"စာဝင်ဖတ်သူဓမ္မမိတ်ဆွေအပေါင်းအာ3း48ဓမ္မဘလော့ဒ်မှနွေးထွေးစွာကြိုဆိုပါ၏"

"စာဝင်ဖတ်သူဓမ္မမိတ်ဆွေအပေါင်းအာ3း48ဓမ္မဘလော့ဒ်မှနွေးထွေးစွာကြိုဆိုပါ၏"

Monday, December 24, 2012

စိတ်ဝင်စားဖွယ်ကောင်းသော ဓမ္မအမေးအဖြေများ(အရှင်ဇဝန မေတ္တရှင်ရွှေပြည်သာ)-၃

တစ်ရာမှာ တစ်ယောက်သာချမ်းသာရခြင်းအကြောင်း
မေး-ချမ်းသာချင်စိတ် ရှိတာချင်းလည်းတူပါလျက်၊ ချမ်းသာအောင် စီးပွားရှာတာချင်း
လည်းတူပါလျက်၊ လူတစ်ရာတွင် တစ်ယောက်သာ ချမ်းသာပြီး ကျန် ကိုးဆယ့်ကိုး
ယောက်ကဆင်းရဲနေရသည်မှာ အဘယ့်ကြောင့်နည်း။


ဖြေ-အကြောင်းကား လူတစ်ရာတွင် တစ်ယောက်ခန့်သာ လှူရမှု၌ပျော်မွေ့ပြီး။ကျန်
၉၉ ယောက်သည် ယူရမှု၌ ပျော်မွေ့ခဲ့သောကြောင့်ပေတည်း။

မျှော်လင့်ချက်တ စ်ခုခုဖြင့်ပြုသော ပါရမီမထိုက်သော ဒါနသည် လူချမ်းသာ၊ နတ်ချမ်း
သာကိုပေးသော်လည်း ကိလေသာကုန်ရာ နိဗ္ဗာန်ချမ်းသာသို့ မပို့၊အကြောင်းကား အ
လှူခံကောင်းစားဖို့(ချမ်းသာဖို့) လှူခြင်းမဟုတ်၊ ငါကောင်းစားဖို့၊ ငါချမ်းသာဖို့ ရည်
ရွယ်ချက်ဖြင့် လှူခဲ့သောကြောင့် ဖြစ်၏။ငါဟူသည်ဒိဋ္ဌိကိလေသာ၊ ကောင်းစားဖို့ဟူ
သည် လောဘကိလေသာ။  ထိုဒိဋ္ဌိနှင့် လောဘဝင်ရှုပ်သောကြောင့် ပါရမီမထိုက်သော
ဒါနသည် နိဗ္ဗာန်သို မပို့နိုင်ခြင်းဖြစ်၏။

မည်သည့် မျှော်လင့်ချက်မှမပါဘဲ ပြုသော ပါရမီထိုက်သည့် ဒါနသည် လူချမ်းသာ၊နတ်
ချမ်းသာကို လည်းပေးသည်။နိဗ္ဗာန်သို့လည်းပို့သည်။အကြောင်းကား ဒါနပြုစဉ်ကတည်း
က ငါကောင်းစားဖို့ ဟူသော ဒိဋ္ဌိနှင့်လောဘကိ တဒင်္ဂသတ်ပြီးသားဖြစ်နေသောကြောင့်
ပေတည်း။

သဒ္ဓါဓာတ်ကြီးမားသူအတွက် လှူစရာပစ္စည်းတွေအမြဲတမ်း ပိုနေတတ်သည်။လောဘ
ဓာတ်ကြီးမားသူအတွက် လှူချင်စရာပစ္စည်းတွေ အမြဲတန်း လိုနေတတ်သည်။

အသာခံခြင်းဝါဒကို အရှင်ဒေဝဒတ်တည်ထောင်ခဲ့သည်။ အသာစံခြင်းဝါဒ၏ နောက်ဆုံး
ပန်းတိုင်သည် အပါယ်လေးပါး၊။ အသာစီခြင်းဝါဒကို တည်ထောင်ခဲ့သော အရှင်ဒေဝ
ဒတ်ကိုယ်တိုင် ယခုအခါ အဝီစိငရဲသို့ ကျရောက်နေပြီဖြစ်သည်။ အသာစံခြင်းဟူသည်
ပယ်သတ်ရမည့် သမုဒယသစ္စာကို ဆောင်ထားခြင်းဖြစ်သည်။

