"စာဝင်ဖတ်သူဓမ္မမိတ်ဆွေအပေါင်းအာ3း48ဓမ္မဘလော့ဒ်မှနွေးထွေးစွာကြိုဆိုပါ၏"

"စာဝင်ဖတ်သူဓမ္မမိတ်ဆွေအပေါင်းအာ3း48ဓမ္မဘလော့ဒ်မှနွေးထွေးစွာကြိုဆိုပါ၏"

Wednesday, May 22, 2013

ကဆုန်လပြည့် ဗုဒ္ဓနေ့



ကဆုန်လ ။ ကဆုန်ဟု ယခုအရေးအခေါ် ပြုနေသောလ၏ အမည်ကို ပုဂံခေတ်ထိုး ကျောက်စာတို့တွင် ကုဆုန်ဟု အရေးများသည်။ ပုဂံခေတ်၌ အသုံးတွင်ကျယ်သော ကုဆုန်၊ ကဆုန်ဟူသော အရေးနှစ်မျိုးတွင် ကုဆုန်သည်မူလဖြစ်၍ ယင်းမှ ကဆုန်သို့ ရွေ့လျောသည်ဟု ယူဆရပေသည်။
ကု၊ က၏အနက်သည် ရေဖြစ်၍၊ ဆုန်၏ အနက်မှာ သွန်းလောင်းသည်ဟု ဖြစ်သောကြောင့် ကဆုန်လကို ရေသွန်းလ၊ ရေလောင်းလဟုကောက်ယူရသည်။ ကုဆုန်၊ ကဆုန်ဟူသော လ၏အခေါ်မှာ အလွန်ရှေးကျ သည်ကိုထောက်သော် မြန်မာနိုင်ငံသို့ သာသနာရောက်သည့် အခါမှစ၍ ညောင်ရေသွန်းပွဲတော် ကျင်းပခြင်း အလေ့လည်းတစ်ပြိုင်တည်း ဖြစ်ပေါ်လာသည်ဟု ထင်မှတ်ရလေသည်။
တန်ခူး၊ ကဆုန်စသော ဆယ်နှစ်လတို့တွင် ကဆုန်၊ ဝါဆို၊ ဝါခေါင်၊ သီးတင်းကျွတ်၊တန်ဆောင်မုန်း၊ နတ်တော် ဟူ၍ ခြောက်မျိုးသော အခေါ်တို့မှာ သာသနာရေးကိုးကွယ် ယုံကြည်ရေးနှင့်သက်ဆိုင်လေသည်။ ဤကဆုန်လ ရာသီတွင် နေအရှိန်အပြင်းထန်ဆုံး ဖြစ်သောကြောင့် ရေများပင်ခန်းခြောက်လေ့ရှိရကား၊ မြတ်စွာဘုရား ပွင့်တော်မူရာ ဗောဓိပင်ကို ရည်မှတ်ကာ ဗောဓိပင်အပွားတော်များကို တပျော်တပါး ရေစင်သွန်းလောင်းခြင်းများ ပြုခဲ့ကြသဖြင့် လပြည့်နေ့၌ ကျင်းပသောပွဲတော် အခါကြီးကို ကဆုန် ညောင်ရေသွန်းပွဲတော်ဟုလည်း ခေါ်စမှတ်ပြုခဲ့ကြသည်။ ထိုမျှမက ခန်းခြောက်သော အင်းအိုင် ၊ ရေကန်တို့မှ ငါးများကိုပင် ရေများရာဒေသသို့ ရွှေ့ပြောင်းပေးခြင်းအားဖြင့်လည်း ဇီဝိတဒါန ငါးလွှတ်ပွဲများကို ယခုထက်တိုင် ပြုလုပ်လျက်ရှိကြသည်။
ကဆုန်လသည် မြန်မာ့တစ်ဆယ့်နှစ်လတွင် ဒုတိယလဖြစ်၍ ပြိဿရာသီနှင့်တူညီသည်။ မိုးဦးကျခါနီး ဖြစ်သည့် အလျောက်မိုးသံလေသံများ စတင်ကြားရလေသည်။
ကဆုန်လပြည့် ။ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓသာသနာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးဖြစ်ပေသည်။ ထိုနေ့၏ ထူးခြားချက်များကား
၁။ ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရားထံမှ နိယတဗျာဓိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခြင်း။
၂။မဟာသက္ကရာဇ် (၆၈) ကဆုန်လပြည့်နေ့တွင် ဂေါတမမြတ်စွာဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခြင်း။
၃။ မဟာသက္ကရာဇ် (၁၀၃) ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမမြတ်စွာဘုရားအလောင်းတော် သည် သဗ္ဗညုတဥာဏ်တော်ကို ရရှိတော်မူခြင်း။
၎။မဟာသက္ကရာဇ် (၁၄၈)ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းတို့ဖြစ်သည်။
ထိုကဲ့သို့မြတ်စွာဘုရားရှင်၏ အဖြစ်တော်စဉ်တွင် ထူးခြားမှတ်သားထိုက်သော ဤကဆုန်လပြည့်နေ့အား ဘုရားနေ့(ဗုဒ္ဓနေ့) ဟု ဗုဒ္ဓသာသနာဝင် အပေါင်းတို့က အထွက်အမြတ် ထားကြလျက် မြတ်စွာဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတ ရွှေဥာဏ်တော်ကို ရတော်မူရန် အားထုတ်ရာတွင် အမှီပြုတော်မူသော ဗောဓိပင် အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုကြကုန်သည်။ ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့သော ဗောဓိပင်ကိုလန်းဆန်းစိုပြည်စေရန်အတွက် ဖြစ်ပေသည်။
ထိုအလေ့အထသည် ဗုဒ္ဓသာသနာဝင်တို့တွင် ပျောက်ကွယ်ခြင်းမရှိဘဲ ယခုထက်တိုင် နှစ်စဉ်အမြဲ ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းလောင်းပွဲများပြုလုပ်လျက် ရှိကြလေသည်ဟု (ဗုဒ္ဓနေ့ အမှတ်တရ) အဖြစ် ဓမ္မဒါနပြုလိုက်ရပါသည်။
ကိုးကား။ ။ မြန်မာ့စွယ်စုံကျမ်း။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

