"စာဝင်ဖတ်သူဓမ္မမိတ်ဆွေအပေါင်းအာ3း48ဓမ္မဘလော့ဒ်မှနွေးထွေးစွာကြိုဆိုပါ၏"

"စာဝင်ဖတ်သူဓမ္မမိတ်ဆွေအပေါင်းအာ3း48ဓမ္မဘလော့ဒ်မှနွေးထွေးစွာကြိုဆိုပါ၏"

Wednesday, November 21, 2012

'စွန်းလွန်းဆရာတော်ဘုရားကြီး ဘဒ္ဒ န္တက၀ိ ထေရုပ္ပတ္တိအကျဉ်းချုပ်'

ဘ၀နတ်ထံပျံလွန်သွားသည် မှာ နှစ်ပေါင်း(၆၀)ကျော်ခဲ့ပြီဖြစ် သော်လည်းယနေ့တိုင်မည်သည့် ဆေးဝါးအကူအညီမျှမပါ မပုပ် မသိုးဘဲ ပကတိအတိုင်းရှိနေသည့်  စွန်းလွန်းဆရာတော်ဘုရားကြီး    ဦးက၀ိ ရုပ်ကလာပ်တော်






စွန်းလွန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တက၀ိသည် မြင်းခြံမြို့နယ် စွန်းလွန်းရွာကြီးတွင် ၁၂၃၉-ခု၊ တပေါင်းလဆန်း ၂-ရက်၊ ( ၄-၃-၁၈၇၈ ) တနင်္လာနေ့တွင် ဖွားမြင်တော်မူခဲ့ပါသည်။ ခမည်းတော် ဦးသန့်+မယ်တော် ဒေါ်တုတ် တို့ဖြစ်သည်။ အမည်မှာ မောင်ကျော်ဒင် ဖြစ်သည်။

မောင်ကျော်ဒင်သည် အရွယ်ရောက်သောအခါ တရွာတည်းနေ မရွှေရည်နှင့် သင့်မြတ်သည်။ သားသမီး ၅-ယောက် ထွန်းကားသည်။ ၀မ်းရေးအတွက် လယ်ယာအလုပ်ကို လုပ်ကိုင်သည်။ တနေ့တွင် ဦးကျော်ဒင်၏ အိမ်ရှေ့၌ မဏ္ဍပ်ထိုး၍ ဘုရားပင့်၊ ၀တ်တက် ပြုလုပ်ကြသည်။ ထိုစဉ် မိတ်ဆွေဖြစ်သူ စတီးဘရားသားစက်မှ စာရေးကြီးဦးစံတင်နှင့် စကားလက်ဆုံကျရင်း လယ်တီဆရာတော်ဘုရားကြီး၏ အာနာပါနအကြောင်းကို ပြောဆိုဆွေးနွေးမိကြသည်။ ဦးကျော်ဒင်က စာမတတ်ဘဲ တရားအားထုတ်၍ ရသလား-ဟု မေးသည်။ ဦးစံတင်က စာတတ်ဖို့ လိုရင်းမဟုတ်၊ သဒ္ဓါနှင့် ၀ီရိယသာ လိုရင်း-ဟု ပြောပြသည်။ ထိုအခါ ဦးကျော်ဒင်သည် အိမ်ဘေးအဖီတွင် အာနာပါနကို စတင်အားထုတ်သည်။ ထို့နောက် အိမ်၌သော်၎င်း၊ မောင်ရင်ပေါ် ချောက်ထဲ၌သော်၎င်း၊ သဒ္ဓါ ၀ီရိယ သန်သန်ဖြင့် အဆက်မပြတ် အားထုတ်ခဲ့သည်။

၁၂၈၂-ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၅-ရက် ( ၁-၉-၁၉၂၀ ) တွင် လယ်ထွန်ရာမှ နွား ၂-ကောင်နှင့် ထွန်တုံးကို ဖြုတ်၍ထားခဲ့ကာ ဘုန်းတော်ကြီး ဦးဝီရိယထံတွင် ကိုရင်ကြီးဝတ်သည်။ ရှင်က၀ိ ဘွဲ့ကို ခံယူခဲ့သည်။ ၁၂၈၂-ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂-ရက် ( ၄-၄-၁၉၂၁ ) သက်တော် ၄၃-နှစ်တွင် မိတ္ထီလာမြို့ ရေလယ်ကျောင်းတိုက်၌ ရဟန်းဝတ်သည်။ တရားကို အဆက်မပြတ် အားထုတ်ရာ ကမ္မဋ္ဌာနာစရိယ ဆရာကြီးတပါးအဖြစ်သို့ ရောက်တော်မူခဲ့သည်။

ဆရာတော်ဘုရားကြီးသည် ၃၂-နှစ်တိုင် တပည့်ပေါင်းများစွာအား စွန်းလွန်းဝိပဿနာရှုနည်းတရားကို ညွှန်ပြတော်မူပြီးနောက် ၁၃၁၄-ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉-ရက်နေ့ ( ၁၇-၅-၁၉၅၂ ) သက်တော် ၇၆-တွင် မြင်းခြံမြို့ စွန်းလွန်းဂူကျောင်း၌ ပျံလွန်တော်မူခဲ့သည်။