အနာခံခြင်းဝါဒကို ဘုရားရှင်ကိုယ်တိုင်းတည်ထောင်တော်မူသည်။ အနာခံခြင်းဝါဒ၏
နောက်ဆုံး ပန်းတိုင်သည် နိဗ္ဗာန်။ အနာခံခြင်းဝါဒကို တည်ထောင်ခဲ့သော ဘုရားရှင်
ကိုယ်တော်တိုင် ယခုအခါ နိဗ္ဗာန်၏ သန္တိသုခ ချမ်းသာကို ခံစားနေပြီ ဖြစ်သည်။အနာခံ
ခြင်းဟူသည် ပယ်သတ်ရမည့် သမုဒယသစ္စာခေါ် တဏှာကို အလုပ်ဖြင့်လက်တွေ့ပယ်
သတ်ခြင်းဖြစ်သည်။

ကမ္ဘာပေါ်တွင်ဒါနအပြုဆုံးသည် မြန်မာဖြစ်ပါလျက် အဆင်းရဲဆုံးတွင်လည်းမြန်မာဖြစ်
နေရခြင်းမှာ တကယ်လိုအပ်သည့်နေရာတွင် မလှူဘဲ၊ မလိုအပ်တော့သည့်နေရာများ
တွင် အိတ်သွန်ဖာမှောက် လှူနေသောကြောင့်ပင် ဖြစ်သည်။

ဥပမာအားဖြင့် နာဂစ်ကြောင့် ဧရာဝတီတိုင်းတွင်ပျက်စီးသွားသော စာသင်ကျောင်းပေါင်း
လေးထောင်ကျော်ရှိရာ နှစ်ထောင်ခန့်သာ ပြန်လည်ပြင်ဆင်နိုင်သေးသည်။ကျန်နှစ်ထောင်
ကျော်ကို ပြင်ဆင်ဆောက်လုပ်နိုင်ခြင်း မရှိသေးပေ။

ထိုကဲ့သို့သောနေရာတွင် မလှူပဲ နာမည်ကြီးအောင်၊ ရာထူးတက်အောင်၊ အာဏာမြဲ
အောင်ဟူသောရည်ရွယ်ချက်ဖြင့် မလိုအပ်ပဲ ဘုရား၊ စေတီတွေ များစွာတည်နေကြခြင်း
မျိုးပင်တည်း။

ဒါနပြုလျက် ဆင်းရဲရခြင်းအကြောင်း

မြန်မာအများစု ဗုဒ္ဓဘာသာဖြစ်ပါလျက်၊
ဒါနပြုပါလျက် ဆင်းရဲရခြင်းအကြောင်း ၁၁-ချက်


၁။ လိုအပ်သော နေရာတွင် မလှူဘဲ၊ မလိုအပ်သော နေရာတွင်စုပြု၍ လှူကြခြင်း။
၂။ သမ္ပဒါလေးပါး ချို့ယွင်းခြင်း၊
၃။ စီးပွားရှာရာ၌ မေတ္တာ စေတနာ ကို အဓိကမထားဘဲ၊ ငွေကြေးကိုသာ အဓိကထား
ခြင်း၊
၎။ ပျင်းရိခြင်းကို ရောင့်ရဲခြင်းဟု အထင်မှားခြင်း။
၅။ မိမိကိုယ်ကို ထိန်းသိမ်းနိုင်စွမ်းမရှိခြင်း။ နည်းနည်းချမ်းသာလာသည်နှင့် မယားငယ်
ထားခြင်း၊ လောင်းကစားလုပ်ခြင်း၊ သေရည်သေရက် သောက်ခြင်းတို့ဖြင့် အောက်ခြေ
လွတ်တက်လာကြသည်။ ထို့ကြောင့်ခေတ် သစ်စကားပုံတစ်ခုပေါ်နေ၏။ မြန်မာကောင်း
စား တစ်မွန်းတည့်၊
၆။ အချိန်တန်ဖိုး မသိခြင်း။
ကုန်သွားသော ဥစ္စာပစ္စည်းတစ်ခုခုကို အချိန်ဖြင့်ပြန်ရှာ၍ရသော်လည်း အလကားကုန်
သွားသော အချိန်ကို မည်သည့်ဥစ္စာပစ္စည်းနှင့်မျှပြန်ရှာ၍ မရနိုင်သောကြောင့်လောက၌
တန်ဖိုးဖြတ်၍ မရအောင် အဖိုးတန်သောအရာကား အချိန်ပင်ဖြစ်သည်။