မေး။ ။ ဗုဒ္ဓဖြစ်ဖွယ်၊ နေ့၌ဝယ်၊ ဘယ်သူ ဆွမ်းတော်ကပ်သနည်း။
ဖြေ။ ။ ဗုဒ္ဓနေ့မှာ၊ သုဇာတာလျှင်၊ ဃနာနို့ဆွမ်း၊ ခွက်ပါကမ်း၊ လှူဒါန်း ဆက်ကပ်ပါသတည်း။
ဥရုဝေဠတော၏ အနီး ‘သေနာ’မည်သော နိဂုံး ရှိ၏။ ထိုနိဂုံးသဌေး၏ သမီးသည် ‘သုဇာတာ’ မည်၏။ ထိုသတို့သမီးသည် အပျိုဘဝတုန်းက ညောင်ပင်ကြီးသို့ ချဉ်းကပ်၍ ‘အမျိုးတူ သဌေးသားနှင့် လက်ထပ်ရအောင်, သားဦးရတနာရအောင် စောင်မပါ။ တောင့်တတိုင်း ပြည့်စုံလျှင် နှစ်စဉ် ပူဇော်ပါမည်’ဟု နတ်ကို တောင်းပန်ဖူး၏။
ထို တောင့်တတိုင်း ပြည့်စုံသောကြောင့် ကဆုန်လပြည့်နေ့၌ ရုက္ခစိုးနတ်မင်းကို နှစ်စဉ် ပူဇော်မြဲ ဖြစ်၏။
ထိုနေ့၌ကား ကျွန်မတစ်ယောက်နှင့်အတူ နံနက်စောစော အပူဇော်လာသောအခါ ညောင်ပင်အောက်၌ ထိုင်နေတော်မူသော အလွန်သပ္ပာယ်လှပသော ဘုရားအလောင်းကိုပင် သူ့ကို စောင်မသော နတ်ဟု ထင်မှတ်၍ အလွန်ကြည်ညိုရကား နို့ဃနာဆွမ်းကို ရွှေခွက်ပါ လှူဒါန်း ဆက်ကပ်လေသည်။
(နို့ထမင်းပျစ်ပျစ်ကို ‘ဃနာနို့ထမင်း’ဟု ခေါ်၏။ ဃန = ပျစ်သော။)
မေး။ ။ နို့ဆွမ်းဃနာ၊ ဘုဉ်းပေးကာ၊ ခွက်မှာ ဘယ်သို့သုံးသနည်း။
ဖြေ။ ။ နေရဉ္ဇရာ၊ မြစ်ကမ်းသာဝယ်၊ လောင်းလျာ ရပ်နား၊ ဆွမ်းကို စား၍၊ ဘုရားဖြစ်ရန်၊ ယနေ့မှန်လျှင်၊ ဆန်စေ မြစ်ညာ၊ ဓိဋ္ဌာန်ကာ၊ ရေမှာ ရွှေခွက်မျှောသတည်း။
သုဇာတာ၏ ဃနာနို့ဆွမ်းကို နေရဉ္ဇရာမြစ်ကမ်း၌ လေးဆယ့်ကိုးလုတ် ဘုဉ်းပေးတော်မူလေ၏။
ထိုသို့ ဘုဉ်းပေးပြီးလျှင် ‘ယနေ့ ဘုရားဖြစ်မည် မှန်လျှင် ဤရွှေခွက်သည် ရေညာသို့ ဆန်တက်ပါစေသတည်း’ဟု ဓိဋ္ဌာန်၍ မြစ်ရေမှာ မျှောလေ၏။
ရွှေခွက်လည်း ရေညာသို့ ဆန်တက်လေတော့သည်။
မေး။ ။ ဘယ်နေရာတွင်၊ နေ့သန့်စင်၍၊ ထို့ပြင်တခန်း၊ ညနေချမ်း၊ ကြွလှမ်း ရှေးရှု ဘယ်သို့နည်း။
ဖြေ။ ။ အင်ကြင်းတောတွင်၊ နေ့သန့်စင်၍၊ ထို့ပြင်တခန်း၊ ညနေချမ်း၊ ကြွလှမ်း ဗောဓိပင်သို့တည်း။
ထို့နောက် ထိုမြစ်ကမ်းနှင့် မလှမ်းမကမ်းဝယ် အင်ကြင်းတော၌ နေ့သန့်စင်တော်မူ၏။
(နေ့အခါ၌ တရားဖြင့် စိတ်သန့်ရှင်းအောင် နေခြင်းကို ‘နေ့သန့်စင်’ဟု ခေါ်၏။)
ညနေချမ်း၌ကား ထိုနေရာမှ ဗောဓိညောင်ပင်သို့ ကြွတော်မူ၏။
ထိုသို့ ကြွတော်မူရာ၌ လမ်း၌ မြက်ရိတ်၍ ပြန်လာသော ပုဏ္ဏားတစ်ယောက်က ဘုရားအလောင်းအား မြက်စည်းကလေး ရှစ်စည်းကို လှူလိုက်လေသည်။
မေး။ ။ ဗောဓိပင်သာ၊ ရောက်သောခါ၊ လောင်းလျာ ဘယ်သို့နေသနည်း။
ဖြေ။ ။ ဗောဓိပင်မြတ်၊ အရှေ့ရပ်၌၊ ချဉ်းကပ်ထိုင်ကာ၊ ဘာဝနာ၊ ကောင်းစွာ ပွား၍ နေသတည်း။
ငါတို့ ဘုရားအလောင်းတော်သည် ဗောဓိညောင်ပင်သို့ ရောက်သောအခါ အရှေ့ဖက်မှ ဗောဓိပင်သို့ ကပ်ဝင်၍ အသင့်ယူလာသော မြက်ရှစ်စည်းကို ဖြန့်ခင်းတော်မူ၏။
ထို့နောက် ဗောဓိပင်ကို နောက်ကျောပြုလျက် အရှေ့ဖက်သို့ မျက်နှာမူ၍ တင်ပလ္လင်ဖွဲ့ခွေ ထိုင်နေတော်မူသည်။
ထိုသို့ ထိုင်နေခြင်းကား အခြားအခါ ထိုင်နေခြင်းနှင့် မတူ။
“အရေ အကြော အရိုးတို့သာ ကြွင်းကျန်၍ အသားနှင့် အသွေးတွေ ခြောက်ခန်းသွားစေကာမူ ဘုရားမဖြစ်လျှင် ဤတင်ပလ္လင်ခွေကို မဖျက်တော့အံ့”ဟု အလွန် စွဲမြဲသော ဇွဲဝိရိယဖြင့် ဓိဋ္ဌာန်၍ ထိုင်နေတော်မူခြင်း ဖြစ်သည်။
ထိုသို့ ထိုင်နေပြီးလျှင် အာနာပါနကမ္မဋ္ဌာန်း ဘာဝနာကို စီးဖြန်းပွားများနေတော်မူသည်။
ထိုအချိန်၌ နေ မဝင်သေး။
ဗောဓိပင်မှ အရွက်ဟောင်းများသည် တဖြောက်ဖြောက် ကြွေကျ၍ အရွက်သစ် အညွန့်ကလေးတွေ သန္တာနီကလေးများကဲ့သို့ ထွက်နေကာ လွန်စွာ ကြည်နူးဖွယ်ရာ အချိန်ပါပေတည်း။
မေး။ ။ ထိုသို့နေခါ၊ ဘယ်သူလာ၊ ဘာကို အရေးဆိုသနည်း။
ဖြေ။ ။ ထိုသို့နေခါ၊ မာရ်နတ်လာ၊ နေရာပလ္လင် လုသတည်း။
ထိုသို့ ထိုင်နေပုံကို မြင်ရသော မာရ်နတ်သည် အနှောင့်အယှက် ပေးလိုသောသဘောဖြင့် သူ၏ အာဏာ ပျံ့နှံ့ရာဖြစ်သော နတ်စစ်သည်အပေါင်းကို ဆင့်ခေါ်၍ သူကိုယ်တိုင်လည်း ဂိရိမေခလာ ဆင်ပြောင်ကြီးကို တက်စီးကာ စစ်တပ်ကြီး ချီ၍ လာလေသည်။
ထိုသို့ စစ်တပ်ချီ၍ လက်နက်မျိုးစုံ ခြိမ်းခြောက်သံ မျိုးစုံတို့ဖြင့် အနှောင့်အယှက်ပေးနေသော မာရ်နတ်ကို ဘုရားအလောင်းတော်သည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းပတ်လုံး ဖြည့်ကျင့်တော်မူခဲ့သော ပါရမီတော်စစ်တပ်ဖြင့် ခုခံတော်မူလေ၏။
နောက်ဆုံး၌ ‘ဝေဿန္တရာမင်းဘဝတုန်းက ဒါနပါရမီဖြည့်တော်မူစဉ် အသင်မြေကြီးသည် ပြင်းထန်စွာ တုန်လှုပ်ဖူးသည် မဟုတ်လော’ဟု မိန့်တော်မူ၍ လက်တော်ဖြင့် မြေကြီးကို ညွှန်ပြတော်မူလိုက်ရာ သွက်သွက်ခါအောင် ပြင်းထန်စွာ တုန်လှုပ်လေသည်။
ထိုအခါ ဂိရိမေခလာဆင်ပြောင်ကြီးသည် ဒူးတုပ်၍ ဝပ်နေရ၏။
စစ်တပ်တို့လည်း လန့်ပြေးကြ၏။
ဤသို့ နေမဝင်မီ မာရ်နတ်ရန်ကို အောင်တော်မူပြီးနောက် တင်ပလ္လင်ဖွဲ့ခွေ ထိုင်နေမြဲ ထိုင်နေကာ ကမ္မဋ္ဌာန်းဘာဝနာကို ဆက်လက်၍ ပွားများတော်မူလေသည်။
မေး။ ။ မာရ်နတ်မင်းရန်၊ အောင်ပြီးပြန်၊ ဘယ်ဉာဏ် ဘယ်ချိန်ရသနည်း။
ဖြေ။ ။ ညဥ့်ဦး အလယ်ယာမ်၊ မိုးသောက်ယာမ်၊ ဉာဏ် ‘ပု’ ‘ဒိ’ ‘အာ’ ရသတည်း။
ကမ္မဋ္ဌာန်းဘာဝနာတို့ကို ဆက်လက်၍ ကြိုးစားတော်မူသော ငါတို့ ဘုရားအလောင်းတော်သည် ညဥ့်ဦးယာမ်အချိန်မှာ ‘ပု’=ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို ရတော်မူ၏။
ထိုဉာဏ်၏ အစွမ်းဖြင့် ရှေးရှေး ဘဝများစွာ၌ ဖြစ်ခဲ့သမျှအားလုံးကို သိတော်မူသည်။
(ပုဗ္ဗေ=ရှေးရှေးဘဝ၌ + နိဝါသ=နေထိုင်ခဲ့သမျှကို + အနုဿတိ=အောက်မေ့နိုင်ခြင်း)
ထို့နောက် သန်းခေါင်ယာမ်ခေါ် ညဥ့်လယ်ယာမ်၌ ‘ဒိ’=ဒိဗ္ဗစက္ခုကို ရတော်မူ၏။
ထိုဉာဏ်၏အစွမ်းဖြင့် နတ်မျက်စိကဲ့သို့ အလွန်ဝေးကွာသောအရပ်မှာ ရှိသော သတ္တဝါတို့ကိုလည်းကောင်း၊ အလွန်သေးငယ်စွာသော သတ္တဝါတို့ကိုလည်းကောင်း မြင်တော်မူရသည်။
(ဒိဗ္ဗ=နတ်မျက်စိနှင့်တူသော + စက္ခု=ဉာဏ်အမြင်)
ထို့နောက် မိုးသောက်ယာမ်ခေါ် နောက်ဆုံးယာမ် အရုဏ်တက်အချိန်၌ ‘အာ’=အာသဝက္ခယဉာဏ်ခေါ် အရဟတ္တမဂ်ဉာဏ်ကို ရတော်မူ၏။
ထိုဉာဏ်၏အစွမ်းဖြင့် စိတ်အစဉ်မှာ ကိန်းဝပ်နေသော ကိလေသာတွေ အကြွင်းအကျန် မရှိ ကုန်ခန်းသွားလေသည်။
မေး။ ။ အဘယ်ဉာဏ်တော်၊ ရလတ်သော်၊ ဘုန်းမော် ဗုဒ္ဓဖြစ်သနည်း။
ဖြေ။ ။ လပြည့်ကဆုန်၊ ချိန်အရုဏ်ဝယ်၊ သုံးဆယ်နှင့်ငါး၊ သက်တော်အားဖြင့်၊ တရားကုန်စင်၊ အစုံမြင်ဖို့၊ သဗ္ဗဉ်ဉာဏ်တော်၊ ရလတ်သော်၊ ဘုန်းမော် ဗုဒ္ဓဖြစ်သတည်း။
ထိုသို့ အရဟတ္တမဂ်ဉာဏ် ရလျှင်ပင် သဗ္ဗညုတာဉာဏ်ဟု ခေါ်သော ဉာဏ်တော်ကြီးကိုလည်း တခါတည်း ရပြီး ဖြစ်လေတော့၏။
ဥပမာ – ရှင်ဘုရင်ဖြစ်ဖို့ ဘိသိက်မြှောက်လိုက်သည်နှင့်တပြိုင်နက် ဆိုင်ရာတိုင်းပြည်ကိုလည်း အပိုင်ရတော့သကဲ့သို့တည်း။
ထိုသဗ္ဗညုတာဉာဏ်တော်၏အစွမ်းဖြင့် သိစရာဟူသမျှ မကျန်ရအောင် အလုံးစုံကို အကုန်အစင် သိမြင်တော်မူသည်။
(သဗ္ဗ=အလုံးစုံကို + ညုတာ=သိနိုင်သူ၏ဖြစ်ကြောင်း ဉာဏ်တော်)
ထိုသဗ္ဗညုတာဉာဏ်တော်ကို ရသောကြောင့်ပင် ဘုရားရှင်ကို “ဗုဒ္ဓ = အလုံးစုံသိသော ဘုရား”ဟု ကိုယ်တော်တိုင်လည်း ဝန်ခံတော်မူ၏။
စုံစမ်း စိစစ်သောအခါ ပညာရှိ ပါမောက္ခကြီးတို့ကလည်း အသိအမှတ် ပြုကြရလေသည်။
ထိုအချိန်မှာ “ဧကန် ဘုရားဖြစ်တော့မည်”ဟု ယုံကြည်နေကြသော တန်ခိုးကြီးသော နတ်မင်း ဗြဟ္မာမင်းတို့သည် ဗုဒ္ဓမြတ်စွာ၏ အလွန် တည်ငြိမ်၍ အထူး ကြည်လင်သော မျက်နှာတော်ကို မြင်ရသောအခါ လွန်စွာ အားရ “ဘုရားဖြစ်ပြီ”ဟု ယူဆ၍ ပန်းမျိုးစုံတို့ဖြင့် ပူဇော်ကြလေ၏။
ကမ္ဘာကြီးလည်း ဝမ်းသာ အားရသကဲ့သို့ ဘုရားရှင်၏ ဉာဏ်တော်တန်ခိုးကြောင့် အမျိုးမျိုး ယိမ်းထိုးကာ ပြင်းထန်စွာ တုန်လှုပ်ပါလေသည်။

ထို ဗုဒ္ဓမြတ်စွာ ဖြစ်တော်မူသည့်နေ့သည် သက်တော်လည်း ၃၅ နှစ် တင်းတင်းပြည့်ရာ ကဆုန်လပြည့် (ဆင်မင်းဖြင့် မှတ်သားအပ်သော) ဗုဒ္ဓဟူးနေ့တည်း။
လယ်တီဆရာတော်ဘုရားကြီး၏ လင်္ကာကို အောက်ပါအတိုင်း မှတ်ပါ။
(မြေ့ပရမေ = အမြတ်ဆုံးမြေ၊ ထိုမြေပလ္လင်၌ ညောင်ပင်ကြီးကို ‘ဗိတာန်ထီး’ကဲ့သို့ ဆောင်း၍ နေတော်မူသည် ဟု ထိုလင်္ကာ၌ ဆိုလိုသည်။)
လင်္ကာ
တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍
ခါတော်တဖုံ၊ ပွင့်ချိန်ကြုံက
ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်
မြေ့ ပရမေ၊ ပလ္လင်ဗွေထက်
ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်
မငြီး ကြည်ဖြူ၊ နေတော်မူလျက်
ရန်သူခပင်း၊ အမိုက်သင်းကို
အရှင်းပယ်ဖျောက်၊ အလင်းရောက်က
ထွန်းတောက် ဘုန်းမော်၊ သောင်းလုံးကျော်သည်
သုံးဘော်လူတို့ ငြိမ်းဖွယ်ကို့။
(အမရပူရမြို့၊ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ပန္နရသမကျမ်းစာ ‘ဘုရား အဖြစ်တော်စဉ် ဗုဒ္ဓဝင် မေး ဖြေ’ မှ ကူးယူ ကြည်ညို၏။)

  သီတဂူဆရာတော်အရှင်ဥာဏိဿရဟောကြားတော်မူသော ကဆုန်လပြည့်ဗုဒ္ဓနေ့ရှင်းတမ်းတရားတော်များလင့်
http://acquireblogspotcom.blogspot.com/2012/05/blog-post_04.html
 

Friday, April 5, 2013

ကျေးဇူးတော်ရှင် ဆရာတော်ကြီးများ၏ တန်ဖိုးရှိသောလင်္ကာများ



ဓမ္မပါလာ ကြွေးကြော်သံ
ဗုဒ္ဓမြတ်စွာ လောင်းလျာတုန်းက၊ နောက်ဆုံးအထိ ပါရမီ၊
လူနတ်များစွာ ချမ်းသာရေးမို့၊ အသက်ပေးလို့ ဖြည့်ကျင့်သည်။
ခုရောနောင်ပါ သာသနာအတွက်မို့၊ ငါပါ အသတ်ဆုံးစေမည်။
နောက်မဆုတ်ပေါင် ခုလိုတွေးလို့၊ ကုသိုလ်ရေးမို့ ကြိုးစားမည်
(တို့အားလုံး) ကြိုးစားကြမည်။
(ဆရာတော် အရှင်ဇနကာဘိဝံသ)

သီလကိုးကွယ်ရာ
သီလ ရနံ့၊ မွှေးပျံ့ကြိုင်စွာ၊
သီလ ဆင်သိုင်း၊ ရှုတိုင်း လှပါ၊
သီလ စောင့်ငြား၊ မလား ပါယ်ရွာ၊
မြတ်သီလ၊ စိတ်ချကိုးကွယ်ရာ။
(မဟာစည်ဆရာတော် ဘုရားကြီး)

စိတ်ကိုဆုံးမပါ
အရေးမလှတွေးသမျှ၊ ဆွေးရတာလည်း ဒီစိတ်ပဲ။
တရားမဝင် အများပင် မှားချင်တာလည်း ဒီစိတ်ပဲ။
နှလုံးမဝင် မပြုံးရွှင်၊ မုန်းချင်တာလည်း ဒီစိတ်ပဲ။
အပြစ်မမြင် အနှစ်ထင် ချစ်ခင်တာလည်း ဒီစိတ်ပဲ။
ကာမဂုဏ်တွင် အာရုံဝင် ပျော်ရွှင်တာလည်း ဒီစိတ်ပဲ။
အကန်းအသွင်အရမ်းနှင်ကြမ်းခြင်တာလည်း ဒီစိတ်ပဲ။
အပြုအပြင် လူ့တခွင် နုချင် တာလည်း ဒီစိတ်ပဲ။
သတိဥာဏ်ယှဉ် သမ္ပဇဉ် သိမြင်တာလည်း ဒီစိတ်ပဲ။
ဒါန သီလ သမထ ပြုကြတာလည်း ဒီစိတ်ပဲ။

