"စာဝင်ဖတ်သူဓမ္မမိတ်ဆွေအပေါင်းအာ3း48ဓမ္မဘလော့ဒ်မှနွေးထွေးစွာကြိုဆိုပါ၏"

"စာဝင်ဖတ်သူဓမ္မမိတ်ဆွေအပေါင်းအာ3း48ဓမ္မဘလော့ဒ်မှနွေးထွေးစွာကြိုဆိုပါ၏"

Tuesday, October 16, 2012

'အင်အားဖြည့်စကားစုများ၂(ဦးအဂ္ဂ တောင်ငူ)'


၁၇။ဟန်မဆောင်ပါနဲ့။
Do not pretend.
ပွင့်လင်းမှုမရှိရင် သဘောထားအမှန်ကို မသိနိုင်
ဟန်ဆောင်ခြင်းက ပွင့်လင်းသူရဲ့ ရန်သူဖြစ်သည်
ဟန်ဆောင်မှုကင်းသူတွေဟာ ပွင့်လင်းရိုးသားကြ
တယ် ဟန်ဆောင်မှုကင်းသောသူသည် အမြဲတမ်း
လှနေသည်။

၁၈။ကိုယ့်ကိုယ်ကို လေးစားပါ။
Respect yourself.
ကိုယ့်ကိုယ်ကိုမှ လေးစားမှုမရှိရင် သင်ဘယ်သူ့ကို
လေးစားနိုင်ဦးမှာလဲ။လောကမှာ လေးစားအပ်တဲ့
ပုဂ္ဂိုလ်တွေရှိတယ်။လေးစားကြည်ညိုပါ။လောကမှာ
အဆိုးရွားဆုံးလူသည် ကိုယ့်ကိုယ်ကို မလေးစားတဲ့
သူတွေသာဖြစ်သည်။ကိုယ်ကိုယ်တိုင်လေးစားမှ
သူတစ်ပါးကို လေးစားနိုင်မည်။

၁၉။သည်းခံပါ။
Be patient.
သည်းခံခြင်းသည် အရာရာကို အောင်နိုင်သည်
သည်းခံခြင်းကို ပါရမီတစ်ပါးအဖြစ် ကျင့်သုံးပါ
ဖြည့်ဆည်းပါ။ကျင့်ကြံပါ။ သည်းခံခြင်းသည် ရန်
နည်းသည်။ မိတ်ဆွေကို တိုးပွားစေသည်။စိတ်
ဓာတ်ကို ရင့်သန်ခိုင်မာစေသည်။

၂၀။စိတ်ကို ဖြူစင်အောင် ထားပါ။
Purify one's mind.
စိတ်ထားလေး မကောင်းသေးရင် စိတ်ထားလေးကို
ပြုပြင်ပြောင်းလဲကာ ဖြူစင်အောင်ထားလိုက်ပါ
စိတ်ထားဖြူစင်ရင် ဘဝလှပမယ်၊ သံသရာလမ်း
ဖြောင့်ဖြူးမယ်။ စိတ်သည် အရာရာကို ဦးဆောင်
သွားနေတဲ့အတွက်စိတ် မဖြူစင်ရင် အကုသိုလ်၊
စိတ်ဖြူစင်ရင် ကုသိုလ်။မိမိရဲ့စိတ်ကို ဖြူစင်အောင်
ထားခြင်းဖြင့် ကုသိုလ်ယူပါ။

၂၁။မကောင်းမှုကို ရှောင်ကြဉ်ပါ။
Not to do all evil.
အကုသိုလ်အမှုကို မပြုလုပ်ပါနဲ့။ တတ်စွမ်းသမျှ
ရှောင်ကြဉ်ပါ။အကုသိုလ်သည် မြင့်မြတ်ကောင်း
မွန်တဲ့ ဘုံဘဝတွေကို မရောက်အောင် တားမြစ်
ပိတ်ပင်နိုင်၍ မကောင်းတဲ့ နိမ့်ကျတဲံ ဘုံဘဝ
တွေကို ရောက်အောင်လည်း ဆွဲငင်တွန်းပို့နိုင်
ပါသေးတယ်။