စက္ကန့်၊ မိနစ်၊ နာရီ၊ နေ့၊ ရက်၊ လ၊ နှစ်စသောအချိန်တိုလေးများကို ပေါင်းစည်းထားခြင်း
ကို ပင်အသက်ဟုခေါ်၏။ထို့ကြောင့် အချိန်ဟူသည် အသက်၊ အသက်ဟူသည် အချိန်
အသက်ကို တန်ဖိုးထားသူသည် အချိန်ကို တန်ဖိုးထားရမည်။ အချိန်ကို တန်ဖိုးထားလျှင်
လူ့ဘဝနေရ သမျှ အချိန်တိုင်းမှာ ဥစ္စာ၊ကုသိုလ်၊ ဗဟုသုတပညာ ဤသုံးမျိုးအနက် တ
မျိုးမျိုးကိုအြ့မဲတမ်းရနေရမည်။ ထိုသုံးမျိုးအနက် တခုခုမှမရဘဲ အချိန်ဖြုန်းသူသည် မိမိ
လူ့ဘဝနေရမည့်အသက်ကို ဖြုန်းခြင်းပင်ဖြစ်သည်။
၇။ ကိုယ့်ထက်သာလျှင် မနာလိုခြင်း ကိုယ့်ထက်သာသူ အပေါ်ဝမ်းသာလျှင် မုဒိတာကု
သိုလ်ဖြစ်သည် မနာလိုလျှင် ဣသာအကုသိုလ်ဖြစ်သည်။ ကုသိုလ် ယူလို့ရပါလျက်၊
အကုသိုလ် ကိုယူခြင်းသည်  စိတ်ဓာတ် လူစဉ်မမီခြင်းပင်ဖြစ်သည်။
ဓမ္မပဒအဋ္ဌကထာ၌ ဆွမ်းငတ်ပြီး ပရိနိဗ္ဗာန်စံရသော လောသကတိဿ အမည်ရှိ
ရဟန္တာတစ်ပါး အကြောင်း ပါရှိသည်။ သူသည် တစ်ခုသော ဘဝကကျောင်းထိုင်ဘုန်း
ကြီးဖြစ်ခဲ့သည်။သူ့ကျောင်းတွင် ခေတ္တလာတည်းခိုသော ရဟန္တာအတွက်ထည့်ပေးလိုက်
သော ဆွမ်းနှင့်ဟင်းများကို လမ်းတွင် သွန်ပစ်ခဲ့သည်။ထိုအကုသိုလ် ကံကြောင့်သေ
သောအခါ အဝီစိငရဲသို့ကျရသည်။ ငရဲမှလွတ်သောအခါခွေးဘဝငါးရာ၊ ဘီလူးဘဝငါးရာ
ဖြစ်ရသည်။နောက်ဆုံး ယခုဘုရားရှင်လက်ထက် ရဟန္တာဖြစ်ရမည့်ဘဝမှာပင် သူတောင်း
စားရွာ၌ သွားဖြစ်ရသည်။
ငယ်စဉ်ကတည်းက ငတ်ပြတ်ဆင်းရဲလိုက်သည်မှာ ရဟန္တာဖြစ်သည့်ဘဝအထိဖြစ်သည်။
လောသကတိဿမထေရ်ကို ဆွမ်းလောင်းမည့်အလှည့်ရောက်လာလျှင်လောင်းလှူမည့်
ဒကာ၊ ဒကာမ၏ဆွမ်းအုပ် ထဲမှဆွမ်းများ၊ ဟင်းများပျောက်သွားတတ်သည်။ထိုအချက်
ကြောင့် ဒကာ၊ ဒကာမတို့ကသူ့အားဆွမ်းလောင်းလှူချင်သော်လည်း လောင်းလှူခွင့်
မရခြင်းဖြစ်သည်။ ထို့ကြောင့်အသက်ငယ်ငယ်နှင့် ပရိနိဗ္ဗာန် စံခဲ့ရသည်။
မွေးမည့်မွေးလျှင် ကြက်တွေ ဘဲတွေပဲမွေးပါ။ မနာလိုစိတ်နှင့် ဝန်တိုစိတ်ကို မမွေးပါနှင့်။
အကုသိုလ်ဖြစ်တာချင်း တူသော်လည်း၊ ကြက်တွေဘဲတွေမွေးခြင်းက ကြက်ဥ၊ ဘဲဥစား
ပြီးမှ အပါယ်ကျရသည်။ မနာလိုစိတ်နှင့် ဝန်တိုစိတ်ကို မွေးခြင်းအတွက် ကားဘာမျှမစား
ရဘဲ အပါယ်လေးပါးသို့ကျရသောကြောင့်ပင်တည်း။
၈။ စာပေ ဗဟုသုတ မရှိသောကြောင့်။
၉။ ဒေသန္တရ ဗဟုသုတ မရှိသောကြောင့်။
၁၀။ ခေါင်းဆောင်စိတ် မရှိသောကြောင့်။
၁၁။ ကိုယ့်အားကိုယ်ကိုးလိုစိတ် မရှိသောကြောင့် မြန်မာအများစုသည် မဆင်းရဲသင့်ဘဲ
နှင့် ဆင်းရဲနေကြရခြင်းဖြစ်သည်။
အရှင်ဇဝန(မေတ္တာရှင်ရွှေပြည်သာ)

No comments:

Post a Comment