မေး..........ဘုရားအလောင်းတောင် ကလေးတစ်ယောက်ရမှတောထွက် ရဟန်းပြုခြင်း
ဖြစ်သည်။ထို့ကြောင့် အိမ်ထောင်ပြု၊ သားမွေး၊ လူ့ဘဝတာဝန်ကျေမှ ရဟန်းဝတ်သင့်
သည်၊ သီလရှင်ဝတ်သင့်သည်ဟူသောစကားကို အမှန်ဟု ယူသင့်၊ မယူသင့်ရှင်းပြပါ
ဘုရား။
ဖြေ...........အမှန်ဟု မယူသင့်ပါ။အကြောင်းကား ဘုရားဟောမဟုတ်သော စကားတစ်
ခွန်းကို အခြေခံကာ ပြောထားသောကြောင့်ဖြစ်သည်။ဘုရားအလောင်းများ အိမ်ထောင်ပြု
ကလေးရပြီးမှ တောထွက်ခြင်းသည် ဘုရားဟူသည် ကောင်းကင်ကလာခြင်းမဟုတ်၊ လူ့
ဘဝကလာခြင်းသာဖြစ်ကြောင်း ထင်ရှားလို၍ဖြစ်သည်။
ဗုဒ္ဓဘာသာဝင်များ လောကတွင် ဘုရားဟော မဟုတ်ဘဲ၊ တွင်တွင်ကျယ်ကျယ် လက်ခံထား
သောစကားတစ်ခွန်းရှိသည်။ထိုစကားကား-
ပထမအရွယ်မှာ ပညာရှာ
ဒုတိယအရွယ်မှာ ဥစ္စာရှာ
တတိယအရွယ်မှာ တရားရှာ
ဟူ၍ဖြစ်၏။တတိယအရွယ်ထိ နေရပါမည်ဟူ၍ မည်သူက အာမခံနိုင်ပါမည်နည်း။ပထမအရွ
ယ်ကတည်းက ပညာနှင့်အတူ တရားကို ရှာနိုင်လျှင် ပို၍ကောင်း၏။တရားဟူသည် အလုပ်
ပျက်၊ အကိုင်ပျက်ဖြစ်အောင် ရှာရသည်မဟုတ်ပေ။ တစ်ရက်လျှင်တစ်ကြိမ်၊ ည ၈နာရီမှ ၉
နာရီထိ ဝိပဿနာတရားခွေတစ်ခွေခန့် နာကြားနေမည်ဆိုလျှင် ပညာ၊ ဥစ္စာနှင့်အတူ တရား
ကိုပါ ရှာပြီးသားဖြစ်သွားပေမည်။
တရားရှိထားသည့်အတွက် ပညာရှာရာတွင်လည်းကောင်း၊ ဥစ္စာရှာရာတွင်လည်းကောင်း၊သန့်
ရှင်းစွာ ရှာဖွေတော့မည်ဖြစ်သည်။မတရားသောနည်းဖြင့် ရှာတော့မည်မဟုတ်။ဤကားပထမအ
ရွယ်မှာတရားရှာရခြင်း၏ ပထမဆုံးကောင်းကျိုးပင်ဖြစ်၏။တရားသည် ဉာဏ်ပညာအရာသာဖြစ်
၏။ ဉာဏ်မရှိလျှင် မဂ်ဖိုလ် ကိုမရနိုင်ပေ။
မဂ်ဖိုလ်မရအောင်တားသော အန္တရယ်ငါးမျိုးတွင် ဒွိဟိတ်ပုဂ္ဂိုလ်ဖြစ်ခြင်းသည် အန္တရာယ်တစ်ခုအ
နေနဲ့ ပါဝင်ပေသည်။ဒွိဟိတ်ပုဂ္ဂိုလ်ဟူသည် မိခင်ဝမ်းတွင် ပဋိသန္ဓေ နေစဉ်ကတည်းက ဉာဏ်ပညာ
ပါမလာသူပင်ဖြစ်သည်။ဗုဒ္ဓလက်ထက်က ကုဋေရှစ်ဆယ်စီကြွယ်ဝသော သူဌေးသမီးနှင်း သူဌေးသား
ကိုပေးစားလိုက်ကြသည်။
အံ့သြစရာကေင်းသည်ကား ထိုနှစ်ယောက်သည် စာပေပညာမှစ၍ မည်သည့်အသက်မွေးဝမ်းကျောင်း
