ဥစ္စာ ၂-မျိုး
လောကမှာ လူရယ်လို့ဖြစ်လာရင် ဥစ္စာဓနတွေကို ရှာဖွေစုဆောင်းကြရမှာ ဖြစ်တယ်။လူတွေ နေ့စဉ်ရှာဖွေနေ
ကြတဲ့ ဥစ္စာဓနရဲ့ အရည်အသွေးနဲ့ မြတ်စွာဗုဒ္ဓက ရှာဖွေစုဆောင်းဖို့ တိုက်တွန်းတဲ့ ဥစ္စာရဲ့ အရည်အသွေး၊ဒီ
နှစ်မျိုးကိုသေသေချာချာ နှိုင်းယှဉ်ပြီး ကြည့်မယ်ဆိုရင် အလွန်ကွာခြားလွန်းတာကိုတွေ့ရမှာဖြစ်တယ်။သို့သော်
လည်း လောကလူသားတွေဟာ နေ့စဉ်နှင့်အမျှ ပကတိပစ္စည်းဥစ္စာကိုသာ ရှာကြတယ်၊ ပကတိပစ္စည်းဥစ္စာကိုမ
ရှာရဘူးလို့ ဆိုလိုတာ မဟုတ်ဘူး၊ ပကတိပစ္စည်းဥစ္စာရဲ့ အကျိုးပြုမှုဟာ အင်မတန်မှ နည်းပါးတယ်လို့ ဆိုလို
တာဖြစ်တယ်။
ရထားတဲ့ စီးပွားဥစ္စာက လူတွေကို အကျိုးပြုတာဟာ အင်မတန်မှ တိုတောင်းပါတယ်။ အဲဒီလိုအင်မတန်မှတို
တောင်းသည့် အတွက်ကြောင့် တိုတောင်းသည့် ခဏလေးတွင်းမှာဘဲ ပစ္စည်း ဥစ္စာက အကျိုးပြုနိုင်တယ်။အ
ကျိုးပြုတဲ့အချိန်မှာတောင် အပြည့်အဝ အကျိုးပြုသလားဆိုတော့ တစ်ဘက်က အကျိုးပြုတာတွေ့ရသလို ကျန်
တစ်ဘက်က အကျိုးမပြုတာကိုလည်း တွေ့ရတယ်။ပစ္စည်းဥစ္စာကို အကြောင်းပြုပြီး ဆင်းရဲဒုက္ခရောက်ရတာ
တွေလည်းရှိတယ်။
ပစ္စည်းဥစ္စာ ရွှေငွေရတနာတွေအလွန်များလွန်းလို့ ချမ်းသာကြွယ်ဝတဲ့ လူတစ်ယောက်ဟာ ထိုပစ္စည်းဥစ္စာတွေ
ကိုအကြောင်းပြုပြီး ချမ်းချမ်းသာသာနေနိုင်ပေမယ့်လို့ ထိုပစ္စည်းတွေကို အကြောင်းပြုပြီး ဒုက္ခရောက်ရတာ
လည်း အများအပြားတွေ့ရတယ်၊ ဒါကတော့ ဘယ်သူမှ မငြင်းနိုင်တဲ့ အကြောင်းကိစ္စဖြစ်တယ်၊ အဲဒီတော့
လောကမှာ ပစ္စည်းဥစ္စာတွေဟာ ရှာသာရှာရတယ် ကောင်းကျိုးချည်း ပေးတာမဟုတ်ဘူး၊ မကောင်းကျိုးလည်း
ပေးတယ်လို့ပြောနိုင်ပါတယ်။
ပကတိဥစ္စာနဲ့ ရန်သူမျိုး၅-ပါး
ပကတိဥစ္စာလို့ခေါ်တဲ့ လောကလူသားတွေရှာဖွေနေကြတဲ့ ပစ္စည်းဥစ္စာတွေက ဘာနဲ့ဆက်နွယ်နေသလည်းဆို
ရင် အဖျက်အမျိုးမျိုးနဲ့လည်း ဆက်နွယ်နေတယ်။”အဂ္ဂသာဓာရဏာ ဘောဂါ” တဲ့၊ မီးလောင်လို့ရှိရင်လည်း