၂၂။ကောင်းမှုကို ဆောင်ပါ။
Make good deeds.Give charity
ကုသိုလ်ကောင်းမှု နေ့စဉ်ပြုကြပါ။ဘဝသံသရာလမ်းကို
ဖြောင့်ဖြူးစေမှာ အမှန်ပါ။တွေဝေမနေပါနဲ့။ ယုံမှား
သံသယတွေ မဖြစ်ပါနဲ့။ကောင်းမှုပြုခြင်းကို သူတော်
ကောင်းတို့လုပ်ဆောင်ကြသည်။ချီးမွမ်းကြသည်။မ
ကောင်းမှုပြုခြင်းကို သူယုတ်မာတို့ နှစ်သက်ကြသည်။
လုပ်ဆောင်ကြသည်။သူတော်ကောင်း၊ သူယုတ်မာကို
သူတို့ရဲ့ လုပ်ရက်ဖြင့် ခွဲခြားသိမြင်နိုင်သည်။

၂၃။ကြင်နာပါ။
Be kind to all./Have a heart.
အကြင်နာတရားသည် လူတိုင်းအတွက် လိုအပ်သည်
အကြင်နာတရားကို လူတိုင်းက ခံယူချင်ကြသည်
အဆင့်အတန်း မခွဲခြားဘဲ ကြင်နာနိုင်ကြပါစေ
အကြင်နာတရား ရင်မှာထားပြီး လူတိုင်းအပေါ်
ဆက်ဆံနိုင်ပါစေ။


၂၄။အမှားပြုမိရင် ဝန်ခံပါ။
Confess if you make mistake.
ဝန်ခံခြင်းကို သူတော်ကောင်းတို့ နှစ်သက်ကြသည်
အမှားပြုလုပ်မိရင် အမှားကို ရဲဝံ့စွာ ဝန်ခံရဲပါစေ။
အမှားလုပ်ပြီး ဝန်မခံရဲဘဲ မသိသလိုနေကာ ဆက်
လုပ်နေဦးမယ်ဆိုရင် အမှားသံသယာထဲမှာ မှား
ပြီးရင်း မှားရင်ဖြစ်နေလိမ့်မယ်။အမှားကို အမှန်
ထင်ကာ ဆက်လုပ်မနေမိကြပါစေနဲ့။

၂၅။သူတစ်ပါးကို အထင်မသေးပါနဲ့
Do not look down upon others.
အထင်သေးခြင်းသည် စိတ်ဓာတ်အောက်တန်းကျမှုကို
ဖော်ပြသည်။ဘယ်လောက်ပင် ချမ်းသာနေပါစေ။ သူ
တစ်ပါးကို အထင်မသေးမိပါစေနဲ့။ ပစ္စည်းဥစ္စာ ချမ်း
သာသူ၊ ဆင်းရဲသူ ဘယ်သူပဲဖြစ်ဖြစ် စိတ်ဓာတ်အောက်
တန်းမကျအောင် ကြိုးစားကြရမှာပါ။

၂၆။မေတ္တာပို့သပါ။
Cultivate the loving-kindness.
မေတ္တာသည် အေးမြသည်။ဘယ်လောက်ပင် မိုင်ပေါင်း
ထောင်ချီ ဝေးကွာနေပါစေ ပင်လယ်တွေခြားလို့တောင်
တန်းတွေကာရံထားပေမယ့် သင်ပို့သသော မေတ္တာ
တရားသည် သင်ပို့သသူထံသို့ဆိုက်ဆိုက်မြိုက်မြိုက်
ရောက်ပေလိမ့်မည်။မေတ္တာတရားသည် ရိုင်းစိုင်းသူကို
ပင်ယဉ်ပါးလာစေ၍မုန်းသူကို ချစ်လာစေသည်။ချစ်နေ
သူကိုပို၍ ပို၍အချစ်တိုးစေပါသည်။

၂၇။သီလမြဲပါ။
Observe the Precepts.
သီလကို ခါးဝတ်ပုဆိုးကဲံသို့ မြဲမြံသူသည် အပါယ်ငရဲကို
မကျရောက်နိုင်။ ဒုက္ခတို့ကင်းဝေးသည်။တတ်စွမ်းသမျှ
သီလကိုစောင့်ထိန်းကြပါ။ သံသရာမှာ ဒုက္ခနဲ့ကင်းဝေး
ချင်ရင် သီလကို တတ်စွမ်းသလောက် စောင့်ထိန်းပါ။
ဒါနနဲ့ သီလမပါရင် သေခါမှ သိဆိုသလိုမျိုး သင်မ
သေခင်လေးမှာ ဒါနအမှုပြုပါ။သီတင်းသီလ ဆောက်
တည်ပါ။

