"စာဝင်ဖတ်သူဓမ္မမိတ်ဆွေအပေါင်းအာ3း48ဓမ္မဘလော့ဒ်မှနွေးထွေးစွာကြိုဆိုပါ၏"

"စာဝင်ဖတ်သူဓမ္မမိတ်ဆွေအပေါင်းအာ3း48ဓမ္မဘလော့ဒ်မှနွေးထွေးစွာကြိုဆိုပါ၏"

Monday, December 3, 2012

စိတ်ဝင်စားဖွယ်ကောင်းသော ဓမ္မအမေးအဖြေများ(အရှင်ဇဝန မေတ္တရှင်ရွှေပြည်သာ)၁


သရဏဂုံကောင်းကျိုးနှင့် သံသယ

မေး.......အရှင်ဘုရားတပည့်တော်သည် ဆရာတော်၏တရားများအား
အမြဲနားထောင်နေသော ဒကာဖြစ်ပါသည်။အရှင်ဘုရား တပည့်တော်တွင်
မေးစရာမေးခွန်း မဖြစ်ခဲ့ဖူးပါ။တပည့်တော်သည် ဆရာတော်ဟောကြား
သော သူတော်စင်တို့ရဲ့စိတ်ထား တရားတော်နှင့် အပါယ်တံခါးပိတ် တရား
တော်တို့အား နှစ်သက်ပါတယ်ဘုရား။ ဆရာတော်အားလေးစားကြည်ညိုသူ
တစ်ယောက်ပါဘုရား။

တပည့်တော်၏ မေးခွန်းဖြစ်ပေါ်လာပုံကတော့ အခန်းဖော်အား တပည့်တော်
ဖွင့်သော တရားတော်များကိုကြိုက်ပါသလားဟုမေးသောအခါ သူက မဖြစ်
နိုင်တာပါနေတယ် ဟုပြောပါတယ်ဘုရား။သရဏဂုံ တစ်ဘဝတည်ရုံနဲ့ ၉၁
ကမ္ဘာ အပါယ်တံခါးပိတ်တာ မဖြစ်နိုင်ဘူး။နောက်ဘဝတစ်ခုခုမှာ အကုသိုလ်
လုပ်မယ်ဆိုရင် အပါယ်တံခါးပိတ်နိုင်ပါ့မလားဟု ပြောပါသည်ဘုရား။
တပည့်တော် - မျိုးဇော်ထွဋ်(ရုရှား)


ဖြေ........အပါပါန်ပါဠိတော်၌ လာရှိသော တိသရဏဂမနိယမထေရ် အ
ကြောင်းကိုစောဒက တက်ထားခြင်းဖြစ်သည်။ထိုမထေရ်သည် ဘဝတစ်ခုက
သရဏဂုံသုံးပါး တစ်သက်လုံးတည်ခဲ့၏။ထိုကုသိုလ်ကြောင့်-
၉၁-ကမ္ဘာ အပါယ်တံခါးပိတ်သည်။
အကြိမ် ၈၀-သိကြားမင်းဖြစ်သည်။
၇၅-ကြိမ် စကြာမင်းဖြစ်သည်။
ရိုးရိုးဧကရာဇ်ဘုရင် ဘဝအကြိမ်များစွာဖြစ်သည်။

ယခုဘုရားသာသနာတွင် ရဟန်းတစ်ပါးထံ၌ သရဏဂုံဆောက်တည်ရင်း
ရဟန္တာဖြစ်ခဲ့ရသည်။မေးခွန်းထုတ်သူက ဘဝတစ်ခုခုမှာ အကုသိုလ်လုပ်လျှင်
အပါယ်မကျနိုင်ဘူးလားဟု မေးခဲ့သည်။အပါယ်ကျလောက်သည့် အကုသိုလ်
လုပ်လျှင် အပါယ်ကျမည်သာဖြစ်သည်။ထို ၉၁-ကမ္ဘာအတွင်း အပါယ်ကျ
လောက်သည့် အကုသိုလ်မလုပ်ခဲ့သောကြောင့် အပါယ်မကျခြင်းဖြစ်သည်။
ထိုသို့ ပြောခဲ့သူ ကာယကံရှင်မှာ ရဟန္တာ ကိုယ်တော်တိုင်ဖြစ်သည်။

ရဟန္တာဟူသည်တဏှာ၊လောဘ မရှိတော့သောကြောင့်ကြွားဝါချင်သည့်စိတ်
မရှိသည်မှာ သေချာပါသည်။ဗုဒ္ဓဝါဒသည် ဝေဖန်ပိုင်းခြားရသည့် ဝိဘဇ္ဇဝါဒ
ဖြစ်သောကြောင့် ယုံကြည့်၍ရသလို၊ မယုံကြည်ဘဲလည်း နေနိုင်ပါသည်။
တစ်ခုရှိသည်မှာ ဟောကြားချက်ကို ယုံကြည်ပြီး သရဏဂုံတည်မြဲသည့်အ
တွက်ကောင်းကျိုးသာရနိုင်သည်။ဆိုးကျိုးမရနိုင်။

မယုံကြည်သည့်အတွက် သရဏဂုံမတည်မြဲလျှင် ဆိုးကျိုးသာရနိုင်ပြီး၊
ကောင်းကျိုးမရနိုင်သည့်ကိုကား သတိပြုသင့်သည်။ နောက်ဘဝရှိသည်ကို
ယုံသူနှင့်မယုံသူနှစ်ဦးတို့တွင် ယံသူက အမြတ်ထွက်ပြီး၊ မယုံသူက အရှုံးထွက်
သကဲ့သို့ပင်ဖြစ်သည်။

နောက်ဘဝရှိသည်ကို မယုံသူသည် ကုသိုလ်ကောင်းမှုကို မလုပ်တော့ဘဲ၊
အကုသိုလ်အလုပ်ကိုသာ လုပ်တော့မည်ဖြစ်သည်။ ထိုအခါ ပစ္စက္ခဘဝမှာပင်
ပညာရှိသူတော်ကောင်းတို့၏ ကဲ့ရဲ့ရှုတ်ချမှုကို ခံရသည်။သေသည်၏ အခြားမဲ့
၌ နောက်ဘဝမရှိလျှင် တော်သေး၏။အကယ်၍ နောက်ဘဝရှိခဲ့မည်ဆိုလျှင်ငရဲ
သို့ ကျရောက်ရမည်ဖြစ်၍ သံသရာမှာပါ နစ်နာဆုံးရှုံးသည်။

နောက်ဘဝရှိသည်ကို ယုံကြည်သောသူသည် ကုသိုလ်ကောင်းမှုကို ပို၍လုပ်ဖြစ်
သဖြင့် ယခုဘဝမှာပင် ပညာရှိသူတော်ကောင်းများ၏ ချီးမွမ်းမှုကိုခံရသည်။သေ
သည်၏အခြားမဲ့၌ နောက်ဘဝမရှိလျှင် သူ့အတွက် ဘာမျှကိစ္စမရှိ။နောက်ဘဝရှိ
ခဲ့လျှင်ကား ကုသိုလ်ကောင်းမှုများကို ပြုလုပ်ခဲ့သောကြောင့်ကောင်းကျိုးချမ်းသာ
ကိုခံစားရမည်။

ဆိုလိုသည်မှာ နောက်ဘဝကိုယုံကြည်သူအတွက်ပစ္စက္ခရော၊ သံသရာပါဆိုးကျိုး
မရှိ၊ ကောင်းကျိုးသာရှိကြောင်း သိစေလိုရင်းဖြစ်၏။တိသရဏဂမနိယမထေရ်အ
ကြောင်း ယုံကြည်သူနှင့်မယုံကြည်သူအတွက်လည်း အထက်ပါအတိုင်း နည်းမှီသိ
အပ်ပါ၏။

No comments:

Post a Comment