"စာဝင်ဖတ်သူဓမ္မမိတ်ဆွေအပေါင်းအာ3း48ဓမ္မဘလော့ဒ်မှနွေးထွေးစွာကြိုဆိုပါ၏"

"စာဝင်ဖတ်သူဓမ္မမိတ်ဆွေအပေါင်းအာ3း48ဓမ္မဘလော့ဒ်မှနွေးထွေးစွာကြိုဆိုပါ၏"

Saturday, December 22, 2012

ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး၏ အဆုံးအမများ



ပကာသနဒါန
ပကာသနစိတ်နှင့်ပြုသောကုသိုလ်သည် ဘဝသမ္ပတ္တိကို လှလှပေးနိုင်သောကုသိုလ်
မဟုတ်ပါ။ ပါရမီကုသိုလ်ဖြစ်ဖို့ဝေးစွ၊ ကောင်းမှု၏ အကျိုးကို လိုလားသောစိတ်ဖြင့်
အလှူခံပုဂ္ဂိုလ်ကို အယုတ် အမြတ် အကျိုးကြီးရာသော နည်းလမ်းကို ရွေးချယ်မှုတို့
နှင့်ပြုသောကုသိုလ်သည် ဘဝသမ္ပတ္တိနှင့် ဘောဂသမ္ပတ္တိတို့ကိုပေးနိုင်၏။ပါရမီ ကုသိုလ်
မျိုးမဟုတ်။

သာသနာတော်ကျင့်ထုံးမဟုတ်ပါ
သတ်သတ်လွတ်၊ မီးလွတ်စားတဲ့အကျင့်လည်း သာသနာကျင့်ထုံးမဟုတ်။သီလကအစ
သမာဓိအဆုံး ဒါတွေအားလုံးဟာ စရဏပဲ။ဒီစရဏမမှန်ရင် ဝိဇ္ဇာဉာဏ်မရနိုင်ဘူး။ဒီစရ
ဏ ပါရမီမှန်မှန်နဲ့ သက်စွန့်ကြိုးပမ်း ကမ္မဋ္ဌာန်းအားထုတ်သူများပင်လျှင် နိဗ္ဗာန်ကို လို
ချင်မည်ကာမတ္တနှင့် မရနိုင်ဘူး။နိဗ္ဗာန် ကိုစေလွှတ်အပ်သောစိတ် အမြဲရှိနေရမယ်လို့ဟော
တော်မူတာ ဒီဘဝရဲ့အလုပ်ပဲလို့ တစ်ခါတည်း ငုတ်စိုက်ထားတာကို ပတိတ္ထခေါ်တာပဲ။။

