Friday, October 5, 2012
“ကြွေး သုံး မျိုး”
၁။ လောကကြွေးသူတစ်ပါးထံက ချေးငှားထားပြီး မဆပ်တာပါပဲ။ ယူမိထားတဲ့ လောကကြွေးကို ဒီဘ၀မှာတင် အကြေအလည်ပေးဆပ်သင့်တယ်။ဘာဖြစ်လို့လဲဆိုတော့ ဒီဘ၀မှာဆပ်ရတာ ငွေချေးထားရင် ငွေပဲ ဆပ်လို့ရတယ်။ ပစ္စည်းချေးထားရင်း ပစ္စည်းပဲ ဆပ်လို့ရတယ်) ကနောင်ဘ၀မှာ (ခန္ဓာ) ဆပ်ရတာလောက် အပန်းမကြီးလို့ဘဲ။မဟာစည်ဆရာတော် ဘုရားကြီး ဟောကြားတော်မူဖူးတဲ့ မောင်ညိုဆန်တစ်စလယ်ဆိုတဲ့ ဖြစ်ရပ်။)
၂။ သာသနာကြွေးစာပေ တရားကို တစ်ခုခုကို မလုပ်ဘဲ အချောင်နေ အချောင်စား။အဇ္ဈတ္တအန္တရာယ် ကိုပိုမို သတိထားပြီး ကာကွယ်ကြရမယ်။ အဇ္ဈတ္တအန္တရာယ် ဆိုတာက ဗုဒ္ဓသာသာနာ့ဝန်ထမ်းရှင်ရဟန်းတွေ ကိုယ်တိုင်ပဲ၊ သာသနာ့ဘောင်ဝင်လာပြီး စာပေလည်းမလုပ်၊ တရားလည်းမလုပ်ဘဲ၊ဗေဒင်ဟော၊ ဆေးကု၊ ဓါတ်ရိုက်၊ ဂဏန်းပေး၊ စီးပွားရေးလုပ်နေကြမယ်ဆိုရင် သူတို့ကိုယ်တိုင်ရဲ့ သန္တာန်မှာလည်း သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သာသနာသုံးရပ်ကွယ်သွားပြီ။
၃။ သံသရာကြွေးကြွေးပူသည် အပယ်ဘုံကို ဆွဲချမယ့် အကုသိုလ် – သောတာပတ္တိမဂ် ကုသိုလ်နှင့် မြန်မြန်ဆပ်လိုက်ဖို့ လိုတယ်။ကြွေးအေးသည် ဘုဂတိဘုံရောက်မယ့် ကုသိုလ်အကြွေးအေး – အရဟတ္တမဂ် နှင့် ဆပ်လိုက်ရင် အကုန်ကြေသွားမယ်။အိုလွန်းအားကြီးလို့ နာရတာပါ။မချိမဆန့် မခံမရပ်နိုင်အောင် နာလွန်းအားကြီးလို့ သေရတာပါ။
ဗုဒ္ဓက – မရဏကောဥတ္တရိ ဒုက္ခံနာမ နတ္တိ(သေရခြင်းထက် ပိုလွန်သော ဆင်းရဲမည်သည်မရှိ)
ဒီတော့ အို နာ သေ ရှိတဲ့ နေရာမှန်သမျှ ဆင်းရဲအစစ်ဒုက္ခသစ္စာ လို့သာ အကြင်ဖန်းမှတ်ထားရင် ကြွေးအေး။လောဘဇော တစ်လုံး ဆိုရင် ပြိတ္တာဘုံမှာ တစ်ဘ၀သွားဖြစ်ရမယ်။ဒေါသဇော တစ်လုံး ဆိုရင် ငရဲမှာ တစ်ဘ၀သွား ဖြစ်ရမယ်။မောဟ ဇော
တစ်လုံး ဆိုရင် တိရစ္ဆာန် ဘုံမှာ တစ်ဘ၀ ဖြစ်ရမယ်။ကုသိုလ်ဇော၊ အကုသိုလ်ဇော တစ်လုံး ဖြစ်တိုင်း ကုဋေလေးသောင်းလောက်ဖြစ်တယ်။ဇောတစ်လုံး တစ်ဘ၀နှုန်းနဲ့ ဖြစ်ရမှာဆိုတော့ လူဘ၀ဖြစ်စေ၊ နတ်ဘ၀ဖြစ်စေ၊ အခါ လေးသောင်း ဖြစ်ရမယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment