"စာဝင်ဖတ်သူဓမ္မမိတ်ဆွေအပေါင်းအာ3း48ဓမ္မဘလော့ဒ်မှနွေးထွေးစွာကြိုဆိုပါ၏"

"စာဝင်ဖတ်သူဓမ္မမိတ်ဆွေအပေါင်းအာ3း48ဓမ္မဘလော့ဒ်မှနွေးထွေးစွာကြိုဆိုပါ၏"

Tuesday, November 6, 2012

'၃၈ ဖြာ မင်္ဂလာ'


၁။ ပေါင်းသင်းဆက်ဆံရေး မင်္ဂလာတရား ၃-ပါး

၁။ အသေ၀နာစ ဗာလာနံ=လူဆိုးလူမိုက်ကို မမှီဝဲမပေါင်းသင်းရခြင်း
၂။ ပဏ္ဍိတာနဉ္စ သေ၀နာ =ပညာရှိလူလိမ္မာကို မှီဝဲပေါင်းသင်းရခြင်း
၃။ ပူဇာစ ပူဇနေယျာနံ =ပူဇော်ထိုက်သော သူတို့ကိုပူဇော်ရခြင်းဧတံမင်္ဂလမုတ္တမံ =ဤသုံးပါးသည် မြတ်သောမင်္ဂလာမည်၏။

၂။နေရေးထိုင်ရေးမင်္ဂလာတရား ၃-ပါး

၎။ ပတိရူပ ဒေသ၀ါသော စ=သင့်လျော်သောအရပ်၌နေရခြင်း
၅။ ပုဗ္ဗေစ တကပုညဘာ =ရှေး၌ပြုဖူးသော ကောင်းမှုအထူးရှိခြင်း
၆။ အတ္တသမ္မာပဏိဓိ စ =မိမိ၏ကိုယ်စိတ်နှစ်ပါးကို စောင်ထိန်းခြင်းဧတံမင်္ဂလမုတ္တမံ =ဤသုံးပါးသည် မြတ်သောမင်္ဂလာမည်၏။

၃။ သင်ကြားရေးမင်္ဂလာတရား ၄-ပါး

၇။ ဗာဟုသစ္စဉ္စ =လောကီလောကုတ် အကြားအမြင်များခြင်း
၈။ သိပ္ပဉ္စ =စက်မှုလက်မှုအတတ်တို့ကို တတ်ရခြင်း
၉။ဝိနယောစသူသိက္ခိတော=လူနှင့်ဆိုင်ရာကျင့်ဝတ်များကိုကောင်းစွာ သင်ကြား နားလည်ခြင်း
၁၀။ သုဘာသိတာစ ယာဝါစ=အပြောအဆိုချိုသာယဉ်ကျေးခြင်းဧတံမင်္ဂလမုတ္တမံ =ဤလေးပါးသည် မြတ်သောမင်္ဂလာမည်၏။

၎။ ပြုစုရေးမင်္ဂလာတရား ၃-ပါး

၁၁။ မာတာပီတု ဥပဋ္ဌာနံ =မိဘ ၂ပါးကို လုပ်ကျွေးပြုစုခြင်း
၁၂။ ပုတ္တဒါရဿ သင်္ဂဟော =သားမယားတို့ကို တရားနှင့်အညီလုပ်ကျွေးခြင်း
၁၃။ အနာကုလာစ ကမ္မန္တာ =အနှောက်အရှက်ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်းဧတံမင်္ဂလမုတ္တမံ =ဤသုံးပါးသည် မြတ်သောမင်္ဂလာမည်၏။

၅။ လိုက်နာကျင့်သုံးရေးမင်္ဂလာတရား ၄-ပါး

၁၄။ ဒါနဉ္စ =စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း
၁၅။ ဓမ္မစရိယာ =သုစရိုက်တရားကိုကျင့်ခြင်း
၁၆။ ဥာတကာနဉ္စသင်္ဂဟော =ဆွေမျိုးတို့အား ထောက်ပံ့ကူညီခြင်း
၁၇။ အန၀ဇ္ဇာနိ ကမ္မာနိ =အပြစ်ကင်းသော အမှုတို့ကိုပြုရခြင်းဧတံမင်္ဂလမုတ္တမံ =ဤသုံးပါသည် မြတ်သောမင်္ဂလာမည်၏။