သံသရာနယ်ချဲ့လမ်းစဉ်မှားကြီး
အသက်ထောင်ချီပြီးရှည်တဲ့နည်းကတော့ သာသနာပြင်ပမှာလည်းရှိနိုင်တယ်။သာသနာ
တော်မှာလည်းဣဒ္ဓိပါဒ်ဆိုတာရှိတယ်။ ဒါပေမယ့် သစ္စာလေးပါးကို မြင်ကြတဲ့ အရိယာ
သူတော်ကောင်းကြီးတွေက တစ်ရက်နေရင် တစ်ရက်ဒုက္ခခံရတာပဲလို့ မြင်တော်မူမိလို့
ပရိနိဗ္ဗာန်စံဝင်ရတာကိုပဲ အလွန်ဝမ်းသာလေ့ရှိကြတယ်။ အသက်ရှည်တာကို လိုလားတော်
မမူကြဘူး။ ဆံချည်မျှင်ဟာ လက်ဝါးပေါ်မှာကပ်နေရင် မသိသာပေမယ့် မျက်စိထဲဝင်ရင်
အလွန်သိသာသလို ပုထုဇဉ်နဲ့ အရိယာတွေဟာ သင်္ခါရ ဒုက္ခကိုမြင်ရာမှာ သည်မျှမကကွာ
ခြားတယ်။အသက်ရှည်တဲ့ဝါဒ၊ အရိမေတ္တယျထိ အချိန်ဆွဲတဲ့ဝါဒဟာလည်း မမှန်ကန်ဘူး။
အရိယာ ဝိဇ္ဇာဆိုတာလည်း ဝေါဟာရတူပေမယ့် ဝိဇ္ဖာဇော်ဂျီတွေလမ်းစဉ်နဲ့ဖြစ်နိုင်တာမျိုး
မဟုတ်ဘူး။ ပိလိန္ဒဝစ္ဆနှင့် တခြားစီ။မယောင်နဲ့။
အင်းနဲ့၊ ဆေးနဲ့၊ ဓာတ်နဲ့ ထွက်ကြတဲ့ ဝိဇ္ဇာကြီးတွေ လောကမှာ အရိယာဖြစ်ဖို့ဆိုတာအ
လွန်မအပ်စပ်တဲ့စကားပဲ။ ဒါပေမယ့် သူတို့ကိုယ်သူတို့အရိယာလို့အထင်ခံလိုကြတယ်။
ဒါသည်ပင် အရိယာလို့ထင်နေတာလည်း ဖြစ်နိုင်တယ်။ကမ္မဋ္ဌာန်းတွေလည်း ဟောတတ်ကြ
တယ်။သမထလောက်ပဲ သူတို့လိုချင်တယ်။သံသရာကထွက်မှာကို ကိုယ်တိုင်လည်း ကြောက်
တယ်။သူများထွက်မှာလည်း မလိုလားကြဘူး။စင်စစ်တော့ မြတ်စွာဘုရားရဲ့ အနတ္တသာသနာ
တော်ကြီးကို မှေးမှိန်အောင် သတ္တဝါတွေအကြိုက် ဗန်းပြပြီး ဆွဲဆောင်နေကြတာ အတ္တဝါဒ
ကြီးပဲ။
အရိယာဝိဇ္ဇာဆိုတာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကိုသာခေါ်တယ်။တကယ် သီလကိုအခြေခံမှ ရတာ။
တန်ခိုးပြတဲ့နေရာမှာ ဆင်တူယိုးမှားရှိသော်လည်း အခြေခံကအစ လုံးဝမတူကြဘူး။အတ္တဝါဒု
ပါဒါန်ကြီးတန်းလန်းနဲ့ နေကြရတဲ့အတိုင်း အသက်ရှည်တန်ခိုးပြတဲ့ လောကယတ(သာသနာ
နယ်ချဲ့)လမ်းမှားကြီးကို ပရိယာတ်အသိဉာဏ် နည်းလျှင်လည်း အားကိုးမှားမိကြတယ်။

အဓိဋ္ဌာန်နှင့်ပါရမီ

ဒကာရသေ့ပြောတဲ့ သီလ သစ္စာ အစရှိတဲ့ တရားတွေဟာ အခြေခံပဓာနပါရမီတရားကောင်း
ကြီးတွေပဲ။အသံအမည်တူသော်လည်း အစစ်အမှန်ဖြစ်ဖို့မလွယ်ဘူး။အစစ်အမှန်ဖြစ်စေဦး
"ပဏီဟိတ"မမှန်ရင်လည်း အကျိုးမများဘူး။ ပဏီဟိတဆိုတာ ရည်းရွယ်မှန်းထားတာကိုခေါ်တယ်။
နိဗ္ဗာန်ကို ရည်ရွယ်ပြီးလုပ်မှသာ သမ္မာပဏီဟိတဖြစ်ပြီး ဒုက္ခခံရကျိုး၊ သာသနာနှင့်
တွေ့ရကျိုးနပ်တယ်။ သတ္တဝါတွေအတွက်ဟုဆို၍ မြင့်မြတ်သော သဘောလက္ခဏာဆောင်
စေကာမူ ဝဋသိရတလောကိယနယ်ပယ်သာ တစ်စုံတစ်ခုသောတန်ခိုးအထူးဖြင့် ငြိတွယ်စေ
ပြီး ဝဋ်နွယ်ရှည်စေမယ့် သီလ သစ္စာ မေတ္တာ အဓိဋ္ဌာန်နဲ့ အာနာပါနတွေဖြစ်နေလျှင် ဘဝကူး
မြောက်ကြောင်း ပါရပီဆိုတဲ့စကားနဲ့ တခြားစီဖြစ်မယ်။အသံမျှသာတူတယ် ဦးရသေ့။အစွမ်း
ထက်လှတဲ့ ဝရဇိန်လက်နက်ကို မုဆိုးလိုက်ရုံ သုံးသလိုဖြစ်နေတယ်။