သာသနာကို မကြည်ညို တွန့်တိုတာလည်း ဒီစိတ်ပဲ။
အနေမကျ ခြေမကျ သေရတာလည်း ဒီစိတ်ပဲ။
ဘာဝနာရုပ်၊နာမ်အမြင်သန် ကျင့်ကြံတာလည်း ဒီစိတ်ပဲ။
တစ်မဂ် တစ်ဖိုလ်၊ ရက်တိုတိုရောက်လိုတာလည်း ဒီစိတ်ပဲ။
(တောင်ကလေး ဆရာတော်)

စိတ်ကိုလည်းပြင်ရုပ်ကိုလည်းပြင်ကြပါစို့
၁။ တန်းတူတွေ့လျှင်၊ မေတ္တာဝင်
     မဝင်နိုင်က၊ ပြိုင်တတ်တယ်။
၂။ပြိုင်မည့်အစား၊ မေတ္တာပွား
    စိတ်ထားပြုပြင်၊ ပြောင်းပါ့မယ်။
၃။ကိုယ့်အောက်တွေ့လျှင်၊ ကရုဏာဝင်၊
    မဝင်နိုင်က၊ နိုင်တတ်တယ်။
၎။နိုင်မည့်အစား၊ ကရုဏာပွား၊
    စိတ်ထားပြုပြင်၊ ပြောင်းပါ့မယ်။
၅။ကိုယ့်ထက်သာလျှင်၊ မုဒိတာဝင်၊
    မဝင်ဣဿာ၊ ယိုင်တတ်တယ်။
၆။ယိုင်မည့်အစား၊ မုဒိတာပွား၊
    စိတ်ထားပြုပြင်၊ ပြောင်းပါ့မယ်။
၇။စိတ်ကိုလည်းပြင်၊ ရုပ်လည်းပြင်
    ပြင်ဆင်တိုင်းလှ၊ ပြုတိုင်းရ၊
    သုခနိဗ္ဗာန်၊ တိုင်လိမ့်မယ်။
(ဒုတိယ မစိုးရိမ်ဆရာတော်ဘုရားကြီး)

အနှစ်သုံးပါး
စည်းစိမ်ဥစ္စာ အနှစ်ရှာ ပြုပါဒါနမှတ်။
မိမိခန္ဓာ အနှစ်ရှာ စောင့်ပါသီလမှတ်။
အသက်ဇီဝါ အနှစ်ရှာ ဘာဝနာဟုမှတ်။
လှူပါ၊ စောင့်ပါ၊ ပွားများပါ သုံးဖြာအနှစ်မှတ်။
(မင်းကွန်းဆရာတော် ဘုရားကြီး)

လာလမ်းဆီသို့
အထုပ်ကိုယ်စီ ပိုက်ကာချီ၊
လာလမ်းဆီသို့ သွားကြသည်။
မလုံတလုံ ဝတ်ပိုင်ခြုံ
ဘယ်ပုံဒဏ်တို့ တားပါ့မယ်။
နေပူမိုးရွာ ထီးမပါ၊
ကြီးစွာဒုက္ခ ကြုံတော့မယ်။
မိုးချုပ်လှပြီ ခရီးသည်၊
ဘယ်ဆီဝင်လို့ အိပ်ပါ့မယ်။
(ဆရာတော်ဘဒ္ဒန္တကုဏ္ဍလာဘိဝံသ)

ဘုရားကျေးဇူး
ဘုရားရှင်တော်၊ မပွင့်ပေါ်လျှင်၊
လူတော်အများ၊ စိတ်ကောင်းထားလည်း၊
ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊
ထိုထိုဘုံဘဝ၊ မသိရ၊ များလှအပြစ်တွေ။
ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍၊
ဟောဖော်ညွှန်ကြား၊ မြတ်တရားကြောင့်၊
ဤကားကုသိုလ်၊ အကုသိုလ်နှင့်
ထိုထိုဘုံဘဝ၊ သိကြရ၊ များလှကျေးဇူးပေ။
ကျေးဇူးတော်ရှင်၊ ဘုရားရှင်ကို၊ ဥုးတင်မပြတ်
ကျေးဇူးဆပ်ဖို့၊ အမြတ်ရတနာ၊ သာသနာ၏၊
နိုင်ရာဝန်ထမ်း၊ ကိုယ်စီစွမ်း၊ ကြိုးပန်းကြပါလေ။
(အရှင်ဇနကာဘိဝံသ မဟာဂန္ဓာရုံဆရာတော်)

မြတ်ဗုဒ္ဓမိန့်ခွန်း
ဖြစ်ပျက်နှစ်ဖြာ၊ မမြင်ပါဘဲ၊
တစ်ရာအသက်၊ ရှည်သည်ထက်လည်း၊
ဖြစ်ပျက်နေဟန်၊ ရုပ်နှင့်နာမ်ကို၊
အမှန်မြင်လျက်၊ ဉာဏ်စဉ်တက်၍၊
တစ်ရက်တာမျှ၊ သက်ရှည်ရသော်၊
လောကလူရွာ၊ ကောင်းမြတ်သာသည်၊
မြတ်ဗုဒ္ဓ၊ မိန့်ခွန်းတည်း။
(မဟာစည် ဆရာတော်ကြီး)

အသံလုပ်ဒေသနာ
အသံလုပ်ကာ၊ ဒေသနာဝယ်၊ သေချာအမှန်၊ ကိုယ့်အသံကို၊
ကိုယ်ပြန်၍ထိ၊ တဏှာငြိလျက်၊ နာသည့်လူပေါင်း၊
တဏှာပြောင်းသား၊ သူကောင်းဉာဏ်မြင်၊ လွန်ပြစ်တင်၏၊
ထိုပြင်တရှိ၊ သမာဓိလည်း၊ ကင်းဘိပေါက်ကြား၊
နောက်နောက်သားတို့၊ လိုက်စားအတု၊
ဤငါးခုသည်၊ မှတ်ရှုရမြဲ အပြစ်တည်း၊
(အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာ)

နင်မဟုတ်
နင်နဲ့မဆိုင်၊ နင်ပိုင်မဟုတ်၊ နင့်ရုပ် နင့်နာမ်၊
နင့်သဏ္ဌာန်ကို၊ နင့်ဉာဏ်မစူး၊ အပေါ်ဖြူး၍၊
မူးမူးမေ့မေ့၊ အများလေ့ဖြင့်၊ နေ့ရက်အပို၊ လွန်ခဲ့တုံပြီ၊
အာရုံဝတ္ထု၊ မီးတစုကို၊ မှုမှုရရ၊ နင်အားကျလည်း၊
ဓားပြသေမင်း၊ သူ့တပ်တွင်းက၊ မငြင်းဆန်သာ၊ နင့်ခန္ဓာ။
(လယ်တီဆရာတော်)

အမိုက်နင့်ပြင်-ရှိသေးလိမ့်လား
ငါးအာရုံဘင်အစု၊ ခင်မှုနှင့်နေကုန်၊
နင်ယခုမေ့ပုံလို၊ တွေ့မကြုံစခန်း၊
ပါယ်လေးဝ သောကဘုံမှာ၊ ခေါင်းမပြူစတမ်း၊
နှစ်အရှည် နစ်မည်လမ်းကိုလ၊ နင်မျှော်စမ်းနင့်ကိုယ်၊
ဒေသနာ ထင်လင်းရယ်နှင့်၊ နင်အဖျင်းပိုတတ်သာပို၊
သည်လောဘ စရိုက်အိုကို၊ မလိုက်လိုရှောင်ပစ်လို့၊
နောင်အသစ်တကယ်ပြင်လျှင်၊ ကောင်းဖို့အစဉ်၊
ခွင့်သာခိုက်မှ၊ မလိုက်ချင်လျှင်၊ အမိုက်နင့်အပြင်ရှိသေးလိမ့်လား။
ခွင့်သာဆဲမှ၊ မခဲချင်လျှင်၊ အလွဲနင့်အပြင်ရှိသေးလိမ့်လား။
ခွင့်သာတုန်းမှ မရုန်းချင်လျှင်၊ အရှုံးနင့်ပြင်ရှိသေးလိမ့်လား။
(လယ်တီဆရာတော်)

နောင်ရေးကိုမျှော်
ဘေးပွဲ ကြုံ အေးသဲတုံ၊
ကိုယ်စီကုတ်ပါလို့အားထုတ်သင့်သား၊
သို့ပါကို ဘယ်တော့ဘာလိုလိုနှင့် ဘာသနာသီခေါင်လို့
နောင်ရေးကို မျှော်ခေါ်လင့်တယ် ဖျင်းဖင့်အများ
(ဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီး)

ရခဲခြင်းလေးပါး
၁။လူတစ်ယောက်ဟာ၊ ဖြစ်ဖို့ရာ၊ လွန်စွာခဲယဉ်းသည်၊
    ဖြစ်ခဲလှစွာ လူဆိုတာ ဖြစ်ခါနေရပြီ။
၂။လူတစ်ယောက်ဟာ ရှင်ဖို့ရာလွန်စွာခဲယဉ်းသည်၊
    ရှင်ခဲလှစွာ၊ သက်ဆိုတာ၊ ရှင်ခါနေရပြီ။
၃။တရားတော်ဟာ၊ နာဖို့ရာ၊ လွန်စွာခဲယဉ်းသည်၊
    နာရခဲစွာ၊ သာသနာတွေ့ခါနေရပြီ။
၎။သာသနာဟာ၊ တွေ့ဖို့ရာ၊ လွန်စွာခဲယဉ်းသည်၊
    တွေ့ခဲလှစွာ၊ သာသနာတွေ့ခါနေရပြီ။
အကြောင်းလေးဖြာ၊ ဆုံဖို့ရာ၊ လွန်စွာခဲယဉ်းသည်၊
အကြောင်းလေးဖြာ၊ တိုက်ဆိုင်လာ၊ အရိယာမဂ်တော့ ရသင့်ပြီ။
(မဟာစည် ဆရာတော်)

အောင်မြင်ကြောင်းတရား
မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား။
ပြောပြုတွေးလျှင်၊ သတိယှဉ်၊ ဆင်ခြင်ဉာဏ်ရှေ့သွား။
စိတ်ထားဖြောင့်မှန်၊ ခွင့်လွှတ်ရန်၊ သည်းခံမေတ္တာထား။
လုံ့လနှင့်ဇွဲ၊ မလျှော့ဘဲ၊ အမြဲတင်းတင်းထား။
အရာရာတွင်၊ အသုံးဝင်၊ အောင်မြင်ကြောင်းတရား။
(ချမ်းမြေ့ဆရာတော်)

 မဟာသတိပဋ္ဌာန်သုတ် (ဝန်ခံချက် မိန့်ခွန်းတော်)
သတိပဋ္ဌာန်၊ ဓမ္မစက်ကို၊
ဝန်ခံချက်နှင့်တို့မြတ်စွာ၊ ဟောမိန့်ပုံမှာ၊
ထိုတရားကို၊ ဖြစ်ပွားစေတဲ့ ရှင်၊လူမှာ၊
အလွန်ကြာလျှင် ခုနစ်နှစ်နှင့်၊ ရဟန္တာစစ်ဖြစ်နိုင်တာ၊
စွဲမှုကျန်တောင်၊ နာဂါမ်လောက်တော့၊
ဆိုက်ရောက်မယ်တဲ့ဧကန်ပါ။
မြန်သူဆိုလျှင်၊ (ရ)ရက်နှင့်ထိုမဂ်၊ဖိုလ်ကိုရနိုင်တာ၊
ရဲရင့်ခိုင်မာဝန်ခံချက်နှင့်၊ ဓမ္မစက်ကိုဟောခဲ့တာ
နိဗ္ဗာန်လိုသူ၊ မယုံမှားနှင့်၊ မြတ်ဘုရားကို၊ ယုံကြည်ပါ၊
သတိပဋ္ဌာန်၊ ကိုယ့်သန္တာန်၊ အမြန်ပွားစေရာ၊
သို့ပွားစေမှ၊ နိဗ္ဗာန်ရ၊ မုချငြိမ်းအေးမှာ။
(မဟာစည် ဆရာတော်ဘုရားကြီး)

ဆင်သေစီးတဲ့ ကျီးမိုက်
စက်ဆုပ်ဖွယ် မစင်တွင်းမှာဖြင့်၊ ယင်သင်းကမွေ့လျှော်၊
ရွှင်ခြင်းနှင့်အတွေ့ပျော်တယ်၊ မေ့သနော်ဘဝ၊
အပုပ်နံ့ ဘင်အရေကို၊ ခင်သလေစွဲမက်ပြန်ကြ။
ယင်းသင်းနှင့် တူမကွာ သူသူငါ အန္ဓ၊
ယူဓမ္မာ ကြံဆလို့၊ အမှန်မျှမမြင်၊
ကာမဂုဏ်မစင်တွင်းကိုဖြင့် ခင်ရင်းနှင့်၊
ကြင်ရင်းသာဝင်၊ ဆိုးမိုက်တဲ့ပုထုဇဉ်၊
နုနုမြင် ကာမကြောင့်၊ ပမာဒလှိုင်းအထုပေါ်၊
ရိုင်းမှုနှင့်ပျော်၊ ဆင်သေစီးတဲ့ ကျီးအဖော်လို၊
ခရီးမတော် ပျက်စီးရှာကြလေး။
(တည်ဆရာတော် ဓမ္မစာပန်းချီ)