၆။ ရှောင်ကြဉ်ရေးမင်္ဂလာတရား ၄-ပါး

၁၈။ အာရတီ =မကောင်းမှုမဖြစ်အောင် စိတ်ဖြင့်ရှောင်ခြင်း
၁၉။ ၀ိရတီပါပါ =မကောင်းမှုမဖြစ်အောင် ကိုယ်နှုတ်ဖြင့် ရှောင်ခြင်း
၂၀။ မဇ္ဇပါနာစ သံယမော =မှုးယစ်သေစာ မသောက်စားခြင်း
၂၁။ အပ၌မာဒေါစ ဓမ္မေသု =ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်းဧတံမင်္ဂလမုတ္တမံ =ဤလေးပါးသည် မြတ်သောမင်္ဂလာမည်၏။

ရ။ စိတ်ထားရေးမင်္ဂလာတရား ၅-ပါး

၂၂။ ဂါရဝေါစ = ရိုသေထိုက်သောသူတို့ကို ရိုသေရခြင်း
၂၃။ နိဝါတောစ =မိမိကိုယ်ကို နှိမ်ချရခြင်း
၂၄။ သန္တုဋ္ဌိစ =ရောင့်ရဲလွယ်ခြင်း(လောဘအပိုအလိုမလိုက်ခြင်း)
၂၅။ ကတညုတာ =သူတစ်ပါးကျေးဇူးကိုသိခြင်း၂၆။ ကာလေနဓမ္မဿဝနံ =သင့်လျော်သောအခါ တရားနာခြင်းဧတံမင်္ဂလမုတ္တမံ =ဤငါးပါးသည် မြတ်သောမင်္ဂလာမည်၏။

၈။ သည်ခံရေးမင်္ဂလာတရား ၄-ပါး

၁၇။ ခန္တီစ =သည်းခံရခြင်း
၂၈။ သောဝစ္စဿတာ =ဆုံးမလွယ်ရခြင်း
၂၉။ သမဏာနဉ္စဒဿနံ =ရဟန်းသံဃာတို့အား ဖူးမျှော်ရခြင်း
၃၀။ ကာလေနဓမ္မသာကစ္ဆာ =သင့်လျော်သောအခါ တရားဆွေးနွေးခြင်းဧတံမင်္ဂလမုတ္တမံ =ဤလေးပါးသည် မြတ်သောမင်္ဂလာမည်၏။

၉။ခြိုးခြံချွေတာရေးမင်္ဂလာတရား ၄-ပါး

၃၁။ တပေါစ =ခြိုးခြံချွေတာခြင်း
၃၂။ ဗြဟ္မရိယဉ္စ =မြတ်သောအကျင့်ကို ကျင့်ခြင်း(မေထုန်မှရှောင်ခြင်း)
၃၃။ အရိယာသစ္စာနဒဿနံ =သစ္စာလေးပါးကို သိခြင်း
၃၄။ နိဗ္ဗာန သစ္ဆိကိရိယာစ =နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းဧတံမင်္ဂလမုတ္တမံ =ဤလေးပါးသည် မြတ်သောမင်္ဂလာမည်၏။

၁၀။ စိတ်ထားခိုင်ခံ့ရေးမင်္ဂလာတရား ၄-ပါး

၃၅။ ဖုဋ္ဌဿနကမ္ပတိ =လောကဓံတရားနှင့် တွေ့ကြုံသောအခါ၊
၃၆။ အသောကံ =မစိုးရိမ်ခြင်း၃၇။ ၀ိ၇ဇံ =ကိလေသာမြူကင်းခြင်း
၃၈။ ခေမံ =ဘေးကင်းခြင်းဧတံမင်္ဂလမုတ္တမံ =ဤလေးပါးသည် မြတ်သောမင်္ဂလာမည်၏။

By မြတ်စေတနာ

No comments:

Post a Comment