ပညာမှ မတတ်မြောက်ကြခြင်းပင်ဖြစ်၏။ထို့ကြောင့်သုံးရင်း၊ ဖြုန်းရင်း၊ သောက်ရင်း၊ စားရင်းပင်မွဲ
ပြာကျသွားခဲ့သည်။တတိယအရွယ် အသက်၇၀ ကျော်ခန့်အချိန်တွင်ကား ခွက်လက်စွဲကာတောင်း
စားရသော ဘဝသို့ရောက်ရှိသွားသည်။တစ်ခါတွင် သူတို့နှစ်ယောက်သည် ဘုရားကျောင်းတော်
ရှေ့တွင်ဆွမ်းကျန် ဟင်းကျန်များကို အခြား သူတောင်းစားများနှင့် အတူလာ၍ တောင်းယူနေကြသည်။
ဘုရားရှင်သည် ထိုလင်မယားကိုကြည့်၍ ယခုလိုမိန့်ကြားတော်မူသည်။ ထိုလင်မယားသည် ပထမ
အရွယ်တွင် ဥစ္စာကိုရှာဖွေအံ့၊၊ ပထမတန်းစား သူဌေးကြီးဖြစ်မည်။တရားကိုရှာဖွေအံ့လင်ကရန္တာဖြစ်
ပြီး၊ မယားက အနာဂါမ်ဖြစ်မည်။ ဒုတိယ အရွယ်တွင် ဥစ္စာကို ရှာဖွေအံ့၊ ဒုတိယတန်းစားသူဌေးကြီး
ဖြစ်မည်။တရားကိုရှာဖွေအံ့ လင်က အနာဂါမ်ဖြစ်ပြီး၊ မယားက သကဒါဂါမ်ဖြစ်မည်။
ပထမအရွယ်မှာ တရားရှာ
တတိယအရွယ်တွင် ဥစ္စာရှာက တတိယတန်းစား သူဌေးကြီးဖြစ်မည်။တရားကိုရှာဖွေအံ့ လင်က
သကဒါဂါမ်ဖြစ်၍၊မယားက သောတပန်ဖြစ်မည်။သို့သော် သူတို့သည် အရွယ်သုံးပါးလုံးကို ပျော်ပါး
သောက်စားခြင်းဖြင့် သုံးဖြုန်းပစ်ခဲ့ကြသည်။ထို့ကြောင့် ယခုအခါတွင် ဥစ္စာလည်းမရ၊ တရားလည်းမရ
သောဘဝဖြင့် ဒုက္ခရောက်ကြရသည်။
ဤဟောကြားချက်ကိုထောက်၍ ဉာဏ်စဉ် ပထမအရွယ်ကတည်းက တရားကိုရှာဖွေက မဂ်ဖိုလ်ကို
အဆင့်မြင့်မြင့် ရရှိနိုင်ကြောင်း သိနိုင်၏။ဤဟောကြားချက်၍၌ သူဌေးကြီးသည်-
ပထမအရွယ် တရားရှာက ရဟန္တာဖြစ်မည်။
ဒုတိယအရွယ်တရားရှာက အနာဂါမ်ဖြစ်မည်။
တတိယအရွယ်တရားရှာက သကဒါဂါမ်ဖြစ်မည်။
သူဌေးကတော်ကြီးသည်
ပထမအရွယ် တရားရှာက အနာဂါမ်ဖြစ်မည်။
ဒုတိယအရွယ်တရားရှာက သကဒါဂါမ်ဖြစ်မည်။
တတိယအရွယ်တရားရှာက သောတာပန်ဖြစ်မည်။
ဤဒေသနာ ညွှန်ကြားချက်အတိုင်း ပထမအရွယ်ကတည်းက တရားရှာသင့်ကြောင်း သိအပ်ပေသည်။
ဉာဏ်ထိုင်းသော အ၇ွယ်ရောက်မှ တရားရှာလျှင် တရားရဖို့ မလွယ်တော့ပေ။ရလျှင်လည်း အဆင့်
အနိမ့်ဆုံး မဂ်ဖိုလ်ကိုသာ ရနိုင်သည်။ ပထမအရွယ်ကတည်းက တရားရှာကြပါလေ။..........................
အရှင်ဇဝန (မေတ္တာရှင် ရွှေပြည်သာ)
No comments:
Post a Comment