အဆန်သမား
ကိုယ့်ကိုယ်ကိုတွေး၊ ကိုယ်မေးလေပါ၊
ဆန်လား စုန်လား၊ ငါကား ဘယ်ဟာ၊
(စွန်းကြဲပေးကမ်း၊ လှူဒါန်း၍သာ)
မဂ်ခရီး အပြီးချီတက်ပါ။ (ကိုယ်ကျင့်သီလ ထိန်းကြ၍သာ)
မဂ်ခရီး အပြီးချီတက်ပါ။(ဘာဝနာမှု၊ အားပြု၍သာ)
မဂ်ခရီး အပြီးချီတက်ပါ။
ဘဒ္ဒန္တကုဏ္ဍလာဘိဝံသ(မဟာဂန္ဓာရုံ)

ပစ္စုန်ပ္ပန်တည့်တည့်ရှု
အဟောင်းကိုလည်း မပြန်နဲ့၊ အသစ်ကိုလည်းမကြံနဲ့၊
ဖြစ်ဆဲရုပ်နာမ် ပစ္စုပ္ပန် အမှန်တဲ့အောင်ရှု။
အဟောင်းကိုပြန်မကြည့်နဲ့၊ ဉာဏ်သတိရှိနော်၊
ချုပ်ခဲ့ပြီမဟုတ်လား၊ ရုပ်တရား နာမ်နှစ်ဖော်
မဖြစ်ခင်ကျော်မတွေးနဲ့၊ မပေါ်သေးအမှန်နော်၊
ရုပ်နဲ့နာမ် ဖြစ်ဆဲကို၊ မလစ်ဘဲရှုကြရမယ်နော်။
ဆရာတော်ဦးသံဝရ(မဟာစည်)

မှားချက်ကနာ
ဟိုအမေကြီး ပျက်တီးပျက်ချော်၊
သေခါနီးမှ မြေးတွေနဲ့ပျော်၊
ပျော်ရင်းပျော်ရင်း သေမင်းကခေါ်၊
သြော်....သူ့အတွက် မှားချက်နာလေသော်။
ဟိုအဘိုးကြီး၊ ရောင်တီးရောင်တောင်၊
ဘယ်တရားမှ အားမထုတ်ပေါင်၊
ဆေးလိပ်ကိုခဲ ပွဲတိုင်းမရှောင်၊
သြော်....သူ့အတွက် မှားချက်နာလေသော်။
(မြစ်သားဆရာတော် ဘဒ္ဒန္တဝါသဝ)

Saturday, March 23, 2013

ဗုဒ္ဓဘာသာကိုးကွယ်သူစစ်စစ်ဖြစ်စေအောင်


မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဝင်အများစုက “ဒီဘုရားမှ ဒီဘုရား၊ဒီတရားမှ ဒီတရား၊ ဒီသံဃာမှ ဒီသံဃာ” လို့ ရတနာသုံးပါးအပေါ် မတုန်မလှုပ် သက်ဝင် ယုံကြည်တဲ့ ဗုဒ္ဓသာသနာဝင်က ဘယ်လောက်များ ရှိနေပြီလဲလို့ စဉ်းစား စစ်ဆေးကြည့်ရင် အလွန်ပဲနည်းပါး သေးတယ်။

မိရိုးဖလာလွန် ဗုဒ္ဓဘာသာဝင်တွေ များသည်ထက်များအောင် ကြိုးစားကြဖို့ လိုပါတယ်။

“တစိမ်းပြင်ပ ၀ါဒရှင်တွေဟာ ဗုဒ္ဓသာသနာဝင်တွေ အတွင်း ကင်ဆာရောဂါလို လှိုက်လှိုက်ပြီး စားနေကြတယ်။ ရွက်ကျပင်ပေါက်လို လူဖေါက်ပြီး လူမျိုးကို မျိုနေကြတယ်။ မြေမျိုက လူမျိုးမပြုန်း၊လူမျိုမှ လူမျိုးပြုန်းတယ်”

“တစိမ်းပြင်ပ ၀ါဒရှင်တွေက အင်း အိုင်တွေကို ကောစေတဲ့ ဗေဒါပင်တွေလို လူမျိုးနဲ့သာသနာ ပျက်ပြုန်းအောင် ဇွဲနပဲကြီးကြီးနဲ့ တက်တက်ကြွကြွ လှုပ်ရှား နေကြတယ်။ ညောင်ပင်လို အမြစ်တွယ်ပြီး လူမျိုးကို တဖြည်းဖြည်း မျိုဖို့ ကြိုးစားနေကြတယ်။”

“ဗုဒ္ဓသာသနာဝင်တွေဟာ ကိုယ်ပိုင်ကာကွယ်မှု စွမ်းရည်ထက်မြက်အောင် ကြိုးစားထားကြ ရမယ်။ဗုဒ္ဓယာဉ်ကျေးမှုတွေကို စာတွေ့ရော လက်တွေ့ပါ ပြည့်စုံကျေနပ်သည်အထိ ကျင့် သုံးထားကြရမယ်။”

“လူတစ်ယောက်ကို အသက်ကြီးခါမှ ဗုဒ္ဓယာဉ်ကျေးမှုတွေပေးရင် မထိရောက်တော့ဘူး။ ငယ်ရွယ်စဉ်ကပဲ ပေးမှ ထိရောက်မှုရှိတယ်။”

“လေဟာပြင်ကွက်လပ်မှာ လေတွေ အလိုလိုဝင်လာကြတယ်၊မှုံဝါးဝါးချည့်နဲ့နဲ့ မိရိုးဖလာ အမည်ခံ ဗုဒ္ဓဘာသာဝင်တွေရဲ့ သန္တာန်က ဗုဒ္ဓယာဉ်ကျေးမှုလေဟာ ပြင်ပကွင်းပြင်ထဲက တစိမ်းပြင်ပအယူဝါဒတွေ ယာဉ်ကျေးမှုတွေရဲ့ ကျေးကျွန် ဘ၀ကို လွယ်လွယ်လေးရောက် သွားနိုင်တယ်။”

“ရေလမ်းမှာ အများစုပေါင်းကာ လှေစီးပြီး ခရီးသွားနေကြတဲ့အခါ လှေကြီး ပေါက်နေတယ် ဆိုတာသိရင် လှေပေါက်ကို ၀ိုင်းဝန်းဖာထေးရမယ်။မဖာရင် လှေကြီး ရေ၀င်ပြီး မကြာမီ မြုတ်လိမ့်မယ်။ ဗုဒ္ဓသာသနာ လှေကြီး ပေါက်နေတယ် ဆိုတာသိရင် ဗုဒ္ဓဘာသာဝင်တိုင်း ၀ိုင်းဝန်း ဖာထေးရမယ်။ မဖာရင် ပြင်ပ အယူဝါဒရှင်တွေရဲ့ရေတွေ ၀င်ပြီး မြုတ်လိမ့်မယ်။”

“မြန်မာနိုင်ငံ ဗုဒ္ဓသာသနာအသက် မထွက်ရအောင် ဗုဒ္ဓသာသနာဝင်တွေရဲ့ ကိုယ်ထဲမှာ၊ နှလုံးသားထဲမှာ ဗုဒ္ဓယဉ်ကျေးမှုသွေးတွေ အမြဲလည်ပတ်နေဖို့ လိုအပ်တယ်။ဗုဒ္ဓယာဉ် ကျေးမှုသွေးတွေ မအေးခဲစေပဲ နွေးနွေးထွေးထွေး ရှိနေဖို့ လိုအပ်တယ်။”

“ကလေးတွေကို ငယ်ရွယ်စဉ်ကပဲ ဗုဒ္ဓယာဉ်ကျေးမှုနို့ချို ဗုဒ္ဓယာဉ်ကျေးမှု အဟာရတွေကို တန်သလောက် တန်သလောက် တိုက်ကျွေး ပေးရတယ်။ ဘာသာရေး နို့မျက်နေတဲ့ ဘာသာရေးအားမရှိတဲ့ ကလေးတွေကို ဘာသာခြား တွေက သိမ်းသွင်းဆွဲဆောင်ရင် ကောက် ကောက်ပါသွား တတ်တယ်။”

“ဗုဒ္ဓသာသနာဝင် မိခင် ဖခင်တိုင်းဟာ သားစဉ်မြေးဆက် ဗုဒ္ဓသာသနာ အငွေ့ဓာတ်အလေ့ဓာတ် အတွေ့ဓာတ်တွေ ပေးနိုင်အောင် ကြိုးစားကြရမယ်။ ကြိုးစားလို့ ပေးနိုင်ပြီဆိုရင် ရွှေ ငွေစတဲ့ ရတနာတွေကိုရလို့ ၀မ်းသာကြည်နူး ရတာထက် သာလွန်တဲ့ သားလိမ္မာ သမီးလိမ္မာ လေးတွေရလို့ ၀မ်းသာ ကြည်နုးရတာက များစွာသာလွန်ပါတယ်။”

“မိသားစုလည်းအကျိုးများ သာသနာတော်အတွက်လည်းအကျိုးများ နိုင်ငံတော်အတွက်လည်း အကျိုးများစေနိုင်တဲ့ သားသမီးတွေကို မွေးပေးလိုတဲ့ မိဘတွေဟာ ရှေးဦးစွာမိမိကိုယ်တိုင် ဗုဒ္ဓအဆုံးအမ ဖြစ်တဲ့ “ သီလ သမာဓိ ပညာ ” အကျင့်တွေကို လက်တွေ့ ကျင့်သုံးထားကြရမယ်။”

“ဗုဒ္ဓ ယဉ်ကျေးမှု အငွေ့ဓာတ် အလေ့ဓာတ် အတွေ့ဓာတ်ပါရှိတဲ့ မျိုးဆက်သစ်ကောင်း တစ်ခုဖြစ်ထွန်းလာအောင် ကြိုးစားကြဖို့ ဗုဒ္ဓသာသနာဝင်တိုင်းမှာ တာဝန်ရှိတယ်။”

အဖေရယ် အမေရယ် သားရယ် သမီးရယ် မိသားစုထမင်းဝိုင်းမှာ သမီးက အထိုင်မတတ် လို့ အမြင်မတော်ဖြစ်နေတော့ အဖေက “ ကဲ ဒို့ သားအဖတွေ ပြင်ထိုင်ကြဥိးစို့ ” လိုပြော တဲ့အခါ သမီးဖြစ်သူက “အဖေ.. ကျွန်မကော ပါသေးလား” လို့မေးတော့ အဖေဖြစ်သူက “ သမီး.. အရေးကြီးဆုံးပဲ” လို့ ပြောသတဲ့။ အဲဒါကြောင့် ဗုဒ္ဓသာသနာသွေး နွေးနေအောင် ပြင်ကြတဲ့ နေရာမှာ “ ကျွန်တော်တို့ ပါသေးသလား မမေးနဲ့” ရဟန်း ရှင် လူ ဗုဒ္ဓဘာသာဝင် မှန်သမျှ အားလုံး ပြင်ထိုင်ဖို့ လိုနေကြတယ်။ရှေးဦးစွာ တစ်ကိုယ်ရေ သာသနာပြည့်စုံ ဖို့လိုတယ်။ပြီးတော့ လက်လှမ်းမီရာမှာ သာသနာ လက်ဆင့် ကမ်းရတယ်။
ရွှေတောင်ကုန်း သာသနာ့ရိပ်သာ ဆရာတော်၏ တစ်ဘ၀တာခရီးမှ ကောက်နှုတ် ကူးယူ ပူဇော်ပါသည်။ (Face book) မှတဆင့်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ) မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဝင်အများစုက “ဒီဘုရားမှ ဒီဘုရား၊ဒီတရားမှ ဒီတရား၊ ဒီသံဃာမှ ဒီသံဃာ” လို့ ရတနာသုံးပါးအပေါ် မတုန်မလှုပ် သက်ဝင် ယုံကြည်တဲ့ ဗုဒ္ဓသာသနာဝင်က ဘယ်လောက်များ ရှိနေပြီလဲလို့ စဉ်းစား စစ်ဆေးကြည့်ရင် အလွန်ပဲနည်းပါး သေးတယ်။

မိရိုးဖလာလွန် ဗုဒ္ဓဘာသာဝင်တွေ များသည်ထက်များအောင် ကြိုးစားကြဖို့ လိုပါတယ်။

“တစိမ်းပြင်ပ ၀ါဒရှင်တွေဟာ ဗုဒ္ဓသာသနာဝင်တွေ အတွင်း ကင်ဆာရောဂါလို လှိုက်လှိုက်ပြီး စားနေကြတယ်။ ရွက်ကျပင်ပေါက်လို လူဖေါက်ပြီး လူမျိုးကို မျိုနေကြတယ်။ မြေမျိုက လူမျိုးမပြုန်း၊လူမျိုမှ လူမျိုးပြုန်းတယ်”