ပျက်ဆီးကုန်ဆုံးသွားနိုင်တယ် ဒီလိုမျိုးကိုဆိုလိုတာနော်၊ “ဥဒကသာဓာရဏာ ဘောဂါ” ရေဖျက်ရင်လည်း ပျက်
သွားနိုင်တယ်၊ ထို့အတူ “ရာဇသာဏာရဏာာ ဘောဂါ” တိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေ သိမ်းယူသွားရင်လည်း
ပါသွားနိုင်တယ်၊ “စောရသာဓာရဏာ ဘောဂါ” သူခိုးသူဝှက်တွေ ပစ္စည်းကို လိုချင်တဲ့သူတွေက တိုက်ခိုက်
ခိုးယူသွားရင်လည်း ပစ္စည်းတွေကပါသွားနိုင်တယ်။ “အပ္ပိယဒါယာဒသာဓာရဏာ ဘောဂါ”-မချစ်မနှစ်သက်
အပ်တဲ့ သားဆိုး သမီးဆိုးတွေကြောင့်လည်းဘဲ ထိုပစ္စည်းတွေဟာ ကုန်ပြန်တာဘဲ၊ ဘယ်လောက်ပဲ ပင်ပင်ပန်း
ပန်း ရှာထားရှာထား ထိုပစ္စည်းတွေဟာ တနည်းနည်းနဲ့ ကုန်ဆုံးသွားမှာ ဖြစ်သည့်အတွက်ကြောင့် ခိုင်မာမှုဆို
တာ အလွန်တရာနည်းတယ်လို့ ဆိုလိုတာဖြစ်တယ်။
ထို့အတူဘဲ ထိုပစ္စည်းကို သုံးစွဲခွင့်ရတဲ့ ထိုပစ္စည်းရဲ့အကျိုးကို ခံစားခွင့်ရတဲ့ အချိန်ပိုင်း ကလေးကလည်း အင်မ
တန်မှ တိုတောင်းတယ်၊ သက်တမ်းနဲ့ တွက်ကြည့်မယ်ဆိုရင် အင်မတန်မှ တိုတောင်းတဲ့အတွက် ထိုအချိန်ပိုင်း
ကလေးအတွင်းမှာသာသုံးရတာ၊ ပစ္စည်းဥစ္စာဆိုတာဟာမရှိလည်း မဖြစ်ဘူး၊ ရှိလည်းထို ပစ္စည်းဥစ္စာဆိုတာ ထို
အချိန်းပိုင်းလေးအတွင်းမှာသာသုံးစွဲကြရတာပါဘဲ၊ အားလုံး တစ်နေ့ကျတော့ မိမိတို့ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ အ
ကုန်လုံးထားပြီးတော့ သွားကြရတာပါဘဲ
လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀-လောက်က မန္တလေးမြို့ကြီး တည်သွာခဲ့တဲ့ မင်းတုန်းမင်းကြီးဆိုတာ အခုရှိသေးရဲ့လား
မရှိတော့ဘူးလေ၊ သူဆောက်လုပ်စိုးစံသွားခဲ့တဲ့ နန်းတော်ကြီးတွေ အကုန်ထားခဲ့ပြီး သွားရတယ်၊ ဒါဟာသမိုင်း
က သက်သေထူလိုက်တဲ့အချက်ဘဲ။
မန္တလေးမြို့တော်သူ မြို့တော်သားတွေထဲက ဒီအရပ်မှာ နေသွားကြတဲ့ ပုဂ္ဂိုလ်တွေဟာ မြောက်များစွာရှိတယ်
သို့သော် အဲဒီပုဂ္ဂိုလ်တွေဟာ အဆောက်အဦးတွေ ပစ္စည်းဥစ္စာတွေကို ထားခဲ့ကြရတာပါဘဲ၊ အဲဒီတော့ ပစ္စည်း