၂၈။ဘာဝနာပွားများပါ။
Take meditation.Concentrate.
မအို၊ မနာ၊ မသေရာကို ရောက်နိုင်သော တစ်ခုတည်း
သော နည်းလမ်းသည် တရားထိုင်ခြင်းဖြစ်သည်။တရား
များများထိုင်ပါ။ကမ္မဋ္ဌာန်းစီးဖြန်းခြင်းအပေါ်မှာ စိတ်ကို
များများခိုင်းပေးပါ။ စိတ်ရဲ့သခင် ဖြစ်လာပါလိမ့်မယ်
စိတ်ကခိုင်းနေရာမှ စိတ်ကို ကိုယ်က စေခိုင်းနိုင်သူ
ဖြစ်ကြပါစေ။

၂၉။ဘဝမှာ မမီတဲ့ပန်းကို မလှမ်းပါနဲ့။
Don't cry for the moon.
မဖြစ်နိုင်တဲ့အရာကို ဇွတ်အတင်းလုပ်မယူပါနဲ့။အခြေ
အနေ အချိန်အခါကို ချင့်ချိန်တတ်ပါစေ။မမီတဲ့ပန်းကို
လှမ်းရင် ပင်ပန်းရုံသာ ရှိလိမ့်မယ်။အကျနာတတ်သည်။

၃၀။အသိပညာနည်းပါးခြင်းသည် အန္တရာယ်ကို
ဖြစ်စေသည်။မပြည့်တဲ့အိုး ဘောင်ဘင်ခတ်။

A little knowledge is dangerous thing.
အသိပညာ ဗဟုသုတနည်းပါးခြင်းသည် အကြီးမးဆုံး
သော အန္တရာယ်ဖြစ်ပါသည်။နွားခြေရာခွက်ထဲကဖား
သူငယ်လို ပင်လယ်သမုဒ္ဒရာလို့ အထင်ရောက်သွား
တတ်ပါတယ်။ပညာကို များများဆည်းပူးပါ။  ပညာကို
တတ်စွမ်းသမျှ ဖြည့်ထားပါ။ပညာသည် လူ့ဘဝရဲ့
အကောင်းဆုံးလောင်စာပင်တည်း။

၃၁။မည်သည့်ခရီးရှည်ကြီးကိုမဆို ခြေတစ်လှမ်းက
စရ စမြဲဖြစ်သည်။

The longest journey begins with a single step.
ဘယ်လောက်ပင် မိုင်ပေါင်းဝေးနေတဲ့ခရီးဖြစ်ပါစေ။ခြေ
တစ်လှမ်းက မစခဲ့ရင် အဲ့ဒီခရီးရှည်ကြီးရဲ့ နောက်ဆုံး
လိုရာပန်းတိုင်ကို ရောက်နိုင်ကြမည် မဟုတ်ပါ။လျှောက်
လှမ်းကြည့်ပါ။ ဘဝခရီးလမ်းသည် ရှည်လျားလှပါသည်။
တွေဝေမနေပါနဲ့။ဝေးလွန်းတယ်လို့မထင်ပါနဲ့၊ လျှောက်
လှမ်းနေရင်းနဲ့ ခရီးဆုံးကို ရောက်သွားပါလိမ့်မည်။

၃၂။ကိုယ်ချင်းစာတရား ထားပါ။
Have a sympathy
ကိုယ်ချင်းစာခြင်း၊ စာနာထောက်ထားခြင်း၊ သနားငဲ့ညှာ
ခြင်းသည် လူ့ပတ်ဝန်းကျင်မှာ စိတ်ထားမြင့်မြတ်မှု၊ ချစ်
ခင်တတ်မှုကိုပြသည်။ထို့ကြောင့် အရာရာကို ကိုယ်ချင်း
စာတတ်အောင် ကြိုးစားပေးပါ။