“တစိမ်းပြင်ပ ၀ါဒရှင်တွေက အင်း အိုင်တွေကို ကောစေတဲ့ ဗေဒါပင်တွေလို လူမျိုးနဲ့သာသနာ ပျက်ပြုန်းအောင် ဇွဲနပဲကြီးကြီးနဲ့ တက်တက်ကြွကြွ လှုပ်ရှား နေကြတယ်။ ညောင်ပင်လို အမြစ်တွယ်ပြီး လူမျိုးကို တဖြည်းဖြည်း မျိုဖို့ ကြိုးစားနေကြတယ်။”

“ဗုဒ္ဓသာသနာဝင်တွေဟာ ကိုယ်ပိုင်ကာကွယ်မှု စွမ်းရည်ထက်မြက်အောင် ကြိုးစားထားကြ ရမယ်။ဗုဒ္ဓယာဉ်ကျေးမှုတွေကို စာတွေ့ရော လက်တွေ့ပါ ပြည့်စုံကျေနပ်သည်အထိ ကျင့် သုံးထားကြရမယ်။”

“လူတစ်ယောက်ကို အသက်ကြီးခါမှ ဗုဒ္ဓယာဉ်ကျေးမှုတွေပေးရင် မထိရောက်တော့ဘူး။ ငယ်ရွယ်စဉ်ကပဲ ပေးမှ ထိရောက်မှုရှိတယ်။”

“လေဟာပြင်ကွက်လပ်မှာ လေတွေ အလိုလိုဝင်လာကြတယ်၊မှုံဝါးဝါးချည့်နဲ့နဲ့ မိရိုးဖလာ အမည်ခံ ဗုဒ္ဓဘာသာဝင်တွေရဲ့ သန္တာန်က ဗုဒ္ဓယာဉ်ကျေးမှုလေဟာ ပြင်ပကွင်းပြင်ထဲက တစိမ်းပြင်ပအယူဝါဒတွေ ယာဉ်ကျေးမှုတွေရဲ့ ကျေးကျွန် ဘ၀ကို လွယ်လွယ်လေးရောက် သွားနိုင်တယ်။”

“ရေလမ်းမှာ အများစုပေါင်းကာ လှေစီးပြီး ခရီးသွားနေကြတဲ့အခါ လှေကြီး ပေါက်နေတယ် ဆိုတာသိရင် လှေပေါက်ကို ၀ိုင်းဝန်းဖာထေးရမယ်။မဖာရင် လှေကြီး ရေ၀င်ပြီး မကြာမီ မြုတ်လိမ့်မယ်။ ဗုဒ္ဓသာသနာ လှေကြီး ပေါက်နေတယ် ဆိုတာသိရင် ဗုဒ္ဓဘာသာဝင်တိုင်း ၀ိုင်းဝန်း ဖာထေးရမယ်။ မဖာရင် ပြင်ပ အယူဝါဒရှင်တွေရဲ့ရေတွေ ၀င်ပြီး မြုတ်လိမ့်မယ်။”

“မြန်မာနိုင်ငံ ဗုဒ္ဓသာသနာအသက် မထွက်ရအောင် ဗုဒ္ဓသာသနာဝင်တွေရဲ့ ကိုယ်ထဲမှာ၊ နှလုံးသားထဲမှာ ဗုဒ္ဓယဉ်ကျေးမှုသွေးတွေ အမြဲလည်ပတ်နေဖို့ လိုအပ်တယ်။ဗုဒ္ဓယာဉ် ကျေးမှုသွေးတွေ မအေးခဲစေပဲ နွေးနွေးထွေးထွေး ရှိနေဖို့ လိုအပ်တယ်။”

“ကလေးတွေကို ငယ်ရွယ်စဉ်ကပဲ ဗုဒ္ဓယာဉ်ကျေးမှုနို့ချို ဗုဒ္ဓယာဉ်ကျေးမှု အဟာရတွေကို တန်သလောက် တန်သလောက် တိုက်ကျွေး ပေးရတယ်။ ဘာသာရေး နို့မျက်နေတဲ့ ဘာသာရေးအားမရှိတဲ့ ကလေးတွေကို ဘာသာခြား တွေက သိမ်းသွင်းဆွဲဆောင်ရင် ကောက် ကောက်ပါသွား တတ်တယ်။”

“ဗုဒ္ဓသာသနာဝင် မိခင် ဖခင်တိုင်းဟာ သားစဉ်မြေးဆက် ဗုဒ္ဓသာသနာ အငွေ့ဓာတ်အလေ့ဓာတ် အတွေ့ဓာတ်တွေ ပေးနိုင်အောင် ကြိုးစားကြရမယ်။ ကြိုးစားလို့ ပေးနိုင်ပြီဆိုရင် ရွှေ ငွေစတဲ့ ရတနာတွေကိုရလို့ ၀မ်းသာကြည်နူး ရတာထက် သာလွန်တဲ့ သားလိမ္မာ သမီးလိမ္မာ လေးတွေရလို့ ၀မ်းသာ ကြည်နုးရတာက များစွာသာလွန်ပါတယ်။”

“မိသားစုလည်းအကျိုးများ သာသနာတော်အတွက်လည်းအကျိုးများ နိုင်ငံတော်အတွက်လည်း အကျိုးများစေနိုင်တဲ့ သားသမီးတွေကို မွေးပေးလိုတဲ့ မိဘတွေဟာ ရှေးဦးစွာမိမိကိုယ်တိုင် ဗုဒ္ဓအဆုံးအမ ဖြစ်တဲ့ “ သီလ သမာဓိ ပညာ ” အကျင့်တွေကို လက်တွေ့ ကျင့်သုံးထားကြရမယ်။”

“ဗုဒ္ဓ ယဉ်ကျေးမှု အငွေ့ဓာတ် အလေ့ဓာတ် အတွေ့ဓာတ်ပါရှိတဲ့ မျိုးဆက်သစ်ကောင်း တစ်ခုဖြစ်ထွန်းလာအောင် ကြိုးစားကြဖို့ ဗုဒ္ဓသာသနာဝင်တိုင်းမှာ တာဝန်ရှိတယ်။”

အဖေရယ် အမေရယ် သားရယ် သမီးရယ် မိသားစုထမင်းဝိုင်းမှာ သမီးက အထိုင်မတတ် လို့ အမြင်မတော်ဖြစ်နေတော့ အဖေက “ ကဲ ဒို့ သားအဖတွေ ပြင်ထိုင်ကြဥိးစို့ ” လိုပြော တဲ့အခါ သမီးဖြစ်သူက “အဖေ.. ကျွန်မကော ပါသေးလား” လို့မေးတော့ အဖေဖြစ်သူက “ သမီး.. အရေးကြီးဆုံးပဲ” လို့ ပြောသတဲ့။ အဲဒါကြောင့် ဗုဒ္ဓသာသနာသွေး နွေးနေအောင် ပြင်ကြတဲ့ နေရာမှာ “ ကျွန်တော်တို့ ပါသေးသလား မမေးနဲ့” ရဟန်း ရှင် လူ ဗုဒ္ဓဘာသာဝင် မှန်သမျှ အားလုံး ပြင်ထိုင်ဖို့ လိုနေကြတယ်။ရှေးဦးစွာ တစ်ကိုယ်ရေ သာသနာပြည့်စုံ ဖို့လိုတယ်။ပြီးတော့ လက်လှမ်းမီရာမှာ သာသနာ လက်ဆင့် ကမ်းရတယ်။
ရွှေတောင်ကုန်း သာသနာ့ရိပ်သာ ဆရာတော်၏ တစ်ဘ၀တာခရီးမှ ကောက်နှုတ် ကူးယူ ပူဇော်ပါသည်။ (Face book) မှတဆင့်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ) မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဝင်အများစုက “ဒီဘုရားမှ ဒီဘုရား၊ဒီတရားမှ ဒီတရား၊ ဒီသံဃာမှ ဒီသံဃာ” လို့ ရတနာသုံးပါးအပေါ် မတုန်မလှုပ် သက်ဝင် ယုံကြည်တဲ့ ဗုဒ္ဓသာသနာဝင်က ဘယ်လောက်များ ရှိနေပြီလဲလို့ စဉ်းစား စစ်ဆေးကြည့်ရင် အလွန်ပဲနည်းပါး သေးတယ်။

မိရိုးဖလာလွန် ဗုဒ္ဓဘာသာဝင်တွေ များသည်ထက်များအောင် ကြိုးစားကြဖို့ လိုပါတယ်။

“တစိမ်းပြင်ပ ၀ါဒရှင်တွေဟာ ဗုဒ္ဓသာသနာဝင်တွေ အတွင်း ကင်ဆာရောဂါလို လှိုက်လှိုက်ပြီး စားနေကြတယ်။ ရွက်ကျပင်ပေါက်လို လူဖေါက်ပြီး လူမျိုးကို မျိုနေကြတယ်။ မြေမျိုက လူမျိုးမပြုန်း၊လူမျိုမှ လူမျိုးပြုန်းတယ်”

“တစိမ်းပြင်ပ ၀ါဒရှင်တွေက အင်း အိုင်တွေကို ကောစေတဲ့ ဗေဒါပင်တွေလို လူမျိုးနဲ့သာသနာ ပျက်ပြုန်းအောင် ဇွဲနပဲကြီးကြီးနဲ့ တက်တက်ကြွကြွ လှုပ်ရှား နေကြတယ်။ ညောင်ပင်လို အမြစ်တွယ်ပြီး လူမျိုးကို တဖြည်းဖြည်း မျိုဖို့ ကြိုးစားနေကြတယ်။”

“ဗုဒ္ဓသာသနာဝင်တွေဟာ ကိုယ်ပိုင်ကာကွယ်မှု စွမ်းရည်ထက်မြက်အောင် ကြိုးစားထားကြ ရမယ်။ဗုဒ္ဓယာဉ်ကျေးမှုတွေကို စာတွေ့ရော လက်တွေ့ပါ ပြည့်စုံကျေနပ်သည်အထိ ကျင့် သုံးထားကြရမယ်။”

“လူတစ်ယောက်ကို အသက်ကြီးခါမှ ဗုဒ္ဓယာဉ်ကျေးမှုတွေပေးရင် မထိရောက်တော့ဘူး။ ငယ်ရွယ်စဉ်ကပဲ ပေးမှ ထိရောက်မှုရှိတယ်။”

“လေဟာပြင်ကွက်လပ်မှာ လေတွေ အလိုလိုဝင်လာကြတယ်၊မှုံဝါးဝါးချည့်နဲ့နဲ့ မိရိုးဖလာ အမည်ခံ ဗုဒ္ဓဘာသာဝင်တွေရဲ့ သန္တာန်က ဗုဒ္ဓယာဉ်ကျေးမှုလေဟာ ပြင်ပကွင်းပြင်ထဲက တစိမ်းပြင်ပအယူဝါဒတွေ ယာဉ်ကျေးမှုတွေရဲ့ ကျေးကျွန် ဘ၀ကို လွယ်လွယ်လေးရောက် သွားနိုင်တယ်။”

“ရေလမ်းမှာ အများစုပေါင်းကာ လှေစီးပြီး ခရီးသွားနေကြတဲ့အခါ လှေကြီး ပေါက်နေတယ် ဆိုတာသိရင် လှေပေါက်ကို ၀ိုင်းဝန်းဖာထေးရမယ်။မဖာရင် လှေကြီး ရေ၀င်ပြီး မကြာမီ မြုတ်လိမ့်မယ်။ ဗုဒ္ဓသာသနာ လှေကြီး ပေါက်နေတယ် ဆိုတာသိရင် ဗုဒ္ဓဘာသာဝင်တိုင်း ၀ိုင်းဝန်း ဖာထေးရမယ်။ မဖာရင် ပြင်ပ အယူဝါဒရှင်တွေရဲ့ရေတွေ ၀င်ပြီး မြုတ်လိမ့်မယ်။”

“မြန်မာနိုင်ငံ ဗုဒ္ဓသာသနာအသက် မထွက်ရအောင် ဗုဒ္ဓသာသနာဝင်တွေရဲ့ ကိုယ်ထဲမှာ၊ နှလုံးသားထဲမှာ ဗုဒ္ဓယဉ်ကျေးမှုသွေးတွေ အမြဲလည်ပတ်နေဖို့ လိုအပ်တယ်။ဗုဒ္ဓယာဉ် ကျေးမှုသွေးတွေ မအေးခဲစေပဲ နွေးနွေးထွေးထွေး ရှိနေဖို့ လိုအပ်တယ်။”