ဥစ္စာတွေဟာ ခိုင်မာမှု မရှိသလို ရှည်ကြာမှုလည်း မရှိဘူးတဲ့။
ပစ္စည်းဥစ္စာကို အကြောင်းပြုပြီးတော့ သုခ ခံစားရတာရှိသလို ထိုပစ္စည်းဥစ္စာကို အကြောင်းပြုပြီး ဒုက္ခရောက်ရ
တာတွေလည်း ရှိပါတယ်။ မရှိတောင့်တ ရှိကြောင့်ကျ ဆိုတဲ့အတိုင်း ရှိထားတဲ့ ပစ္စည်းဥစ္စာပေါ်မှာ စိုးရိမ်မှု ဆို
တာတွေလည်း ရှိသေးတယ်၊ အေးဒါကြောင့်မို့ ရရှိထားတဲ့ ပစ္စည်းဥစ္စာတွေကို “မြတ်သောဥစ္စာ”လို့မဆိုလိုနိုင်
ဘူး။
မြတ်သောဥစ္စာ
ကဲ မြတ်စွာဗုဒ္ဓက ရှာဖွေစုဆောင်းဖို့ တိုက်တွန်းတဲ့ မြတ်သောဥစ္စာဆိုတာက ဘာတွေလဲ- သဒ္ဓါ သီလ ဟိရိ
သြတပ္ပ သုတ စာဂ ပညာ ဆိုတဲ့လူ့ရဲ့အရည်အချင်းတွေဘဲ ဖြစ်တယ်။
သဒ္ဓါ
နံပါတ်(၁) မြတ်သောဥစ္စာက သဒ္ဓါဖြစ်တယ် သဒ္ဓါဆိုတာ မိမိတို့ရဲ့ စိတ်သန္တာန်မှာ ဖြစ်လာသည့်အတွက်ကြောင့်
ဘယ်လို သဘာဝတရားလည်းဆိုတာကို လေ့လာရမယ်။ မိမိသန္တာန်မှာ သဒ္ဓါတရား ဖြစ်လာလို့ရှိရင် စိတ်အခြေ
အနေ ဘယ်လိုဖြစ်လာသလဲ လောကမှာ လူတွေက လှူတယ် တန်းတယ် ဆိုရင် သြော် သဒ္ဓါတရား သိပ်
ကောင်းတယ် ဒီလိုပြောကြတယ်နော်။
အေး အဲဒီ သဒ္ဓါတရားဆိုတာ ယုံကြည်ချက်(confidence) ပဲ၊ ဒီယုံကြည်ချက်ကို သဒ္ဓါလို့ခေါ်တယ်၊ ဘာတွေကို
ယုံကြည်တာလဲဆိုတော့ လောကမှာ ယုံတာတွေက အများကြီးရှိတယ်၊ ဟိုလူပြောလို့ယုံတာ၊ ဒီလူပြောလို့ ယုံ
တာတွေရှိတယ်၊ ဒီနေရာမှာ ယုံကြည်ချက်ဆိုတာ ဘာကို ယုံကြည်တာလဲဆိုရင် ကံ၊ ကံရဲ့အကျိုးကို ယုံကြည်
တာကို ခေါ်တယ်၊ ကောင်းကံ၊ မကောင်းကံဆိုတာ လောကမှာ ရှိတယ်လို့ ယုံကြည်တာကိုခေါ်တယ်။
နောက်တခုက ဗုဒ္ဓဘာသာဝင် သူတော်စင် တွေအနေနဲ့ မြတ်စွာဗုဒ္ဓရဲ့ ဉာဏ်တော်အရည်အသွေးနဲ့ပတ်သက်
ပြီး ယုံကြည်တယ်။ဘုရားဆိုတာ အားလုံးကိုသိတယ်၊ သံသရာဝဋ်က လွတ်မြောက်ကြောင်းတရားကို သိတယ်။
ဟောနိုင်ပြောနိုင်တယ်၊ သြော်မြတ်စွာဘုရားရဲ့ ဉာဏ်အရည်အသွေးကို ယုံကြည် တာကိုလည်းသဒ္ဓါလို့ခေါ်
တယ်။
နောက်တခုက မြတ်စွာဘုရား ဟောထားတဲ့တရားဟာ လက်တွေ့ကျင့်မယ်ဆိုရင် ထိုတရားကကျင့်သုံးတဲ့ပုဂ္ဂိုလ်
ကိုဆိုင်ရာအကျိုးတွေကို ပေးနိုင်တယ်လို့ ယုံကြည်တယ်၊ သံဃာတွေကို လှူလိုက်လို့ရှိရင် အနည်းငယ်မျှကို
လှူလိုက်သော်လည်း များစွာသော အကျိုးကိုပေးတယ်၊ များစွာသောအကျိုးကိုရနိုင်တယ်လို့ ဒီလိုယုံကြည်တာ
မျိုးကိုခေါ်တယ်၊ အဲဒီတော့ အချုပ်အားဖြင့် ဘုရား တရား သံဃာ ရတနာ၃ပါးကို ယုံကြည်တာကို သဒ္ဓါလို့ခေါ်
တယ်။
မိမိတို့စိတ်ထဲမှာ သဒ္ဓါဖြစ်လာရင် ယုံကြည်တယ် ဒီလို ယုံကြည်တယ် ဆိုတဲ့ စကားမှာ ယုံတယ်ဆိုတာကတစ်ခု
ကြည်တယ်ဆိုတာကတခု ဒီလိုမှတ်ရမယ်။ ယုံတယ်ဆိုတာလက်ခံတာ၊ လက်ခံတဲ့သဘောဖြစ်တယ်၊ ဒီကံ ကံရဲ့
အကျိုးဆိုတဲ့ သဘောတရားတွေကို လက်ခံထားတာ ဖြစ်တယ်၊
သဒ္ဓါတရား စိတ်ထဲမှာပေါ်လာပီဆိုတာနဲ့ တပြိုင်နက် လူရဲ့စိတ်ဟာကြည်သွားတယ် ဘာဖြစ်လို့ ကြည်သွား
တုန်းဆိုတော့ အဋ္ဌသာလိနီ အဋ္ဌကထာမှာ ဆိုထားတာက သဒ္ဓါယုံကြည်မှုဆိုတဲ့ သဒ္ဓါတရားဟာ၊ ဥပ္ပဇ္ဇမာန ရင်
ထဲမှာဖြစ်ပေါ်လာတဲ့ အခါသမယမှာ၊ နီဝရဏေ - နိဝရဏတရားတို့ကို၊ ဝိက္ခမ္ဘေတိ - ပယ်ရှားနိုင်တော့၏တဲ့
စိတ်ရဲ့ အညစ်အကြေးဆိုတာ ရှိတယ်နော်၊ ရုပ်ခန္တာကိုယ်မှာ အညစ်အကြေးရှိတယ်ဆိုတာကိုတော့ လူတိုင်းသိ
ကြတယ်၊ ရုပ်ခန္ဓာကြီး ညစ်ထေးနေရင် ဘာလုပ်ကြမှာတုန်းဆိုတော့ ရေမိုးချိုးဖြီးလိမ်းပြီး ရုပ်ခန္ဓာ သန့်ရှင်း
အောင် လုပ်ကြတယ်၊ ထို့အတူဘဲ စိတ်မှာလည်း အညစ်အကြေးတွေရှိတယ်၊ ရုပ်ကိုညစ်ပေသွားရင် ညစ်ပေ
သွားတာကို လူတိုင်းသိတယ်။ စိတ်ညစ်ပေသွားတာကိုတော့ လူတိုင်းမသိပါဘူး၊ စိတ်မှာလည်းဘဲ အဲဒီလို
ညစ်ပေသွားတာမျိုးရှိတယ်
ဘာတွေက စိတ်ကိုညစ်ပေစေတာလဲဆိုတာကိုတော့ ဓမ္မအသိဉာဏ်နဲ့မှ သိနိုင်တယ်။

စိတ်အညစ်အကြေးများ
စိတ်ကို ညစ်ပေသွားစေတဲ့ အရာတွေက ဘာတွေလဲဆိုတော့ ကာမစ္ဆန္ဒ၊ ကာမ- လိုချင်စရာအာရုံတွေကို စိတ်ဝင်
စားပီးတော့ ဆန္ဒ- လိုချင်တဲ့ တဏှာ ဖြစ်နေတာကို ခေါ်တယ်၊ လိုချင်စရာအာရုံတွေက ဘာတွေလဲဆိုတော့
မျက်စိနဲ့ မြင်လို့ရတဲ့ အာရုံ၊ နားနဲ့ကြားလို့ရတဲ့ အာရုံ၊ နမ်းရှူလို့ရတဲ့ အာရုံ၊ လျှာနဲ့အရသာခံလို့ရတဲ့ အာရုံ၊
ခန္ဓာကိုယ်နဲ့ ထိတွေ့ရတဲ့ အာရုံ၊ ဒါတွေအားလုံးဟာ လိုချင်စရာတွေဖြစ်တဲ့အပြင် အာရုံတွေနဲ့ စိတ်ကိုနှောင်ဖွဲ့
ထားလို့ “ကာမဂုဏ” လို့ခေါ်တာနော်၊ “ကာမ” ဆိုတာဟာလိုချင်စရာ၊ “ဂုဏ” ဆိုတာအနှာင်အဖွဲ့လို့ အဓိပ္ပါ
ယ်ရတယ်။
သာမန်နဲ့ ရုန်းထွက်ပြီးတော့ မသွားနိုင်ဘူး၊ မျက်စိနဲ့လည်း လှတာ၊ ပတာ ကြည့်ချင်တယ် နားနဲ့လည်း
သာယာတဲ့ အသံကိုနားထောင်ချင်တယ်၊ နှာခေါင်းနဲ့လည်း မွှေးကြိုင်တဲ့ အနံ့ကို နမ်းရှူချင်တယ်၊ ဒါတွေကို သာ
မန်နဲ့ ဖယ်ရှားပစ်နိုင်စွမ်း မရှိဘူးတဲ့၊ အဲဒီလို ကာမစ္ဆန္ဒရှိနေတဲ့ လိုချင်စရာ အာရုံတွေပေါ်မှာ စိတ်ဆန္ဒပြင်းပြနေ
တယ်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့စိတ်ဟာ ကြည်နေတာမျိုး မဖြစ်ဘူး၊ အဲဒီလိုကာမစ္ဆန္ဒတွေလွှမ်းမိုးနေတဲ့အ
တွက် ထိုပုဂ္ဂိုလ်ဟာ အဲဒီအချိန်မှာ တရားထူး မရနိုင်ဘူး၊ ထူးခြားတဲ့ အသိဉာဏ် မဖြစ်ပေါ်နိုင်ဘူး၊ အဲဒါကြောင့်
နီဝရဏတရားလို့ ခေါ်တယ်။
နီဝရဏဆိုတာ အဟန့်အတား၊ အတားအဆီးတွေဖြစ်တယ်၊ နီဝရဏကဘာကို တားဆီးတာလဲဆိုရင် ကုသိုလ်
စိတ်ကို တားဆီးတာတဲ့။ စဉ်းစားကြည့်လေ အပျော်အပါးအာရုံကို လိုက်စားနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ
ဘယ်လိုလုပ်ပြီး ဓမ္မ အသိဉာဏ် ရနိုင်မှာလဲ၊ မရနိုင်ပါဘူးနော်၊ အေး ဒါကြောင့်မို့ ကာမစ္ဆန္ဒဆိုတဲ့ သဘာဝတရား
စိတ်ထဲမှာ ဖြစ်လာပြီဆိုရင် အဲဒီ ကာမစ္ဆန္ဒကို ဖယ်ရှားပစ်ရမယ်။
ဖယ်ရှားပစ်နိုင်တာက ဟောဒီ သဒ္ဓါတရားဘဲဖြစ်တယ်။ သဒ္ဓါတရားကသာ နီဝရဏ အဟန့်အတားတွေကို ဖယ်
ရှားပစ်နိုင်တယ်၊ သဒ္ဓါတရားလေးပေါ်လာတာနဲ့ တပြိုင်နက် ဟောဒီ ကာမစ္ဆန္ဒဆိုတဲ့ ပျော်စရာ အာရုံတွေပေါ်မှာ
စိတ်ဝင်စားနေတာတွေပျောက်သွားတယ်။ ပျော်စရာအာရုံတွေနဲ့ မပျော်တော့ဘဲတရားနာမယ်၊ ဓမ္မအသိဉာဏ်
တွေကိုရအောင် လုပ်မယ်ဆိုပြီး စိတ်ဝင်စားမှုဟာ တစ်မျိုး ပြောင်းသွားတယ် အဲဒါဟာ သဒ္ဓါရဲ့စွမ်းအားကြောင့်
ဖြစ်တယ်။
ဗျာပါဒဆိုတာ စိတ်ထဲမှာ အလိုမကျဖြစ်တာ လူတွေက ကိုယ်လိုချင်တာရလို့ရှိရင် လောဘဖြစ်တယ်၊ လိုချင်
တာမရဘူးဆိုရင် ဒေါသဖြစ်တယ်။ အဲဒီဒေါသဟာလည်း ကုသိုလ်တရားတွေကို ပိတ်ဆို့တတ်တဲ့ သဘာဝတ
ရားဖြစ်လို့ နီဝရဏလို့ခေါ်တယ်၊ အဲဒီဒေါသနဲ့ အလိုမကျဖြစ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ စိတ်ဟာ ညစ်နွမ်း
နေသည့် အတွက်ကြောင့် ထူးခြားတဲ့ အသိဉာဏ်တစ်ခုရဖို့ မဖြစ်နိုင်ဘူး၊ ကုသိုလ်စိတ်ဟာ ဘယ်လိုမှ မဖြစ်
ပေါ်နိုင်ပါဘူး၊ သို့သော် သဒ္ဓါတရားလေးရှိလာပြီဆိုရင် အဲဒီအနောက်တွေ အညစ်တွေအားလုံးကို ဖယ်ပြီးတော့
စိတ်ဟာ ကြည်သွားတော့တာပါဘဲ။
ထို့အတူဘဲ ထိန၊ မိဒ္ဓ ဝင်လာတဲ့အခါမှာ စိတ်အားတွေ လျှော့လာတယ်၊ ကောင်းတဲ့ အလုပ်တွေလုပ်ဖို့ စိတ်မ
ဝင်စားဘူး၊ သီလစောင့်ဖို့ စိတ်မဝင်စားဘူး ဆိုတာတွေ ဖြစ်လာတတ်တယ်။ အဲဒီလို စိတ်ကိုတွန့်ဆုတ်စေတတ်
တဲ့ သဘာဝတရားတွေဟာ ဓမ္မအသိဉာဏ် ရဖို့ရန်အတွက် အနှောင့် အယှက်တွေဘဲ ဖြစ်တယ်။ ထိန၊ မိဒ္ဓ
ကြောင့်လည်းဘဲ တရားထူးမရနိုင်ပါဘူးတဲ့။
နောက်တစ်ခုက ဥဒ္ဓစ္စ၊ ကုက္ကုစ္စ ဥဒ္ဓစ္စ ဆိုတာ စိတ်တွေလေနေတာကိုခေါ်တယ်၊ စိတ်ဟာတည်ငြိမ်မှုမရှိဘဲနဲ့ ပျံ့
လွင့်နေတယ် ကုက္ကုစ္စ ဆိုတာ တစ်စုံတစ်ရာပေါ်မှာ နောင်တပူပန်စေတဲ့သဘောတဲ့၊ အဲဒီသဘောတရား၂ခု
ဖြစ်နေရင်လည်း စိတ်ဟာ ဆို့ပိတ်ခံထားရပြီး အသိဉာဏ်တွေ မရနိုင်ပါဘူးတဲ့။
နောက်တခုက ဝိစိကိစ္ဆာ၊ သံသယဖြစ်နေတာ၊ တရားဓမ္မနဲ့ ပတ်သက်ပြီး သံသယရှိနေမယ်၊ မြတ်စွာဗုဒ္ဓနဲ့ပက်
သတ်တဲ့သံသယ၊ အကျင့်နဲ့ပက်သက်ပြီး သံသယရှိနေမယ်ဆိုရင်လည်းတရားမရနိုင်ပါဘူးတဲ့ အေးဒါပေမယ့်
သဒ္ဓါတရား စိတ်ထဲမှာ ရောက်လာပြီးဆိုရင် အဲဒီ အခြေအနေတွေအားလုံး မိမိသန္တာန်မှာ အကုန်ပျောက်သွား
တယ်။သဒ္ဓါဆိုတဲ့ ယုံကြည်ချက်ဆိုတာ ဒါကိုပြောတာဖြစ်တယ်။
သဒ္ဓါဆိုတဲ့ ယုံကြည်ချက်သည် မိမိတို့၏ သန္တာန်မှာ ဖြစ်ပေါ်လာတဲ့အခါမှာ နီဝရဏတရားတို့ကို ဖယ်ရှားပစ်နိုင်
တယ်၊ သဒ္ဓါကြောင့် စိတ်ရဲ့ အညစ်အကြေးတွေနစ်မြုပ်သွားတယ်၊ သဒ္ဓါတရားလေး ပေါ်လာလို့ရှိရင် စိတ်ရဲ့အ
ညစ်အကြေးတွေ အကုန်ပျောက်သွားပီးတော့ ဘာဖြစ်လာသလဲဆိုရင် သဒ္ဓါကြောင့် ကြည်နေတဲ့ စိတ်နဲ့ အလှူ
ပေးလှူတယ်၊ သီလဆောက်တည်တယ်၊ ဘာဝနာတရားတို့ကို ပွားများအားထုတ်တယ်၊ ဟော- သဒ္ဓါတရားရှိ
လာပြီဆိုရင် လှူချင်တဲ့ စိတ်တွေ၊ သီလ ဆောက်တည်ချင်တဲ့စိတ်တွေ ကုသိုလ်လုပ်ချင်တဲ့ စိတ်တွေပေါ်လာ
မယ်နော်။
ဘုန်းကြီးတို့ တရားနာပရိတ်သတ်တွေ မိမိတို့ရဲ့ စိတ်ကို ပြန်ပြီးတော့ checking လုပ်ကြည့်စမ်းပါ၊လူတွေက
ဆေးရုံတွေကို သွားပြီးတော့ medical check up လုပ်ကြတယ်၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စစ်ဆေးကြသလို
ပါဘဲ ကိုယ့်ရဲ့စိတ်ထဲမှာ ဒီလိုအညစ်အကြေးတွေရှိသလား ဆိုတာကို စစ်ဆေးကြည့်ရမယ်။
အဲဒီလိုလုပ်လိုက်တဲ့ အခါမှာ သဒ္ဓါတရားမရှိတဲ့စိတ်နဲ့ သဒ္ဓါတရားရှိလာတဲ့အခါမှာ ဖြစ်တဲ့စိတ်ဟာ အလွန်ကွာ
ခြားတာကိုတွေ့ရမယ်၊ သဒ္ဓါတရားဖြစ်လာတဲ့အခါမှာ လှူဖို့တန်းဖို့ စိတ်ကူးလာတယ်၊ သီလစောင့်တည်ဖို့
စိတ်ကူးလာတယ်၊ တရားအားထုတ်ဖို့ စိတ်ဝင်စားလာတယ်၊ သဒ္ဓါတရားရှိလာလို့ စိတ်ကြည်လင်လာတာနဲ့
တပြိုင်နက် အိမ်ရဲ့ ဘုရားခန်းမှာ ဘုရားပန်းတွေ နွမ်းနေသလား သောက်ရေချမ်းတော်တွေမှ ရှိရဲ့လား စသည်
ဖြင့်ဘုရားခန်းကို ကြည့်လားတယ်၊ သဒ္ဓါတရားဝင်လာတာနဲ့ တပြိုင်နက် ဘုရားခန်းကိုကြည့်ပြီးတော့ သန့်ရှင်း
ရေးတွေ လုပ်လာတယ်၊ ရေကြည်တော်တွေ ကပ်တယ် ပန်းလှူတယ်၊ ဟော ကုသိုလ်ကောင်းမှုတွေ လုပ်လာ
တယ် အကယ်၍ သဒ္ဓါတရားမရှိဘူးဆိုရင်တော့ ဘုရားခန်းကို လှည့်တောင်မှ မကြည့်ဖြစ်ပါဘူး၊ ကုသိုလ်
ကောင်းမှုတွေကို မလုပ်ဖြစ်တော့ဘူးနော်။

No comments:
Post a Comment