"စာဝင်ဖတ်သူဓမ္မမိတ်ဆွေအပေါင်းအာ3း48ဓမ္မဘလော့ဒ်မှနွေးထွေးစွာကြိုဆိုပါ၏"

"စာဝင်ဖတ်သူဓမ္မမိတ်ဆွေအပေါင်းအာ3း48ဓမ္မဘလော့ဒ်မှနွေးထွေးစွာကြိုဆိုပါ၏"

Tuesday, October 16, 2012

'အင်အားဖြည့်စကားစုများ(ဦးအဂ္ဂ တောင်ငူ)'



၁။ကိုယ်အာလုပ်နေလဲ ကိုယ့်ကိုယ်ကို မကြာခဏသုံးသပ်ပါ။
Analyze yourself often what you're doing.
ပြန်လည်သုံးသပ်မှုမရှိရင် ဘယ်အရာပဲဖြစ်ဖြစ် ရလာဘ်ကောင်းကို
သိရှိနိုင်ဖို့ ခဲယဉ်းလှပါတယ်။ ရလာဘ်ကောင်းတွေကို ပိုင်ဆိုင်ချင်
ရင် ကိုယ်လုပ်နေတဲ့ လုပ်ရပ်၊ ကိုယ်လုပ်နေတဲ့ လုပ်ငန်းကို ပြန်လည်
ဆန်းစစ်ပါ။ရလာဘ်ကောင်းတွေ၊ ပိုင်ဆိုင်မှုတွေ၊ အောင်မြင်မှုတွေပို
တိုးလာပါလိမ့်မယ်။

၂။ကျရှုံးခဲ့ရင်တောင် အောင်မြင်ဖို့ ထပ်ကြိုးစား လိုက်ပါဦး။
Strive to succeed Even if failure.
ကျရှုံးတယ်ဆိုတာ ကြိုးစားကြည့်ဖူးသူတွေမှ ကြုံဆုံရင်ဆိုင်
ကြရတာပါ။အောင်မြင်ခြင်းအတွက် ရှုံးနိမ့်ကျရှုံးခြင်းကို
တစ်ခါတစ်ရံ လက်ခံရင်ဆိုင်ရမယ် အောင်မြင်မှုကို လူတိုင်း
ကလိုအပ်ကြတယ်။ရပ်တန့်မနေဘဲ ထပ်ကြိုးစားကြည့်လိုက်
ပါဦး။

၃။အတိတ်က အကြောင်းတရားတွေကိုတတ်နိုင်သလောက်
မေ့ထားပါ။ယခုလက်ရှိ ပစ္စုပ္ပန်အကြောင်းကို သေသေချာချာ
စဉ်းစားသုံးသပ်ပါ။
Try to forget past.Try to leave past.
Consider/Concentrate present time.
ယခုလက်ရှိ အချိန်သည်သာ ပို၍အရေးကြီးပါသည်။
ဖြစ်ခဲ့တာတွေ၊ ဖြစ်ပြီးခဲ့တာတွေကို မေ့ထား၊
ဘုရားရှင်ရဲ့ဒေသနာတော်အတိုင်း ပစ္စပ္ပုန် တည့်
တည့်ကိုရှုပါ။ဆင်ခြင်ပါ။ စဉ်းစားပါ၊ တန်ဖိုးထားပါ။

၎။မနက်ဖြန်ဆိုတာ ရှိနေသေးရင် သင့်အတွက်
မျှော်လင့်ချက်တွေ ရှိနေပါသေးတယ်။
There is ray of hope for you if tomorrow
never die.
အားမလျော့ပါနဲ့၊ အားမငယ်ပါနဲ့၊ စိတ်ဓာတ်မကျပါနဲ့။
လက်တွေဆန်ဆန် လက်တွေ့ကျကျ လုပ်ဆောင်ပါ။
မျှော်လင့်ချက်ကို ရင်မှာပိုက်ထား။မျှော်လင့်ချက်ဆိုတာ
ဘဝပဲနော်။ဘဝရဲ့ ရှင်သန်ခြင်းတစ်မျိုးပေါ့။

၅။မဆုံးဖြစ်ခင် စဉ်းစားပါ။
Think before decision.
စဉ်းစားနိုင်မှ တော်ကာကြမယ်နော်။ခဏလေး မစဉ်းစားနဲ့၊
များများစဉ်းစားပေးပါ။ဆုံးဖြတ်ချက်ကို အလျင်စလိုမချလိုက်
ပါနဲ့။ အမှားတွေ့တတ်တယ်။