“ကလေးတွေကို ငယ်ရွယ်စဉ်ကပဲ ဗုဒ္ဓယာဉ်ကျေးမှုနို့ချို ဗုဒ္ဓယာဉ်ကျေးမှု အဟာရတွေကို တန်သလောက် တန်သလောက် တိုက်ကျွေး ပေးရတယ်။ ဘာသာရေး နို့မျက်နေတဲ့ ဘာသာရေးအားမရှိတဲ့ ကလေးတွေကို ဘာသာခြား တွေက သိမ်းသွင်းဆွဲဆောင်ရင် ကောက် ကောက်ပါသွား တတ်တယ်။”

“ဗုဒ္ဓသာသနာဝင် မိခင် ဖခင်တိုင်းဟာ သားစဉ်မြေးဆက် ဗုဒ္ဓသာသနာ အငွေ့ဓာတ်အလေ့ဓာတ် အတွေ့ဓာတ်တွေ ပေးနိုင်အောင် ကြိုးစားကြရမယ်။ ကြိုးစားလို့ ပေးနိုင်ပြီဆိုရင် ရွှေ ငွေစတဲ့ ရတနာတွေကိုရလို့ ၀မ်းသာကြည်နူး ရတာထက် သာလွန်တဲ့ သားလိမ္မာ သမီးလိမ္မာ လေးတွေရလို့ ၀မ်းသာ ကြည်နုးရတာက များစွာသာလွန်ပါတယ်။”

“မိသားစုလည်းအကျိုးများ သာသနာတော်အတွက်လည်းအကျိုးများ နိုင်ငံတော်အတွက်လည်း အကျိုးများစေနိုင်တဲ့ သားသမီးတွေကို မွေးပေးလိုတဲ့ မိဘတွေဟာ ရှေးဦးစွာမိမိကိုယ်တိုင် ဗုဒ္ဓအဆုံးအမ ဖြစ်တဲ့ “ သီလ သမာဓိ ပညာ ” အကျင့်တွေကို လက်တွေ့ ကျင့်သုံးထားကြရမယ်။”

“ဗုဒ္ဓ ယဉ်ကျေးမှု အငွေ့ဓာတ် အလေ့ဓာတ် အတွေ့ဓာတ်ပါရှိတဲ့ မျိုးဆက်သစ်ကောင်း တစ်ခုဖြစ်ထွန်းလာအောင် ကြိုးစားကြဖို့ ဗုဒ္ဓသာသနာဝင်တိုင်းမှာ တာဝန်ရှိတယ်။”

အဖေရယ် အမေရယ် သားရယ် သမီးရယ် မိသားစုထမင်းဝိုင်းမှာ သမီးက အထိုင်မတတ် လို့ အမြင်မတော်ဖြစ်နေတော့ အဖေက “ ကဲ ဒို့ သားအဖတွေ ပြင်ထိုင်ကြဥိးစို့ ” လိုပြော တဲ့အခါ သမီးဖြစ်သူက “အဖေ.. ကျွန်မကော ပါသေးလား” လို့မေးတော့ အဖေဖြစ်သူက “ သမီး.. အရေးကြီးဆုံးပဲ” လို့ ပြောသတဲ့။ အဲဒါကြောင့် ဗုဒ္ဓသာသနာသွေး နွေးနေအောင် ပြင်ကြတဲ့ နေရာမှာ “ ကျွန်တော်တို့ ပါသေးသလား မမေးနဲ့” ရဟန်း ရှင် လူ ဗုဒ္ဓဘာသာဝင် မှန်သမျှ အားလုံး ပြင်ထိုင်ဖို့ လိုနေကြတယ်။ရှေးဦးစွာ တစ်ကိုယ်ရေ သာသနာပြည့်စုံ ဖို့လိုတယ်။ပြီးတော့ လက်လှမ်းမီရာမှာ သာသနာ လက်ဆင့် ကမ်းရတယ်။
ရွှေတောင်ကုန်း သာသနာ့ရိပ်သာ ဆရာတော်၏ တစ်ဘ၀တာခရီးမှ ကောက်နှုတ် ကူးယူ ပူဇော်ပါသည်။ (Face book) မှတဆင့်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

Friday, March 1, 2013

အလောင်းတော်ကဿပ ထေရုပတ္တိ


 

ဗျာဒိတ်တော်ခံယူခန်း
လွန်ခဲ့သောကမ္ဘာတစ်သိန်းအထက်က ပဒုမုတ္တရဘုရားရှင် ခေမာမိဂဒါဥယျာဉ်၌ သီတင်းသုံးနေစဉ် ဝေဒေဟသူဌေးကြီးနှင့် ဇနီးတို့ ခဲဖွယ်ဘောဇဉ်များကို လှူဒါန်းကာ ဥပုသ်သီလဆောက်တည်၍ ဘုရားရှင်နှင့်တကွ သံဃာတော်ခြောက်သောင်းတို့အား ဆွမ်းဘုန်းပေးကြွရောက်ရန် အိမ်သို့ပင့်ဖိတ်ပြီး ပြန်ခဲ့လေသည်။ ထိုကဲ့သို့ ခုနှစ်ရက်တိုင်အောင်ဆက်ကပ်လှူဒါန်းပြီး ပဒုမုတ္တရဘုရားရှင်၏ ခြေတော်အစုံကို ဦးတိုက်၍ မိမိအလိုရှိသော ဆု.... “ဤသို့ ခုနှစ်ရက်ပတ်လုံးပြုလုပ်ခဲ့သော ကုသိုလ်စေတနာကြောင့် အရှင်နိသဘမထေရ်ကဲ့သို့ ဓုတဓရ ဧတဒဂ္ဂ တတိယသာဝကဘွဲ့ထူး များကို ချီးကျူးမြှောက်စား တော်မူပါဘုရား” ဟု လျှောက်ထားတောင်းပန်လိုက်သည်။ ထိုအခါ ပဒုမုတ္တရဘုရားရှင်သည် ဝေဒေဟသူဌေးကြီး၏ သဒ္ဓါတရားကို စောင့်ရှောက်သောအားဖြင့်.... “ဝေဒေဟသူဌေးကြီး.... ဤကမ္ဘာမှနောက်ကမ္ဘာတစ်သိန်းမြောက် ဘဒကမ္ဘာ၌ ဂေါတမဘုရား ပွင့်တော်မူလတ္တံ့၊ ထိုအခါ သင်သည် ဂေါတမ ဘုရား၏ သာသနာတော်၌ မဟာကဿပမည်တော်ရ၍ ဓုတဓရ ဧတဒဂ်ရ တတိယသာဝကကြီး ဖြစ်လိမ့်မည်” ဟု ဗျာဒိတ်စကား မိန့်ကြားလိုက်သည်။

ထိုသို့ဗျာဒိတ်တော်ရအပြီး နေ့စဉ်နှင့်အမျှ ဒါန၊ သီလ၊ ဘာဝနာ၊ မေတ်္တာတရားများပွားများ၍ အသက်အတိုင်းနေပြီး စုတေသောအခါ နတ်ပြည်၊ လူ့ပြည် လှည့်လည်ကာ ဖြစ်ကြလေသည်။

(၁) ကိုးဆယ့်တစ်ကမ်္ဘာလွန် ၀ိပဿီဘုရားလက်ထက်၌ ဧကသာဋကပုဏ္ဏား အဖြစ်
(၂) ကောဏဂုံဘုရားနှင့်ကဿပဘုရားနှစ်ဆူကြားတွင်သူဌေးကြီးအဖြစ်
(၃) ကဿပဘုရားလက်ထက်တွင် ကုဋေ(၈၀)ကြွယ်ဝသော သူဌေးကြီးအဖြစ်
(၄) ဗာရာဏသီပြည်၌ နန်္ဒိယမင်းကြီး အဖြစ်
(၅) ဂေါတမဘုရားထင်ရှားဖြစ်လာသောအခါ မာဂတိုင်း၌ ကဿပနွယ်ဖြစ်သော မင်းပုဏ္ဏား၏သားငယ် ပိပ္ပလိ အဖြစ် ဖွားမြင်ခဲ့သည်။ အရွယ်ရောက်သောအခါ မန္ဒရာဇ်တိုင်း သာဂလမြို့မှ ဘဒ္ဒကာပိလာနီ နှင့် မိဘတို့၏သဘောအတိုင်း အိမ်ရာထူထောင်ခဲ့သည်။

တောထွက်ခန်း
မိဘနှစ်ပါးဆုံးပါးသွားပြီးနောက် တနေ့သ၌ ဇနီးမောင်နှံနှစ်ဦးစလုံးသည် “ရဟန်းပြုအံ့၊ ရဟန်းမ ပြုအံ့”ဟု အကြံရလျှက် ရှိသမျှ စည်းစိမ်ဥစ်္စာအားလုံး ကိုစွန့်လွတ်၍ တစ်ဦးကိုတစ်ဦးဆံချပေးပြီး ဖန်ရည်စွန်းသောသင်္ကန်းကိုဝတ်ရုံ၍ တောထွက်ကြလေသည်။ ထိုသို့ တောထွက်လာကြပြီးနောက် တောမြိုင်တခု၌ လမ်းဆုံတခုတွေ့ရာ ပိပ္ပလိက လက်ယာဘက်လမ်း မယ်ဘဒ္ဒါက လက်ဝဲလမ်းကိုလိုက်၍ ခွဲခွာလိုက်ကြသည် ထိုခွဲခွာပြီးသည်နှင့် တပြိုင်နက် မြေပြင်သည်ပဲ့တင်တုန်ဟီး၍ ကောင်းချီးပေးခဲ့သည်။ 

ဂေါတမမြတ်စွာဘုရားနှင့် တွေ့ခန်း
ဘုရားရှင်သည် ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံး တော်မူနေစဉ် ပါရမီရှင်နှစ်ဦး လမ်းခွဲသဖြင့် ပဲ့တင် တော်လဲမြေပြင်တုန်ဟီး၍ ကောင်းချီးပေးသံကို ကြားရပြီး ဆင်ခြင်တော်မူရာ ပိပ္ပလိ၏ပါရမီအဟုန်ကို သိမြင်တော်မူ လေသည်။
“ပိပ္ပလိလုလင် ရဟန်းပြုလာခြင်းသည်ငါဘုရား၏ သာသနာအတွက် အားကိုးထိုက်သူ၊ ငါဘုရားနှင့်အတူ ထား၍ ချီးမြှောက်ထိုက်သူဖြစ်လတ္တံ့”
ဟု သိတော်မူ၍ ရာဇဂြိုလ်ပြည်နှင့် နာလန္ဒမြို့ ကြား ဗဟုပုတ္တကညောင်ပင်ရင်း၌ ရောင်ခြည်တော် ခြောက်သွယ်ကို ကွန့်မြူးလျက် စောင့်စား နေတော်မူသည်။
ပိပ္ပလိလုလင်သည် ဘုရားရှင်ကို မြင်ရသောအခါ
“ဤအရှင်ကား သုံးလောက၌ အတု မရှိသော ဘုရားရှင်သာ ဖြစ်ရပေမည်၊ ဤဘုရားအား ရည်မှန်း၍ ငါရဟန်းပြု လာခဲ့ပေသည်”
ဟု ကြည်လင်သောစိတ်ဖြင့် လက်စုံမိုးလျက်
“သတ္တာ မေ ဘန္တေ ဘဂ၀ါ သာဝကော ဟိမသ်္မိ .... ဘုန်းတော် ကြီးမြတ်သော မြတ်စွာဘုရား အရှင်ဘုရားသည် တပည့်တော်၏ဆရာဖြစ်ပါသည်ဘုရား...တပည့်တော်သာဝက ဖြစ်ပါသည်ဘုရား”
ဟု လျှောက်ထားသည်။
ထိုအခါ ဘုရားရှင်က မိဘမျိုးရိုးတို့၏ဂုဏ်နှင့်ပြည့်စုံသော အမည်ကိုခေါ်လို သည်ဖြစ်၍ ...
“ချစ်သားကဿပ ငါဘုရားသာသနာတွင် နေလော့ . .. သင့်အား လောကုတ္တရာအမွေကို ငါပေးဝေအံ့” ဟု မိန့်တော်မူလျက်....
“ချစ်သားကဿပ သင်သည် မြတ်သောအမျိုးဇာတ်ကြောင့် မာန် မာနကြီးခဲ့သူဖြစ်၏၊ ထို့ကြောင့် အရွယ်ကြီး၊ ငယ်၊ လတ် ဖြစ်သော သီတင်း သုံးဖော်တို့၌ ပြင်းပြသောရှက်ကြောက်ခြင်း ရှိစေရန် ကျင့်သုံးအပ်၏” ...
“ကဿပ သင်သည် အကြားအမြင် ဗဟုသုတ ပေါများလှသူဖြစ်၏၊ ထို့ကြောင့် သူတော်ကောင်း တရားကို ကြားနာရသောအခါ ကြားရ၊ နာရ သမျှကို တစ်လုံးမကျန် နားစိုက်၍ နှစ်နှစ်ခြိုက်ခြိုက် နာကြားနိုင်ရန် ကျင့်သုံးအပ်၏”....
“ကဿပ သင်သည်ရုပ်ရည်ရူပကာ လှပတင့်တယ်သူဖြစ်၍ မိမိကိုယ်ကို ပြန်သာယာတတ်၏၊ ထို့ကြောင့် သုခနှင့်တကွဖြစ်သော ကာယဂတာသတိကို မစွန့်မခွာနေနိုင်ရန် ကျင့်သုံးအပ်၏” ဟူသော သြ၀ါဒပါတိ မောက်ဂါထာ သုံးပုဒ်ကို ဟောတော်မူ၍ မြင့်မြတ်သောရဟန်း အဖြစ်သို့ ရောက်စေတော်မူ ခဲ့လေသည်။