ဒါနစေတနာဟူသည်
အချို့သောသူတို့ကား ဒါနကုသိုလ် မဂ်ဖိုလ်သို့ မဆောင်နိုင်။ သံသရာရှည်ဖို့ဖြစ်၏။ အကြောင်း
မူကားဒါနမည်သည် စေတနာတရားပေတည်း။ထိုစေတနာတရားသည် မဂ္ဂင်ရှစ်ပါးတို့တွင်တစ်
စုံတစ်ခုသောမဂ္ဂင်၌ မပါမဝင်။မဂ်မျိုး ဖိုလ်မျိုးမဟုတ်ဟု ဆိုကြ၏။မိုက်လေစွ။မှားလေစွ။အဘယ်
ကြောင့်ဆိုသော် ထိုဒါနစေတနာမှာ နိဗ္ဗိဒါဉာဏ် ဦးစီးလျက်ရှိ၏။ထိုဉာဏ်သည် မဂ္ဂင်ရှစ်ပါးတွင်
သမ္မာဒိဋ္ဌိဟူသော ဦးတည်ရာမဂ္ဂင်ကြီးမျိုးဖြစ်၏။ ထိုဒါနစေတနာနှင့် ယှဉ်သော သင်္ကပ္ပတရား၊
ဝီရိယတရား၊ သတိတရား၊ သမာဓိတရားများသည် မဂ္ဂင်ရှစ်ပါးတွင် သမ္မာဝါယာမ၊ သမ္မာသင်္က
ပ္ပ၊ သမ္မာသတိ၊ သမ္မာသမာဓိဟူသော မဂ္ဂင်တရားမျိုးဖြစ်၏။

အလဇ္ဇီကိုလှူသော်
သူတော်မဟုတ်၊ ယုတ်သောအကျင့်ရှိသော အလဇ္ဇီပုဂ္ဂိုလ်တို့ကား ပညာဒုဗ္ဗလ ပညာနည်းလှ
သော သူတို့ကိုသာ ရှာ၍ပေါင်းကြသည်။ပညာဒုဗ္ဗ ပညာနည်းလှစွာသော သူတို့ကလည်း
အလဇ္ဇီပုဂ္ဂိုလ်တို့ကိုသာ ချီးမြှောက်ထောက်ပံ့ခြင်း ပြုကြကုန်သည်။
ခွေးတိရိစ္ဆာန်သည် သာသနာတော်မြတ် မဖျက်ဆီးနိုင်။ ထိုသို့ မဖျက်ဆီးနိုင်သောခွေးသည်
အဝီစိသို့ မကျရ။လူသည် သာသနာတော်မြတ်ကိ ဖျက်ဆီးနိုင်သည်။ ထိုသို့ဖျက်ဆီးနိုင်သော
လူသည် အဝီစိသို့ကျရသည်။
မောင်မင်းတို့သည် သာသနာတော်မြတ်ကို ဖျက်ဆီးကုန်သော အလဇ္ဇီပုဂ္ဂိုလ်တို့အား ချီးမြှော
က်ထောက်ပံ့ခြင်းကိုမပြုကြကုန်လင့်။အဝီစိငရဲကြီးကို ကျဆင်းကြရမည်ကို ကြောက်ကြကုန်။

သရဏဂုံမဖြူစင်သူများ
အချို့သောအလှူရှင်တို့သည် ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်စသော နတ်ပွဲ၌ ငှက်ပျောသီး ဝါဝါ
အုန်းသီးစိမ်းစိမ်း၊ ပွဲလှလှဖြင့် တင်ပပူဇော်ကြကုန်၏။ဘုရားပွဲမှာမူကား နတ်ပွဲနှင့်ယှဉ်ကာ အား
နာပါးနာ ငှက်ပျောပိန်တာ၊ ကြွက်မြီးမပါသော အုန်းသီးခြောက်ဖြင့် ယှဉ်ပြိုင်၍ ထားတတ်ကြကုန်
၏။ဤသို့ ထားခြင်းသည် ဗုဒ္ဓ ဘာသာအရေခြုံ၊ သရဏဂုံမဖြူစင်သူတို့သာ ဖြစ်ကုန်၏။

No comments:

Post a Comment