၃၃။ကူညီပါ။
Help.Give your hands.
သိသူရော မသိသူရော၊ ခင်မင်သူ မခင်မင်သူအားလုံးကို
တတ်စွမ်းသလောက်ကူညီ ရိုင်းပင်းပါ။အကူအညီသည်
လူသားတိုင်းအတွက်ပင်မဟုတ်။တိရိစ္ဆာန်လေးတွေ
အတွက်ပါလိုအပ်လှပါသည်။နွေးထွေးသောလက်ဖြင့်
ကူညီပါ။

၃၄။သတိတရား လက်ကိုင်ထားပါ။
Be aware.
သတိတရားသည် ပိုသည်သာမရှိ အမြဲတန်းလိုအပ်နေ
သောတရားဖြစ်ပါသည်။ဘယ်လောက်ပင် ကြီးမားတဲ့
အရာဝတ္တု ဖြစ်နေပါသေ သတိမမူရင် ဂူမမြင်တတ်ပါ
ဘူး။သတိတရားကို လက်ကိုင်ထားကြသူများသည်
နောက်ဆုံး နိဗ္ဗာန်ကို တက်လှမ်းနိုင်ကြသည်။သတိ
လက်လွတ်ဖြစ်သွားတယ်လို့ ပြောတတ်ကြတယ်။
သတိတရားကို လက်ကိုင် မထားနိုင်ကြသူများသည်
ဒုက္ခတွေ့တတ်သည်။

၃၅။ကျန်းမာရေးကို ဂရုစိုက်ပါ။
Take care of your health.
ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဖြစ်ပါသည်။အရာ
အားလုံးတွင် အရေးအကြီးဆုံးမှာ ကျန်းမာနေဖို့ပင်
ဖြစ်သည်။ငွေနဲ့ ကျန်းမာရေးကို အပြီးအပိုင်ဝယ်ယူ
လို့မရပါ လုပ်ယူလို့မရပါ။သင်ကိုယ်တိုင် ကျန်းမာ
ရေးကို ဂရုစိုက်ပါ။ ကိုယ်ဖြစ်လျှင် ကိုယ်ခံရမည်။

၃၆။အခွင့်အရေးဟာ ဘယ်တော့မှ နှစ်ခါမလာပါ။
Chance never comes twice.
အခွင့်အရေးကို အချိန်ကိုက် အသုံးချနိုင်အောင်ကြိုး
စားပါ။အခွင့်အရေးရတဲ့ အခါလုပ်ကိုင်ဆုံးဖြတ်ဖို့
နှောင့်နှေးမနေပါနဲ့။တွေဝေမနေပါနဲ့။ခွင့်သာခိုက်မှ
မလိုက်ချင်လျှင် ဘယ်အချိန် စောင့်ပြီး လိုက်ဦးမှာ
လဲ ဘာပဲဖြစ်ဖြစ် အခွင့်အရေးတော့ မယူမိစေနဲ့။

၃၇။ပညာဟူသည် မြတ်ရွှေအိုး။
ပညာရွှေအိုး လူမခိုး။

Wisdom is reality.
Learning cannot be stolen.

ပစ္စည်းဥစ္စာတွေကို ရန်သူမျိုးငါးပါးက အလွယ်တကူ
ခိုးယူသွားနိုင်သည်။ပညာရွှေအိုးကိုတော့ ခိုးယူနိုင်
သူမရှိ။သင့်စိတ်တိုင်းကျ စိတ်ချလက်ချ နေရာအနှံ့
မှာ အသုံးပြုနိုင်သည်။

၃၈။အချိန်သည် တန်ဖိုးရှိသည်။
Time is precious.
အချိန်ဟာ တန်ဖိုးရှိတယ်ဆိုတာ လုပ်ငန်းလုပ်ကိုင်နေသူ
တိုင်း နားလည်သဘောပေါက်ကြသည်။အလုပ်မရှိအကိုင်
မရှိ ဟိုလိုလို ဒီလိုလို လူ့ပေါ့ကြော့တွေအတွက် အချိန်ဟာ
အချည်းအနှီး။ အချိန်ကို တန်ဖိုးထားတတ်ကြပါစေ။အချိန်
ကို လေးစားတတ်ပါစေ။ အချိန်ကို အသုံးချနိုင်ကြပါစေ။