မှတ်ချက် ။ ။ ရဟန်းပြုခြင်း ဥပသမ္ပဒ ရှစ်မျိုးတွင် ဤသာသနာတော်၌ ရှင်မဟာကဿပတစ်ပါးသာ သြ၀ါဒပဋိဂ္ဂဟဏုပသမ္ပဒါ သြ၀ါဒခံယူရုံမျှဖြင့် ရဟန်းဖြစ်ခဲ့ရပါသည်။ 

မတ်စွာဘုရားရှင်နှင့် ဒုကုဋ်သင်္ကန်းကြီး လဲလှယ်ခန်း
ရှင်မဟာကဿပ ရဟန်းဖြစ်ပြီးနောက် ဘုရားရှင်နှင့်အတူ ဝေဠုန်ကျောင်းသို့ ပြန်ကြွတော်မူလာရာ လမ်းခရီး၌ ဘုရားရှင်နားလို သည်ကိုသိ၍ ပခုံးထက်တင်လာသော ကမ္ဒာလာဒုကုဋ်ကို လေးထပ်ခေါက်၍ ခင်းပေးတော်မူသည်။ မြတ်စွာဘုရားရှင်ကလည်းထိုင်ရင်း၊ သင်္ကန်းကြီးအား လက်ဖြင့် သုံးသပ်လျက် . . .
“သင်၏ဒုကုဋ်သည် အလွန်နူးညံ့ပေစွ” ဟု ချီးမွမ်းတော်မူသည်။
ရှင်မဟာကဿပလည်း ဤဒုကုဋ်အား ငါလှူဒါန်းအံ့ဟု အကြံဖြစ်လျက် မြတ်စွာဘုရားရှင်အား လှူတော်မူသည်။ မြတ်စွာဘုရားကလည်း ပခုံးတော်ထက်မှ ပံသုကူဒုကုဋ် သင်္ကန်းကြီးကို ရှင်မဟာကဿပအား . . .
“အနာဂတ်သာသနာတော်တွင် ငါဘုရားကဲ့သို့ ရဟန်းများကို ဆုံးမရန် ကိုယ်စားတော်အရာ ထားသောအားဖြင့် . . . ” ပေးသနား တော်မူသည်။ ဤသို့ ချီးမြှင့် ခံရသူမှာ ဤသာသနာ၌ ရှင်မဟာကဿပ တစ်ပါးသာ ရှိခဲ့ဘူးသည်။
မှတ်ချက်။ ။ မြတ်စွာဘုရား ချီးမြှင့်သော ဒုကုဋ်မှာ သာမညသင်္ကန်း မဟုတ်၊ ပုဏ္ဏ ကျွန်မအလောင်းကောင်မှ ပိုးလောက်တဖွားဖွားဖြင့် မြတ်ဘုရားကိုယ်တိုင် ပံ့သကူကောက်ခဲ့စဉ်က မြေကြီးတုန်ဟီး ကောင်းချီးပေးခဲ့ရသော ၀ိသေသ သင်္ကန်းဖြစ်သည်။ 

ရှင်မဟာကဿပ ရဟန္တာ ဖြစ်ခန်းနှင့် ဧတဒဂ်ရခန်း
ထိုသို့ သင်္ကန်းချီးမြှင့်တော်မူပြီးသည့်နောက် ဝေဠုဝန်ကျောင်းတော်သို့ ရောက်သောအခါ ရှင်မဟာကဿပအား ဓူတင်တစ်ဆယ့်သုံးပါး အကျင့်တရားကို ဟောကြားတော်မူလေသည်။ ရှင်မဟာကဿပသည် ပုထုဇဉ်အဖြစ်ခုနှစ်ရက်နှင့် ရှစ်ရက်မြောက်သောနေ့ အာရုဏ်တက်လျှင် အရဟတ္တမဂ်ကို ပဋိသမ်္ဘိဒါလေးပါး၊ အဘိညာဉ်ခြောက်ပါးနှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်သည်။
ဘုရားရှင် ကိုယ်တော်မြတ်ကြီးကလည်း ချီးမြှောက်အပ်သော တပည့် ရဟန်းတို့အား ချီးမြှောက် ရာတွင် ရှင်မဟာကဿပ အလှည့်ကျသဖြင့်...
“ဧတဒဂ္ဂံ ဘိက္ခဝေ မမသာဝကနံ ဓုတင်္ဂရာနံ ဘိက္ခူနံ ယဒိဒံ မဟာကဿပေါ”
“ရဟန်းတို့ ငါဘုရား၏တပည့်ရဟန်းများထဲတွင် ဓူတင်ဆောင်ရာ၌ ဤမဟာကဿပသည် အမြတ်ဆုံး၊ အသာဆုံးပေတည်း” ဟု ဓူတင်္ဂဧတင်္ဂကိုပေး၍ ဥရုဝေလကဿပ၊ နဒီကဿပ၊ ကုမာရကဿပ၊ ဂယာကဿပ လေးဦးတို့နှင့် ခြားနားစေရန် “တတိယသာဝက မဟာကဿပ”ဟူသော အမည်ကိုပေးလေသည်။
မှတ်ချက်။ ။ ဘန္ဒကာပိလာနီ ရဟန်းမမှာလည်း မိထွေးတော် ဂေါတမီတို့ ထံတွင် ဘိက္ခုနီလုပ်၍ အားထုတ်သဖြင့် ရဟန္တာထေရီမ ဖြစ်ကာ ဘုရားရှင်က ပုဗ္ဗေနိဝါသ အရာ၌ ဧတဒဂ်ထားတော်မူ လေသည်။

ဓုတင်ဆောင်ပုံအကျဉ်း
အရှင်မဟာကဿပမထေရ်ကြီးသည် ဓူတင်(၁၃)ပါးစလုံးကို အမြဲဆောင်တော်မူ၍ တော၌သာတရားဖြင့်နေသည်။ တစ်ခါတရံ နိရောဓ သမာပတ်ဝင်စား၍ ဆင်းရဲသားများကို အထူး ကယ်တင်တော်မူလေ့ ရှိသည်။
တစ်နေ့တွင် ရွာအတွင်းသို့ဆွမ်းခံကြွလာရာ နူနာသည်အား ချီးမြှောက် လို၍ ဆွမ်းကိုအလှူခံခဲ့ဖူးသည်။ ဆွမ်းလောင်းထည့်လိုက် သောအခါ ထိုနူနာသည် ၏ လက်ချောင်းများမှ သွေးပြည်ယိုစီး၍ ပုပ်ပွဆွေးမြည့်နေသဖြင့် သပိတ်ထဲမှာပင် လက်ချောင်း ပြတ်ကျန်ခဲ့သည်။
အခြား သူလိုကိုယ်လိုလူများ အဖို့ကား အူထွက်မတတ်အောင်ပင် ပျို့အန် ပေလိမ့်မည်။ သို့သော် တဖက်သားအကျိုးရှိ ကောင်းစားမည်ဆိုလျှင် အံ့ဖွယ်ချီးမြှောက်တော်မူသော အရှင်မဟာကဿပသည် ထိုအိမ်နံရံခြေ၌ ပင်ထိုင်၍ ဆွမ်းထဲမှလက်ချောင်းပြတ်ကို ဖယ်ကာ ဖယ်ကာဖြင့် မြိန်ယှက်စွာ ဘုဉ်းပေး တော်မူခဲ့သည်။

ရှင်မဟာကဿပ၏ သိမှတ်ဖွယ်ရာများ
“ရဟန်းတို့.... ကဿပသည် ကောင်းဆိုးယုတ်မြတ် ရတတ်သမျှသော ပစ္စည်းလေးပါးဖြင့် ရောင့်ရဲလွယ်၏၊ ရောင့်ရဲလွယ်ခြင်း၏ အကျိုးကျေးဇူးကိုလည်း ဆိုလေ့ရှိ၏၊ ပစ္စည်းလေးပါးနှင့်ပတ်သက်၍ မသင့်လျော်သော အမူအကျင့်များကို လည်းမကျင့်ပေ၊ မရသေးသော ပစ္စည်းကိုလည်း တောင်းတခြင်းမရှိ၊ ရပြီးသော ပစ္စည်းလေးပါးကိုလည်း စွဲလမ်းမက်မောခြင်းမရှိပေ၊ ပစ္စည်းလေးပါးတို့ကို လက်ခံသုံးစွဲ နေရခြင်းကိုပင် ဘေးဟုရှုမြင်တတ်၏၊ လွတ်မြောက်ရာကို ရှေ့ရှုသော ဉဏ်ဖြင့်ဆင်ခြင်၍သာ သုံးဆောင် တတ်၏”
(ကဿပသံယုတ်၊ သန္တုဌီသုတ်)
“ရဟန်းတို့ ..... လူတို့၏ စိတ်နှလုံးကို ချမ်းမြေ့စေတတ်သော ငွေလမင်းကြီးသည် ကောင်းကင်ထက်၌ လွတ်လွတ်လပ်လပ် သွား၍နေသကဲ့သို့ ကဿပသည် ကိုယ်ရောစိတ်ပါလွတ်လွတ် ကြီးခွာလျက် ဒါယကာ၊ဒါယိကာမ တို့ထံ ချဉ်းကပ်၏၊ နေ့စဉ်နှင့်အမျှဆွမ်းခံရောက်သော်လည်း သူ့အဖို့ အားလုံးအသစ်ချည်းသာ ဖြစ်သည်။ အကျွမ်းတ၀င်ခင်မင်ရင်းနှီးထားသော ဒါယကာ၊ ဒါယိကာမဟူ၍ မရှိပေ၊ ငါ့ဒါယကာ၊ ငါ့ဒါယိကာမ ဟူ၍ စွဲလမ်းခြင်းလည်း မရှိပေ...”
(ကဿပသံယုတ်၊ စန္ဒူမပသုတ်)
“ ကဿပ .... ရဟန်းတို့ကို ဆုံးမလော့ .....၊ ရဟန်းတို့အား တရားဟောကြားလော့ .....၊ ရဟန်းတို့ကို ငါဘုရားဆုံးမသကဲ့သို့ သင်လည်း ဆုံးမလော့....၊ ရဟန်းတို့အား ငါဘုရား ဟောကြားသကဲ့သို့ သင်လည်း ဟောကြားလော့ .....။
(ကဿပသံယုတ်၊ သြ၀ါဒသုတ်)
- ရှင်မဟာကဿပသည် ဘုရားရှင်ပရိနိဗ္ဗာန်ပြုတော်မူ ပြီးနောက်တွင် သုဘဒ္ဒရဟန်းကြီး၏ စကားကိုကြား၍ ဓမ္မသံဝေဂရကာ သတ္တမဏ္ဏလိုဏ်ဂူနီးတွင် ပထမ သံဂါယနာ တင်တော်မူခဲ့သည်။
-နောင်အနာဂတ်တွင် အာသောကမင်းသည် ဘုရားရှင်၏ ဓါတ်တော်များကို ဇမ္ဗူဒိပ် ကျွန်းအနှံ့ စေတီတည်ထားကိုးကွယ်နိုင်ရန် ဓါတ်တော်များကို စုစည်းပင့်ဆောင်ကာ ဓါတ်တော်တိုက်ခန်းများအတွင်း သိုမှီး သိမ်းဆည်း ခဲ့သည်။ 

ပရိနိဗ္ဗာန်စံခန်း
သက္ကရာဇ် (၁၈၆) အကျော်တွင် ရှင်မဟာကဿပမထေရ်ကြီးသည် ပုဗ္ဗေနိဝါသဉဏ်၊ အနဂတံသဉဏ်တော်တို့ကို ဖြန့်ကျက်၍ ဆင်ခြင်တော်မူရာ သလ္လာဝတီမြစ် (ယခုချင်းတွင်းမြစ်) အနောက်ဘက် ဝေဘူလ၊ ဝေဘာရ၊ သုနန္ဒရ တောင်သုံးလုံးအတွင်း ရှင်မဟာကဿပတို့ ရသေ့ညီနောင်သုံးပါး တရားကျင့်ကြစဉ် ထားရှိခဲ့ကြသော “နောင်တော်ကြီး ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်စံသောအခါ ကျွန်ုပ် အရှင်မဟာကဿပက သင်္ဂြိုလ်မှသာ တေဇောဓါတ် လောင်ကျွမ်းပါစေ၊ ကျွန်ုပ် အရှင်မဟာကဿပ ပရိနိဗ္ဗာန်စံဝင်ခဲ့သော နောင်တော်ငယ် အရိမေတ္တယျဘုရားက သင်္ဂြိုလ်မှသာလျှင် တေဇောဓါတ်လောင်ကျွမ်းပါစေ” ဟူသော ကတိသစ္စာအရ“နောင်တော်ကြီး ဂေါတမမြတ်စွာဘုရားနှင့် ထားခဲ့ သောကတိသည် ယခုအခါပြည့်စုံပြီးဖြစ်သည်။ နောင်တော်ငယ် (အရိမေတ္တယျဘုရား) နှင့်ထားသော ကတိသာ ကျန်နေပေသည်။ ငါ၏ခန္ဓာလည်း ယခုတေဇောဓါတ်မလောင်ကျွမ်းနိုင်သေး၊ အရိမေတ္တယျဘုရား ပွင့်သောအခါမှသာ တေဇောဓါတ်လောင်ကျွမ်းတော့မည်ကို သိသည်”