၆။စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။
Decide after thought.
မစဉ်းစားပဲ ဆုံးဖြတ်လိုက်တော့ အမှားသံသရာ လည်တာပေါ့။
စဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချတဲ့ အကျင့်ကောင်းလေးကို မွေးမြူပါ။
တစ်ချို့ဆို အလွယ်တကူဆုံးဖြတ်ချက်ချမိလို့ စည်းစိမ်ဥစ္စာတွေ
သာမက အသက်ကိုပါဆုံးရှုံးခဲ့ကြရသည်။အဲ့ဒါ ဘာကြောင့်လဲလို့
ပြန်စဉ်းစားကြည့်ဆုံးဖြတ်ချက်တစ်ခု မှားသွားခဲ့လို့ ဖြစ်တယ်။

၇။ကိုယ့်ကိုယ်ကို နှိမ်ချပါ။
Be humble yourself.
လူတွေဟာ အသားလွတ်ကြီး ဘဝင်မြင့် အောက်ချေလွတ်
တတ်ကြတယ်။မာနတွေထောင်လွှားကာ တစ်နေ့မသေတော့
မဲ့ ဒီဇိုင်းမျိုးနဲ့ လုပ်တတ်ကြတယ်။ဒီအပြုအမူမျိုးတွေကို ရှောင်
ကြဉ်ပါ။စိတ်ကို အလှဆင်ကြပ်။စိတ်ရဲ့အလှကို ဘယ်လိုအလှ
အပမျိုးကမှ ကမ္ဘာမှာ ယှဉ်နိုင်ရိုး ထုံးစံမရှိပါဘူး။အလှဆုံးလူ
ဖြစ်ချင်ရင် စိတ်ကို အလှဆင်နိုင်ပါစေ။

၈။သူတစ်ပါးရဲ့ ဝေဖန်မှုကို ခံယူတတ်ပါစေ။
You can be criticized.
ဝေဖန်ပြောဆိုမှုတွေကို စိတ်ရှည်ရှည်ထားပြီး ခံယူပါ။
ဒီဝေဖန်မှုတွေကို လူတိုင်းခံယူနိုင်ကြတာမဟုတ်ပါဘူး။
ခံနိုင်ရည်ရှိကြသူတွေအတွက်တော့ သင်ခန်းစာကောင်း
တွေချည်းပါပဲ။ဝေဖန်မှုကို လက်ခံပြီး ပြန်သုံးသပ်ပါ။

၉။ကိုယ့်ကိုယ်ကို အားကိုးပါ။
Depend on yourself.Rely on your own foot.
လူကြီးသူမတို့ရဲ့ စကားကို အကြွင်းမဲ့ မယုံလေနဲ့ဆိုတဲ့
စကားသည် ကိုယ့်ကိုယ်ကို အားကိုးစေချင်ကြောင်းကို
အဓိက ညွှန်းဆိုနေတယ်လို့ထင်ပါတယ်။လူမှာ အမှား
အမှန်ကို ခွဲခြားသိမြင်နိုင်တဲ့ အသိဉာဏ်ရှိတယ် အဲ့ဒါ
ကြောင့် သူတစ်ပါးကို အမြဲတမ်း အားမကိုးစေလို သူ
တစ်ပါးကို အားကိုးလွန်းအားကြီးလျှင် အဇာတသတ်
မင်းသားလို ဖခင်ကို ပြန်သတ်မိတဲ့အထိ အမှားကြီး
မှားကာမိုက်တွင်းနက်သွားနိုင်ပါတယ်။

၁၀။အမှန်တရားကို ရှာဖွေပါ။
Seek the truth.
(သစ္စာလေးပါး)အမှန်တရားကို ရှာဖွေမိတော့ ချမ်းသာ
စစ်ကိုရတော့တာပေါ့။အမှန်တရားကို လူတိုင်းမြတ်နိုး
တန်ဖိုးထားကြသည်။ချမ်းသာစစ်ကို ရှာဖွေကြပါ။

၁၁။အချိန်ကို မဖြုန်းပါနဲ့။
Do not waste the time.Don't kill time.
အချိန်သည် လူကိုမစောင့်။အချိန်ကို ငွေကြေးနဲ့
ရပ်တန့်လို့မရ။ဝယ်လို့လည်း မရ။လူကသာ
အချိန်ကို စောင့်ကြရသည်။အချိန်ကောင်းကို
စောင့်ပြီး ဘဝကိုတိုးတက်အောင်မြင်အောင်
ကြိုးစားကြစေချင်ပါတယ်။

