ဆံပင်၊ မွေးညင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊
အရေ၊ အသား၊ အကြော၊ အရိုး၊ ရိုးတွင်းချင်ဆီ၊ အညှို့၊ နှလုံး၊ အသည်း၊ အမြှေး၊
အဖျဉ်း၊ အဆုတ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးဏှောက်၊ သည်းခြေ၊
သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ၊ မျက်ရည်၊ ဆီကြည်၊ နှပ်၊ တံတွေး၊ အစေး၊
ကျင်ငယ်၊ အဲဒီ သုံးဆယ့်နှစ်ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို အပြန်ပြန်
အလှန်လှန်စီးဖြန်းပါ။
အခါတစ်ပါးတုန်းကတော့ မြတ်စွာဘုရားက
ညီတော်နန္ဒမင်းသားကို ဒီသုံးဆယ့်နှစ်ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို အပြန်ပြန်အလှန်လှန်
စီးဖြန်းခိုင်းဖူးပါတယ်…ဇနပဒကလျာနီ ကို မရလို့ ဆောက်တည်ရာမရဖြစ်နေတဲ့
ညီတော်မင်းနန်ကို တရားရေအေးတိုက်ကျွေးတော်မူခဲ့ခြင်းလည်း ဖြစ်ပါတယ်။
by အတုမရှိ ဗုဒ္ဓမြတ်စွာ
No comments:
Post a Comment