတင်းစကား ပြောကြားလာလျှင်နားမထောင်လိုခြင်း
ကဲ့ရဲ့ခြင်း၊ မကျေနပ်ခြင်းသည် ဣဿာသဘောများပင် ဖြစ်သည်။
မစ္ဆရိယ
ဝန်တိုခြင်းသဘောသည် မစ္ဆရိယ မည်၏။မိမိပစ္စည်းကိုဖြစ်စေ၊ သူတစ်ပါးပစ္စည်းကို
ဖြစ်စေ၊ မိမိရာထူးစည်းစိမ်အာဏာများကိုဖြစ်စေ၊ အခြားသူတို့အားမရစေလိုသော
သဘောသည် မစ္ဆရိယသဘောဖြစ်သည်။
သဒ္ဓါ
ဘုရား တရား သံဃာနှင့် ကံ ကံ၏အကျိုးတို့ကို ယုံကြည်ခြင်းသဘောသည် သဒ္ဓါ
မည်၏။
သတိ
ကုသိုလ် ကောင်းမှုဆိုင်ရာများကို အောက်မေ့ခြင်း၊ အမှတ်ရနေခြင်းသဘောသည်
သတိမည်၏။
ဟိရီ၊ သြတ္တပ္ပ
မကောင်းမှုပြုရန် မရှက်ခြင်းသည် ဟိရီမည်၏။မကောင်းမှုပြုလုပ်ရန် ကြောက်လန့်
ခြင်းသည် သြတ္တပ္ပမည်၏။ဤတရားနှစ်ပါးကို ကမ္ဘာစောင့်တရား(လောကစောင့်
တရား)ဟုခေါ်လေသည်။ဤကမ္ဘာစောင့်တရားနှစ်မျိုးရှိထားမှကိုယ်ကျင့်သီလ တည်
နိုင်သည်။
အလောဘ
မလိုချင်၊ မတတ်မက်ခြင်း သဘောသည် အလောဘမည်၏မိမိပစ္စည်းဥစ္စာကိုစွန့်လွှတ်
၍ လှူဒါန်းပေးကမ်းခြင်းသဘောသည် အလောဘ သဘောဖြစ်သည်။
အဒေါသ
မကြမ်းတမ်းခြင်း၊ စိတ်မဆိုးခြင်း၊ ခွင့်လွှတ်ခြင်း၊ သဘောသည် အဒေါသမည်၏။သတ္တဝါ
တို့အားကြီးပွားချမ်းသာစေလိုသော သဘောသည် အဒေါသမည်၏။သတ္တဝါတို့အား
ကြီးပွားချမ်းသာစေလိုသော မေတ္တာဟူသည် ဤအဒေါသပင်ဖြစ်သည်။
အမောဟ(သမ္မာဒိဋ္ဌိ)
အမှန်ကို အမှန်အတိုင်း၊ အမှားကို အမှားအတိုင်းထိုးထွင်း၍ သိမြင်ခြင်းသဘောသည်
အမောဟမည်၏။
ပညိနြေ္ဒ(ပညာ)စေတသိက်ဟူသည် ဤအမောဟပင်ဖြစ်သည်။
ဆက်ရန်ရှိသည်....................
Subscribe to:
Post Comments (Atom)
ဆက်ရန်လေး လုပ်ပါဦး
ReplyDeleteဆက်ရန်လေး တင်ထားပြီးပြီလားခင်ဗျာ
ReplyDelete