ဘ၀နတ်ထံပျံလွန်သွားသည် မှာ နှစ်ပေါင်း(၆၀)ကျော်ခဲ့ပြီဖြစ် သော်လည်းယနေ့တိုင်မည်သည့် ဆေးဝါးအကူအညီမျှမပါ မပုပ် မသိုးဘဲ ပကတိအတိုင်းရှိနေသည့်  စွန်းလွန်းဆရာတော်ဘုရားကြီး    ဦးက၀ိ ရုပ်ကလာပ်တော်နှင့်ပတ် သက်၍ အနယ်နယ်အရပ်ရပ်မှ  ဘုရားဖူးဧည့်သည်များ အထူး ကြည်ညိုစိတ်ဝင်စားကြသကဲ့သို့   ပြည်ပနိုင်ငံများမှ ဧည့်သည်များ ကလည်း ဆရာတော်ကြီး၏ မပုပ် မသိုးရုပ်ကလပ်တော်အား အထူး စိတ်ဝင်စားကြောင်း စွန်းလွန်းဂူ ကျောင်း တာဝန်ရှိသူတစ်ဦးက     ပြောကြားသည်။
““ဆရာတော်ကြီးက သက် တော်(၇၅) ၀ါတော်(၂၈)မှာ ပျံ လွန်တော်မူခဲ့တာပါ။လက်ရှိဒီမှာ   ထားရှိ ပူဇော်တာကတော့ နှစ် (၆၀)ကျော်ပါပြီ။အနယ်နယ်အရပ်  ရပ်က လူတွေ ဆရာတော်ကြီးရဲ့   ရုပ်ကလာပ်ကို လာရောက်ဖူးမျှော်  ကြည်ညိုကြသလို ပြည်တွင်းက   ခရီးသွားကုမ္ပဏီတွေရဲ့အစီအစဉ်    နဲ့မြင်းခြံကိုရောက်လာတဲ့ နိုင်ငံခြား ဧည့်သည်တွေကလည်း ဆရာ တော်ကြီးရဲ့မပုပ်မသိုးတဲ့ ရုပ်က လာပ်တော်ကို အံဖွယ်တစ်ခုလို  အရမ်းစိတ်ဝင်စားကြပါတယ်””ဟု  စွန်းလွန်းကျောင်းတာဝန်ရှိသူ ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြော ကြားသွားသည်။
ဆရာတော်ကြီး၏ ရုပ်က လာပ်တော်အား လာရောက်လေ့ လာသည့် UK နိုင်ငံသား မစ္စတာ    ဘင်းဒရစ်အားHot News သတင်းထောက်က ဆရာတော် ကြီးရုပ်ကလပ်နှင့်ပတ်သက်၍မေး မြန်းကြည့်ရာ ““ထူးခြားတဲ့အံ့သြ  ဖွယ်ရာတွေ ကမ္ဘာမှာအများကြီး ရှိပါတယ်။အဲဒီထဲကမှ မြန်မာပြည် မှာက သဘာဝနဲ့ဆန့်ကျင်တဲ့ သူ တော်စင်၊သူတော်မြတ်တွေရဲ့ဆေး အကူအညီမပါတဲ့၊မြွပုပ်တဲ့ရုပ်က လာပ်တွေ အံ့သြဖွယ်ရာ တွေ့ရ ပါတယ်။ဒီလိုမျိုးတွေကိုကျွန်တော်      တို့အနေနဲ့မှတ်တမ်းယူပြီး ကမ္ဘာ  မှာပြန် Share မှာပါ””ဟု ပြော ကြားသွားသည်။
စွန်းလွန်းဆရာတော်ဘုရား ကြီးအား အဘဦးသန့်၊အမိဒေါ်  တုတ်တို့မှ မြန်မာသက်္ကရာဇ် ၁၂၃၉    ခုနှစ် တပေါင်းလဆန်း(၂)ရက်၊ တနင်္လာနေ့နံနက်(၃)နာရီတွင် ဖွားမြင်ခဲ့ပြီး သာသနာ့ဘောင်သို့ ၀င်ပြီးနောက် ၁၂၈၂ခုနှစ် ၀ါဆို လပြည့်ကျော် (၁၃)ရက်၌ ပထမ   တရားထူး၊၁၂၈၂ခုနှစ် ၀ါခေါင်လ ပြည့်ကျော်(၁၃)ရက်၌ ဒုတိယ တရားထူး၊၁၂၈၂ခုနှစ် တော်သလင်း     လပြည့်ကျော် (၁၃)ရက်၌ တတိ ယ တရားထူးနှင့် ၁၂၈၂ခုနှစ် သီတင်းကျွတ်လပြည့် (၁၃)ရက်၌   စတုတ်္ထတရားထူးများကို ရရှိတော် မူခဲ့ပြီး ၁၃၁၄ခုနှစ် ကဆုန်လပြည့်   ကျော်(၉)ရက် စနေနေ့ ညနေ  (၄း၄၅)အချိန်၌ ပရိနိဗ္ဗာန်ပြု တော်မူခဲ့သည်။

မူရင်း- https://sites.google.com/a/thuthusan.net/dhamma/biography/swunloon and http://nitsannthit.com/44871?frame

No comments:

Post a Comment