၃၉။ငယ်ရွယ်စဉ်မှာ အချစ်ကို မကိုးကွယ်ပါနဲ့။
Do not take refuge in love when you are in young.
ငယ်ရွယ်စဉ်မှာ အချစ်ကို ကိုးကွယ်ရင် အမှားတွေ့တတ်
တယ်။ အချစ်သည်အရာအားလုံးကို မေ့လျော့သွားတတ်
သည်။ အချစ်သည် တစ်ခါတစ်ရံ လမ်းမှားကို ပို့ဆောင်
တတ်သည်။တစ်ခါတစ်ရံ မိုက်ရူးရဲဆန်တတ်သည်။ စိတ်
ကိုမနိုင်သေးရင် အချစ်ကို နှလုံးသားမှာ လက်မခံထား
ပါနဲ့။ အချစ်သည် ပူလောင်ခြင်း သက်သက်မျှသာဖြစ်
သည်။အချစ်ရဲ့ လှည့်စားခြင်းဒဏ်တွေကို သင်ခံရမည်။

၄၀။ကျေးဇူးဆပ်ကြပါ။
Don't be narrow-minded.
ကျေးဇူးကို သိတတ်ပြီး ပြန်ဆပ်နိုင်ကြပါစေ။လူတိုင်းက
တော့ ကျေးဇူးတရားကို သိကြတာ မဟုတ်ပါ။ပြန်ဆပ်
ဖို့ဆိုတာတော့ ပိုဆိုးတာပေါ့။ကျေးဇူးရှိသူကို ကျေးဇူးရှိ
သူဟု သိရှိနားလည်ပြီး ပြန်လည်ဆပ်နိုင်ကြပါစေ။

၄၁။သဘောထားကြီးပါ။
Be broad-minded.
သဘောထားကြီးသူဖြစ်အောင် ကြိုးစားပါ။ နေထိုင်ပါ။
လုပ်ကိုင်ပါ။စိတ်ဓာတ်ရဲ့ ရင့်ကျက်မှုကို သဘောထား
ကြီးခြင်းက ပြသသည်။သဘောထားကြီးကြီးရှိနိုင်ပါစေ၊
ခွင့်လွှတ်လိုက်ပါလို့ပြောနိုင်သူဖြစ်ပါစေ။

၄၂။သဘောထားမသေးကြပါနဲ့။
Don't be narrow-minded.
သဘောထားသေးသိမ်ခြင်းဟာ စိတ်ဓာတ်ရဲ့ အောက်
တန်းကျမှုကို ပြဆိုသည်။သင်ကောဘယ်လိုလဲ။သဘော
ထားကြီးသလား။သဘောထားသေးသိမ်သလား။ဆန်း
စစ်ကြည့်လိုက်ပါဦး။လူတစ်ယောက်က အမှားလုပ်မိလို့
တောင်းပန်လာရင် ခွင့်လွှတ်နိုင်ပါ့မလား။သင့်သဘော
ထားအမှန်ကို သင့်ရဲ့ဆုံးဖြတ်ချက်က ပြောပြသွားလိမ့်
မယ်။ဘဘောထားကြီးလိုက်တာလို့ အပြောမခံရစေနဲ့။

၄၃။အမြင်ကျယ်ပါ။
Be far-sighted.
အမြင်ကျယ်ကျယ်ထားပါ။ အမြင်ကျယ်တော့ တစ်စုံ
တစ်ခု ဆုံးဖြတ် လုပ်ကိုင်ရာမှာ တဖက်စောင်းနင်း
မဖြစ်နိုင်တော့ဘူး။မျှမျှတတရှိမယ်။တွေ့ခေါ်တတ်
လာမယ်။

၄၄။အမြင်မကျဉ်းပါနဲ့။
Be clever/Try to be clever.
အမြင်ကျဉ်းမြောင်းတော့ သဘောထားပါ သေးသိမ်သွား
တယ်။အကြောင်းအကျိုး ဆီလျှော်မှုရှိနေရင်တောင်အမြင်
ကျဦးတော့ လက်မခံချင်ူဘး။ အမြင်ကျယ်တယ် အမြင်
ကျဦးတယ်ဆိုတာ ဗဟုသုတနဲ့လည်းဆိုင်ပါတယ်
ဗဟုသုတ ရှာမှီးပါ။


No comments:

Post a Comment