Thursday, September 27, 2012
'တရားမြင်မှ ဘုရားမြင်'
ယခုဘုရားရှင်၏ သာသနာတွင် ဝိပဿနာ၏ အခြေခံဖြစ်သော နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်လောက်ကိုမှ ရအောင် အားထုတ်နာကြားခြင်းမြ့ပုဘဲနောက်ပွင့်မည့်ဘုရား
ရှင်ကို ဖူးတွေ့ရအောင် ဆုတောင်းနေသူများ အထူးသတိပြုသင့်သောအချက် တစ်ချက်ရှိ၏။
ဝိပဿနာအခြေခံလေးမျှ မရှိသူသည် ဘုရားရှင်ကို မျက်စေ့ရှေ့တွင် တွေ့မြင်ရသော်လည်း ဖူးမျှော်ကန်တော့ဖြစ်ဖို့ နေနေသာသာ ဘုရားရှင်မှန်းပင်မသိချေ။ဓမ္နစကြာတရားကို ဟောပေး
ချင်သဖြင့် သူတို့ထံလိုက်လာသောဘုရားရှင်ကို ပဉ္စဝဂ္ဂီငါးဦးသည် ရှိခိုးခြင်းမြ့ပုရန်၊ နေရာ
ထိုင်ခင်းမပေးရန်ပင် တိုင်ပင်ထားကြ၏။ဤကား ဘုရားရှင်ကိုတွေ့မြင်နေရသော်လည်း တရားကိုမမြင်သောကြောင့်ဘုရားရှင်မှန်းပင်မသိနိုင်ခြင်းဖြစ်၏။
ပက္ကုသာမင်းကြီးသည် ဘုရားရှင်နှင့် အခန်းတစ်ခန်းတည်းတွင် တည်းခိုနေရသော်လည်း သူ
ဖူးတွေ့ချင်နေသောဘုရားရှင်မှန်းမသိခဲ့ ဘုရားရှင်ဟောကြားသော ဓာတ်ခြောက်ပါးတရားကိုနာ
ကြားရပြီး အနာဂါမ် တည်သောအခါမှပင် ဘုရားရှင်မှန်းသိရှာ၏။
ဘုရားဖြစ်ပြီးစ အချိန်က လမ်းတွင် ဥပကကြီးနှင့်တွေ့၏။ဥပက- ကမေးသောကြောင့် မာရ်ငါးပါး
ကိုအောင်ပြီးသော ဇိန(ဘုရားရှင်) ဖြစ်ကြောင်းပြောကြားသော်လည်း ဥပကကားစိတ်ချလက်ချ ယုံကြည့်ပုံမရဘဲ ဇိနဆိုတာဟုတ်လောက်ပါပေတယ်ဟုပြောပြီးလမ်းခွဲသွားခဲ့၏။ဤသည်ကား
တရားကို မမြင်သောကြောင့်ဘုရားကို မမြင်ခြင်းပင်ဖြစ်၏။
ထို့ကြောင့် ယခုဘုရားသာသနာမှာပင် ဝိပဿနာတရားကို အခြေခံရအောင်နာကြားအားထုတ်
ထားသင့်၏။သို့မှသာနောင်ပွင့်မည့်ဘုရားရှင်ကို ဖူးတွေ့ရသောအခါ ဘုရားရှင်မှန်းသိနိုင်မည်
ဖြစ်၏။သို့မဟုတ်ပါက ဘုရားရှင်ကိုတွေ့မြင်ရသော်လည်း ဘုရားရှင်မှန်းပင် သိနိုင်မည်း မဟုတ်ပေ။
ရွေပြည်သာမြို့ မန္တလေးကျောင်းဆရာတော် အရှင်ဇဝန( မေတ္တာရှင်)ရေးသားတော်မူအပ်သော
လူငယ်များအတွက်ဂမ္ဘီရဝိပဿနာအတွဲ(၅-၆)မှကောက်နှုတ်ဖော်ပြပါသည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment