ခန္ဓာရသူမှန်သမျှ ဆင်းရဲကိုယ်စီရှိတယ် 7Day News Journal
အတွဲ (၁၁)၊ အမှတ်(၂၆)
သံသရာထဲမှာ နေလို့ရှိရင် ဘယ်ပုံစံနဲ့ပဲနေနေ သူဌေးဖြစ်ဖြစ်၊ ဆင်းရဲသားဖြစ်ဖြစ် ဆင်းရဲကိုယ်စီ ရှိနေကြတယ်။ ချမ်းသာလည်း ဒီဒုက္ခ၊ ဆင်းရဲလည်း ဒီဒုက္ခ၊ ဘုန်းကြီးရဟန်းလည်း ဒီဒုက္ခ၊ သာမန်လူဆိုးလူမိုက်တွေလည်း ဒီဒုက္ခ၊ ခန္ဓာရထားတဲ့ သူမှန်သမျှ ဘယ်သူမှ အိုခြင်းလည်းမကင်း၊ နာခြင်းလည်းမကင်း၊ သေခြင်းလည်း မကင်းတဲ့အတွက် ဒုက္ခမကင်းကြပါဘူး။ အိုနာသေတွေ
ရဲ့အကြောင်း လက်သည်တရားခံကို အနီးစပ်ဆုံး ပြန်ကြည့်လိုက်ရင် အကျိုးပေးမယ့်
ကံကို တွေ့ရပါမယ်။ ကမ္မဘ၀ပစ္စယာဇာတိ၊ ကံကြောင့် ဇာတိဖြစ်လာတယ်။ ဇာတိပစ္စယာဇရာ၊ မရဏသောကပရိဒေ၀ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘ၀န္တိဆိုတဲ့ ဇာတိကြောင့် အိုရတယ်၊ နာရတယ်၊ သေရတယ်။ ကိုယ်ဆင်းရဲရတယ်၊ စိတ်ဆင်းရဲရတယ်၊ ငိုကြွေးရတယ်၊ သောကဖြစ်ရတယ်၊ ပင်ပန်းညှိးနွမ်းရတယ် ဆိုတာတွေ ဆက်ကာဆက်ကာဖြစ်လို့ လာရပါတယ်။
အကျိုးပေးလာမယ့် ကံတွေကို ဖျက်တဲ့အလုပ်လုပ်တော့မှ အိုနာသေချုပ်မယ်လို့ ကောက်ချက်ချလို့ ရတယ်။ ကံမဖြတ်မချင်း ဆင်းရဲဒုက္ခ မချုပ်နိုင်ဘူး။ ဒုက္ခချုပ်ရာ နိဗ္ဗာန်ကို မရပါဘူး။ အဲဒါကြောင့် ကံတွေချုပ်အောင် တရားအလုပ်ကို အားထုတ်ကြရတာ ဖြစ်တယ်။ ၀ိပဿနာတရား ကျင့်ကြံပွားများကြတာ ဖြစ်တယ်။ ၀ိပဿနာဉာဏ်ဟာ လတ်တလော ဖြစ်လာမယ့် ကံတွေကို ဖြတ်တောက်ပေးတယ်။ ၀ိပဿနာ ရှုမှတ်ပွားများနေချိန်မှာ ရုပ်နာမ်လို့ ရှုလိုက်တာ၊ ရုပ်ကိုရုပ် နာမ်ကိုနာမ်လို့ ရှုလိုက်တာဟာ ကံတွေကို ဖြတ်ပစ်လိုက်တဲ့ ဉာဏ်တွေပဲ ဖြစ်တယ်။ အသိနဲ့သတိ ပေါင်းစပ်ပြီး ရုပ်နာမ်လို့ ရှုမှတ်လိုက်တာဟာ ၀ိပဿနာဉာဏ်ဖြစ်တယ်။ ရုပ်နာမ်ကို မရှုရင် မျက်စိဖွင့်လို့ တစ်ချက်ကြည့်လိုက်တာနဲ့ ကံအထိရောက်အောင် ဖြစ်သွားနိုင်ပါတယ်။
ကံတရားကပေးသော လုပ်ပိုင်ခွင့်
7Day News Journal
အတွဲ (၁၁)၊ အမှတ်(၂၈)
ကမ္ဘာ့လူသားအားလုံးဟာ ထုံးစံနဲ့ ယဉ်ကျေးမှုတွေ ကွာဟခြားနားတယ်။ အသားအရောင် ဘာသာစကား ကွဲပြားတယ်။ ဘာတွေ ဘယ်လိုပဲကွဲကွဲ၊ သူတို့အားလုံးမှာ တူညီတာတစ်ခုရှိတယ်။ အဲဒါက လူတိုင်း ချမ်းသာချင်ကြတာပါ။ ချမ်းသာခြင်းဆိုတာကို ကြိုးစားပမ်းစား ရှာဖွေကြတယ်။ တစ်ခါတလေ ကံအကြောင်းသင့်လို့ ကာမဂုဏ်ချမ်းသာကို ရှာဖွေရရှိကြတယ်။ ရရှိလာတဲ့ ချ

မ်းသာကို
စွဲမြဲတည်တံ့ဖို့ ဖက်တွယ်ထားရင်း အသစ်အသစ်တွေ လိုချင်လာပြန်တယ်။ ဒီတော့
အသစ်အသစ်တွေ ထပ်မံရရှိဖို့ ရှာဖွေရပြန်တယ်။ ပြိတ္တာဘ၀မှာ
ငတ်မွတ်ခေါင်းပါးသလို အခု လူတွေလည်း ငတ်မွတ်ခေါင်းပါးတယ်။
မရောင့်ရဲနိုင်လို့ အလိုမပြည့်တဲ့အတွက် အမြဲတမ်း ထပ်ခါထပ်ခါ ရှာဖွေနေရတယ်။
ဒါနပြုဖို့လည်း သတိမရ၊ သီလဆောက်တည်ဖို့လည်း သတိမရ၊ တရားဘက်ကိုလည်း သတိမရနဲ့
နေသွားတဲ့လူတွေလည်း လူဖြစ်ကာ အရှုံးထွက်ကြပါတယ်။
တရားအားထုတ်ဖို့ ဝေလာဝေး၊ ဥပုသ်သီတင်းတောင် စောင့်နိုင်ဖို့ မလွယ်ပါဘူး။ ကိုယ့်ပစ္စည်းကိုယ် စောင့်နေရတဲ့ ပြိတ္တာတွေအဖြစ်နဲ့ ဥစ္စာစောင့်ကြီးဘ၀နဲ့ နေကြပါတော့တယ်။ တကယ်စဉ်းစားရင် အခုလို ရောဂါဘယတွေ၊ သဘာဝဘေးဆိုးတွေ ကင်းရှင်းတဲ့ လက်ရှိအချိန်၊ အသက်ရှင်နေထိုင်ဖို့ အစာအာဟာရတွေ အပြည့်အ၀ ရရှိနေချိန်ဟာ တရားကျင့်ဖို့ အကောင်းဆုံးအချိန် ဖြစ်တယ်။ လက်ရှိ ကိုယ့်အခြေအနေ၊ ကိုယ့်ဘ၀ဟာ ကံကောင်းလို့၊ ကောင်းတဲ့အလုပ် မြတ်တဲ့အလုပ်ကို လုပ်ခွင့်အတွက် လုပ်ပိုင်ခွင့်တွေဟာ ကံတရားက ပေးထားတဲ့ လုပ်ပိုင်ခွင့်တွေပဲ ဖြစ်တယ်။

ကံမကုန်ရင် ပြန်ဆုံမယ်
7Day News Journal
အတွဲ (၁၁)၊ အမှတ်(၂၅)
သံသရာက ထွက်မြောက်တဲ့ အလုပ်ကို မလုပ်မချင်း၊ သံသရာဘ၀တွေကို အလည်မရပ်စေတဲ့ ကံတွေကို ပြုနေသေးသမျှ ကာလပတ်လုံး၊ သံသရာထဲမှာနေ သံသရာထဲမှာ ပျော်နေတဲ့ ကာလပတ်လုံး နိဗ္ဗာန်ကို မရနိုင်ပါဘူး။ ဘယ်တော့မှ နိဗ္ဗာန်ရသလဲ၊ ဘယ်အချိန်ကျမှ နိဗ္ဗာန်ရသလဲဆိုရင် ပြုထားပြီး ဖြစ်ထားပြီးတဲ့ ကံတွေကုန်မှ နိဗ္ဗာန်ရတယ်။ ကံမကုန်ရင်တော့ သံသရာမှာ ပြန်လည်ဆုံကြမှာပဲ ဖြစ်တယ်။ ကံအ

ကျိုးက
ခံရတဲ့ကံနဲ့ စံရတဲ့ကံဆိုပြီး နှစ်မျိုးကွဲပြားတယ်။ ချမ်းချမ်းသာသာ၊
သက်သက်သာသာနဲ့ သံသရာလည်ရတယ်ဆိုရင် ခံစားရတဲ့ ကံအကျိုးဖြစ်တယ်။ မသက်မသာ၊
ဒုက္ခတွေနဲ့ သံသရာလည်ရတယ်ဆိုရင် ခံစားရတဲ့ ကံအကျိုးပေါ့။ ခံရတဲ့ကံ၊
စံရတဲ့ကံ၊ ကောင်းကံဆိုးကံ၊ ကောင်းကျိုးဆိုးကျိုးလို့ ခွဲပေမယ့် သဘောကတော့
အတူတူပါပဲ။ ခံရတဲ့ကံလည်း သံသရာလည်တယ်။ စံရတဲ့ကံဟာလည်း သံသရာလည်စေတယ်။
တ၀ဲလည်လည် လည်တာချင်းတော့ အတူတူပါပဲ။
ခရီးတစ်ခုသွားကြရာမှာ ဘယ်ပုံစံနဲ့ပဲသွားသွား လမ်းလျှောက်သွားလည်း ရောက်တာပဲ။ ယာဉ်တစ်မျိုးမျိုး စီးသွားလည်း ရောက်တာပဲ။ သွားတဲ့ပုံသဏ္ဌာန် မတူကြပေမယ့် သွားတာချင်း၊ ရောက်တာချင်းတော့ အတူတူဖြစ်တယ်။ ကောင်းတဲ့ကံတွေပဲ လုပ်မယ်၊ ချမ်းချမ်းသာသာနေရတဲ့ ဘ၀တွေမှာပဲနေမယ်၊ ပြည့်ပြည့်စုံစုံ နေချင်တယ်ဆိုပြီး ကောင်းတဲ့အလုပ်တွေကိုချည်းပဲ ရွေးလုပ်တယ်။ ကောင်းတဲ့အလုပ်တွေ လုပ်တဲ့အတွက်ကြောင့် ကောင်းတဲ့အကျိုးတွေ ရတယ်။ အဲဒီလို ကောင်းကျိုးရလည်း ဒီကောင်းကျိုးဟာ သံသရာလည်တဲ့ အကျိုးကိုသာ ဖြစ်စေတယ်။
ရည်ညွှန်း- ဓမ္မဒူတဒေါက်တာအရှင်ပညိဿရ “ဓမ္မလမ်းပေါ်မှာ”

(မူရင်း-https://www.facebook.com/pannyissara.sayadaw?ref=ts)
No comments:
Post a Comment