၁၂။အချိန်သည် ဘဝ။
Time is Life.
အချိန်ကို တန်ဖိုးထားတတ်ရင် ဘဝဟာ မြင့်သထက်မြင့်
လာမယ်။ဘယ်တော့မှ နှိမ့်ကျမသွားဘူး။အချိန်ရဲ့ဝါး
မျိုစားခြင်းကို ခံနေရတဲ့သူတွေဟာ အသက်ရှင်လျှက်နဲ့
ဘဝသေနေသူများဖြစ်ကြတယ်။ဘဝကို အချိန်နဲ့တိုင်း
တာကြည့်တော့ သင်ဘယ်လောက် အချိန်ကို ဖြုန်းတီး
ပြီးပြီလဲ၊ သင်ဘယ်လောက် အချိန်ကို အသုံးချ ပြီးပြီလဲ။

၁၃။ဘဝဆိုတာ ရုန်းကန်ခြင်းပဲ။
ဘဝဆိုတာ တိုက်ပွဲ။
Life is struggle.
ဘဝမှာ မရုန်းကန် မလှုပ်ရှားရသူဆိုတာ တစ်ဦးတစ်
ယောက်မျှ မရှိပါ။ဒါကြောင့် ကြမ်းတမ်းခြင်း၊ ချောမွေ့
ခြင်းတွေအတွက် ရဲရဲရင်ဆိုင်လိုက်ပါ။စစ်ပွဲဟာ ဆွေးနွေး
ညှိနှိုင်းလို့ အဆုံးသတ် သွားနိုင်ပေမယ့် ဘဝတိုက်ပွဲက
တော့ သံသရာမဆုံးသရွေ့ ဘယ်တော့မှ မပြီးဆုံးဘူး။

၁၄။အချိန်ကို အစားထိုးလို့မရပါ။
အချိန်ကို ဖန်တီး ယူလို့မရပါ။
We can't subsitute the time.
It can't be created.
အစားထိုးလို့မရတဲ့ အချိန်တွေကို သင်ဘယ်လို အကျိုး
ရှိအောင် အသုံးချမလဲ။အချည်းနှီး အကျိုးမဲ့လုပ်ရပ်တွေ
ကိုလုပ်ပြီး အချိန်ကို တန်ဖိုးရှိစွာ အသုံးချနေတယ်လို့
ကိုယ့်ကိုယ်ကို အထင်မရောက်နေဖို့ပဲ အရေးကြီးတယ်။

၁၅။လေထဲ တိုက်အိမ်မဆောက်ပါနဲ့။
Don't build the castle in the air.
လူတွေအများစုသည် အချောင်သဘောမျိုးလောက်သာ
ရချင် လိုချင်ကြသည်။ စိတ်ကူးယဉ် သက်သက်လေးနဲ့
ဘဝကို ဖွဲ့စည်းတည်ဆောက်လို့ရတာ မဟုတ်ပါဘူး။
အဲဒါကြောင့် တွေဝေ ငေးမော မနေပဲ လက်တွေ့ကျကျ
အကောင်ထည်ဖော် လုပ်ဆောင်ကြပါ။

၁၆။သူတစ်ပါးကို လက်ညှိုးထိုးပြီး အပြစ်မပြောပါနဲ့။
ကိုယ့်ဘက်ကို လက်သုံးချောင်းပြန်ထိုးထားတာကို
အမှတ်ရ သတိပြုမိပါစေ။
Don't just finger and blame others.
Remember three fingers are pointing
at yourself.
သူတစ်ပါးကို လက်ညှိုးထိုးတယ်ဆိုတာ ကိုယ့်အပြစ်ကို
မမြင်တဲ့သူတွေသာ များပါတယ်။ကိုယ့်အပြစ်ကို မြင်
အောင်ကြည့်ပါ။မြင်ပြီးရင်ပြင်ပါ။ပြင်ပြီးရင် ငယ်ရွယ်
သူတွေကို  လက်ဆင့်ကမ်းကာ ဖောက်သည်ချပါ။
သူတစ်ပါး လက်ညှိုးထိုးမခံရအောင် အစွမ်းကုန်
ကြိုးစားနေပါ။

ဆက်လက်ဖော်ပြပါမည်................

No comments:

Post a Comment