"စာဝင်ဖတ်သူဓမ္မမိတ်ဆွေအပေါင်းအာ3း48ဓမ္မဘလော့ဒ်မှနွေးထွေးစွာကြိုဆိုပါ၏"

"စာဝင်ဖတ်သူဓမ္မမိတ်ဆွေအပေါင်းအာ3း48ဓမ္မဘလော့ဒ်မှနွေးထွေးစွာကြိုဆိုပါ၏"

Saturday, January 19, 2013

ထေရဝါဒ ဗုဒ္ဓဘာသာ၏ ရည်ရွယ်ချက်ပန်းတိုင်



ထေရဝါဒဗုဒ္ဓသာသာ၏ ရည်ရွယ်ချက်ပန်းတိုင်ကား မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကိုရကာ နိဗ္ဗာန်ကို မျက်မှောက်
ပြုရေးပင် ဖြစ်ပါ၏။လောက၌ ဘုရားပွင့်တော်မူခြင်းကလည်း ၄င်းရည်ရွယ်ချက်ကြောင့်ပင် ဖြစ်၏။ထို့
ကြောင့်လည်း စလင်းကန်လယ်ဆရာတော်ဘုရားကြီးက-

အိုလူသားတို့ ဘုရားသခင်နှင့် ကိုယ်တိုင်မတွေ့လိုက်ကြရ၍ဘာ ဝမ်းနည်းစရာရှိသလဲ၊ ယခုအခါ ဓမ္မက္ခန္ဓာ
ဘုရားတွေ အများကြီးရှိသေး၏။ ကံ၊ ပါရမီရှိလျှင် ရလိမ့်မည်ဟူ၍သာ အေးစက်စက်နေကြလျှင် အများကြီး
နစ်နာကြလိမ့်မည်။ စာမတတ်လို့ ဘာမတတ်လို့လဲ မလုပ်ကြပါနှင့်၊ ဆရားကောင်းနှင့် တွေ့လျှင် ရနိုင်ပါ
သည်။သို့အတွက် အို လူများတို့၊ ယခုအခါ ကံပါရမီကိုမေးရန် မလိုပါ။ ရှင်ဘုရင့်သားဖြစ်ပီး အိမ်ရှေ့မင်း
သားသည် ရှင်ဘုရင်ဖြစ်ရန် ဗေဒင်မေးဖို့မလို။

မုတ်ဆိတ်ပျားဆွဲသူသည် တခြားသွားပြီးပျားဖွတ်ရန်မလို၊ ရန်သူဝိုင်းထားခံရသူသည် ထွက်ပေါက်သိလျက်
ကနဲ့ မထွက်သော်။ ကံပါရမီချဖွယ်မလို၊ အညစ်အကြေးလူးသူသည် ရေစင်ရှိလျက်မဆေးသော် ရေ၌အပြစ်
ဆိုဖွယ်ရာမလို၊ မိမိကသာဖျင်းလို့၊ အလို့၊ နလို့ ဖြစ်သည်။ အသေနည်းသေးတယ်လို့သာ ဆိုဖွယ်ကောင်း
တော့၏။ ကြောက်ကြ ၊ လန့်ကြ၊ ထိတ်ကြ။ အိုလူများတို့၊ သို့အတွက် တရားအားထုတ်ကြပါကုန်လော့။

ဟူ၍ မဂ်ဉာဏ်ဖိုလ်ဉာဏ်ရကြောင်းလမ်းဖြစ်သည့်ဝိပဿနာတရားကို အားထုတ်ကြရန် အရေးတကြီးတိုက်
တွန်းတော်မူခဲ့ပါသည်။ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရဖို့ အားထုတ်ခြင်းမှာ ရလာသောလူ့ဘဝမှ အနှစ်သာရထုတ်
ချင်လာဖို့ရန် ရှေးဦးစွာ လူ့ဘဝတန်ဖိုး၊ ဗုဒ္ဓဘာသာဖြစ်ရခြင်း၏တန်ဖိုးတို့ကို သိရန်လိုအပ်ပါသည်။

No comments:

Post a Comment