မိထွေးတော်ဂေါတမီ

မိထွေးတော်ဂေါတမီသည် ဘိက္ခုနီရဟန်းမသာသနာတော်ကို စတင်ဖော်ဆောင်ခဲ့သူတစ်ဦး ဖြစ်သည်။ အမျိုးသမီးများ ဘိက္ခုနီသာသနာတော်သို့ ၀င်ရောက်ရန်အတွက် ရှေ့ဆောင်လမ်းပြအဖြစ် ကြိုးစားခဲ့သူ တစ်ဦးလည်းဖြစ်သည်။ နောက်ဆုံး ရဟန်းမဘ၀တွင် သိက္ခာဝါအကြီးဆုံး(ရတ္တညူမဟတ္တ) အရာ၌ ဧတဒဂ်ရခဲ့သည်။ မဟာပဇာပတိဂေါတမီ ထေရီမကြီး၏ ကြိုးစားမူကြောင့် သာသနာတော်သို့ အမျိုးသမီးများ များစွာဝင်ရောက်ခဲ့ကြပြီး အကျွတ်တရားရသူ တရားဖြန့်ပွားသူ သာသနာပြု
အမျိုးသမီးများစွာ ပေါ်ထွန်းခဲ့သည်။ သာသနာ၌ ထူးခြားစွာ ဧတဒဂ်ရခဲ့သော အမျိုးသမီး (၁၃)ဦး ပေါ်ပေါက်ခဲ့ရသည်။


ဤအရှင်မလောင်းလျာသည် ပဒုမုတ္တရဘုရားရှင်လက်ထက် ဟံသာဝတီမြို့၌ စည်းစိမ်ကြွယ်ဝသော အမတ်ကြီးတစ်ဦး၏ သမီးဖြစ်ခဲ့သည်။ တနေ့တွင် ပဒုမုတ္တရဘုရားရှင်ထံသို့ ဖခင်နှင့်အတူ တရားနာ

လိုက်သွားရာ ဘုရားရှင်က မိထွေးဖြစ်သော ရဟန္တာထေရီမကြီးအား သိက္ခာအကြီးဆုံးအရာ၌ ဧတဒဂ်ထားသည်ကို တွေ့ရ၍ ထိုဆုကိုတောင်းယူလိုသော ဆန္ဒဖြစ်ခဲ့သည်။ ဖခင်ထံ ခွင့်ပန်ပြီး ဘုရားအမှူးရှိသော သံဃာတော်များကို ခုနှစ်ရက် ခုနှစ်လီ အလှူကြီးပေးလှူပြီး ထိုဆုကိုပန်ခဲ့သည်။

အရှင်မလောင်းလျာသည် ဤဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ကဿပ ဘုရားရှင် သာသနာတော် ကွယ်ပပြီးနောက် ဂေါတမဗုဒ္ဓမပွင့်ထွန်းမီ ကြားကာလတွင် အလုပ်သမားငါးရာတို့ကို ကြီးမှူးအုပ်ချုပ်ရသော အလုပ်သမားခေါင်းကြီး၏ ဇနီးဖြစ်ခဲ့သည်၊ ထိုဘ၀တွင် အလုပ်သမားငါးရာတို့၏ လုပ်အားဖြင့် ပစ္စေကဗုဒ္ဓါတို့ကို ၀ါဆိုကျောင်းဆောက်လုပ်လှူခဲ့သည်။ ၀ါကျွတ်တွင် ပရိက္ခရာတို့ကို လှူခဲ့သည်။

ဘ၀တခုတွင်လည်း ယက်ကန်းသည်တို့ကို အုပ်ချုပ်ရသောသူ၏ ဇနီးဖြစ်ခဲ့ပြီး ပဒုမ၀တီမိဖုရားမှ ဖွားသော ပစ္စေကဗုဒ္ဓါ ငါးရာတို့ကို ဆွမ်းလှူဒါန်းခဲ့သည်။

ထိုမှတဖန် လူ့ဘုံ နတ်ဘုံ အစုံအလင်ခံစားပြီးနောက် ဤဘုရားရှင် သာသနာပေါ်ချိန်နီးလာသော

အခါ ဒေ၀ဒဟပြည်တွင် မဟာသုပ္ပဗုဒ္ဓမင်းကြီး၏ သမီးတော်ငယ်ဖြစ်လာ၍ အရွယ်ရောက်သော် အစ်မတော်မာယာဒေ၀ီနှင့်အတူ ကပိလ၀တ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒနမင်းနှင့် လက်ထပ်ထိမ်းမြှားခဲ့ရသည်။

မယ်တော်မာယာသည် ဗုဒ္ဓမြတ်စွာလောင်းလျာဖြစ်သော သိဒ္ဓတ္ထမင်းသားကို ဖွားမြင်ပြီး ခုနှစ်ရက်မြောက်တွင် နတ်ရွာလားကာ တုသိတာနတ်ပြည်သို့ ရောက်ရှိသွားသည်။

မယ်တော်မာယာ နတ်ရွာစံပြီးချိန်မှစ၍ ညီမတော်မဟာပဇာပတိဂေါတမီသည် အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး ဖြစ်ခဲ့သည်။ သူမတွင် သားတော်နန္ဒမင်းသားနှင့် သမီးတော်ဇနပဒကလျာဏီတို့ ထွန်းကားခဲ့သည်။ မိထွေးတော်ဂေါတမီသည် မိမိရင်နှစ်သည်းချာ သားလှရတနာဖြစ်သည့် နန္ဒမင်းသားကို နို့ထိန်းများနှင့် လွှဲအပ်ထားပြီး မိမိကိုယ်တိုင်မူကာ ဘုရားလောင်းသိဒ္ဓတ္ထမင်းသားကိုသာ နို့ချိုတိုက်ကျွေး၍ ပြုစုမွေးမြူခဲ့ရသည်။ ဤကဲ့သို့ ဗုဒ္ဓမြတ်စွာလောင်းလျာ ခုနှစ်ရက်သားအရွယ်မှစ၍ မွေးမြူစောင့်ရှောက်ခဲ့ရသည်။ ဗုဒ္ဓလောင်းလျာသည် သက်တော် ၂၉-နှစ်အရွယ် သားတော်ရာဟုလာကို ဖွားမြင်ပြီးနောက် တောထွက်တော်မူသွားသည်။ မိထွေးတော်ဂေါတမီနှင့် မတွေ့ဆုံခဲ့ရချေ။

မြတ်စွာဘုရားသည် ကပိလ၀တ်ပြည်သို့ ကြွတော်မူ၍ ခမည်းတော် သုဒ္ဓေါဒနမင်းနှင့်တကွ ဆွေတော်မျိုးတော်တို့အား နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားတော်မူခဲ့သည်တွင်မှ ပြန်လည်ဆုံတွေ့ရပြီး ဆွေတော်မျိုးတော်များနှင့်အတူ တရားနာယူရသဖြင့် သောတာပန်အရိယာ ဖြစ်ခဲ့ပါသည်။ မိထွေးတော်ဂေါတမီ၏ သားတော်ဖြစ်သူ နန္ဒမင်းသားနှင့် မြေးတော်ရာဟုလာတို့သည် ဘုရားရှင်၏ သာသနာတော်တွင်းသို့ ၀င်ရောက်ခဲ့ကြသည်။ ညီတော် အာနန္ဒာအပါအ၀င် သာကီဝင်မင်းသား ခြောက်ယောက်တို့သည်လည်း ဘုရားရှင်သာသနာသို့ ၀င်ရောက်သွားကြသည်။ သားတော် မြေးတော်များ ထီးရိပ်နန်းရိပ်မှ သာသနာရိပ်၌ ခိုလူံသွားကြသောအခါ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးနည်းတူ မိမိလည်း ပထမတွင် သားသမီးအချစ် မြေးအနှစ် ဆိုသကဲ့သို့ ခွဲခွာရသော ဒုက္ခကို ခံစားခဲ့ရသည်။

ဘုရားရှင် ဒုတိယအကြိမ် ကပလိလ၀တ်ပြည်သို့ ကြွရောက်လာသော အချိန်တွင် ဂေါတမီသည် ချောမွတ်နူးညံ့လှသော ချည်အကောင်းစားဖြင့် သားတော်ဘုရားအတွက် သင်္ကန်းရက်လုပ်ပြီး လှူခဲ့သည်။ ဘုရားရှင်က ထိုသင်္ကန်းကို လက်မခံဘဲ သံဃာတော်များကိုလှူလျှင် မိမိကိုလည်းလှူရာရောက်သည်ဟု ချီးကျူးကာ သံဃာကိုသာ လှူရန် လမ်းညွှန်မူပေးခဲ့သည်။

ဘုရားရှင် ကပိလ၀တ်မှ ပြန်ကြွ၍ မကြာမီ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် ထီးဖြူရိပ်မှာပင် လူဝတ်ကြောင် ရဟန္တာဘ၀ဖြင့် ပရိနိဗ္ဗာန်ပြုခဲ့သည်။ တနေ့ထက်တနေ့ တွေ့ကြုံရသော အပြောင်းအလဲ၊ မမြဲသော သင်္ခါရသဘောနှင့် သာသနာ၏ သဘောတို့ကို သိမြင်လာခဲ့သည်။

ဂေါတမီသည် ရောဟိဏီမြစ်အရေးအခင်းဖြစ်ပြီးနောက် ကောလိယနှင့် ကပိလ၀တ်မှ တစ်ဘက်(၂၅၀) စီ ရဟန်းပြုသွားကြကာ သာကီဝင် မင်းသားတို့၏ ကြင်ယာတော် ဇနီးငါးရာတို့ကိုလည်း ထိန်းသိမ်းစောင့်ရှောက်ထားခဲ့ရပြန်သည်။

ဂေါတမီသည် လောကီအမြင်အရ လင်သားမရှိ၊ သားတို့မြေးတို့လည်း မရှိတော့သော မှီတွယ်ရာမဲ့ မုဆိုးမဘ၀၊ အားငယ်စရာဝဖြစ်သည်ဟု ထင်ဖွယ်ရှိ၏၊ သို့သော်လည်း ဂေါတမီသည် ထိုလင်သားမြေးများ မရှိခြင်းကပင် အနှောင်အဖွဲ့မှ လွတ်မြောက်သူ ဖြစ်လာ၏၊ ချစ်လှစွာသော မိဘနှင့် ဇနီး သားမယားတို့ကိုပင် စွန့်ခွာနိုင်လောက်အောင် သာသနာရိပ်ခိုလူံသွားကြသူတို့၏ ချမ်းသာကိုလည်း အားကျမျှော်မှန်းနေခဲ့မိသည်၊ ယခုမူ မိမိအလှည့်၊ မိမိအချိန်ရောက်လေပြီဟု ၀မ်းမြောက်ကာ ဘုရားသာသနာတော်၌ ၀င်ရောက်ခိုလူံရန် စိတ်ဆုံးဖြတ်လိုက်သည်၊ မင်းသမီးငါးရာတို့နှင့် တိုင်ပင်ရာ မင်းသမီးငါးရာတို့ကလည်း သာသနာတော်ဝင်ရန် သဘောတူကြသည်။

ထိုအချိန်က ဘုရားသာသနာတော်၌ ဘိက္ခုနီဝတ်သူ မရှိသေးချ။ မဟာပဇာပတိဂေါတမီသည် ဘုရားရှင်သီတင်းသုံးရာ နိဂြောဓာရုံကျောင်းသို့ဝင်ပြီး ဘုရားရှင်ကို ရိုသေစွာရှိခိုးကာ မြတ်စွာဘုရားသသနာတော်၌ အမျိုးသမီးများ ၀င်ရောက်ထမ်းဆောင်ခွင့်ပြုပါရန်လျှောက်ထားသည်။

“ဂေါတမီ --- သာသနာတော်၌ အမျိုးသမီးများ ၀င်ရောက်ထမ်းဆောင်ခွင့်ကို မတောင့်တပါလင့်”ဟု ဘုရားရှင်တားမြစ်ခဲ့သည်။

ဂေါတမီသည် ဇွဲမလျှော့ဘဲ သုံးကြိမ်တိုင်တိုင် လျှောက်ထားသည်၊ ဘုရားရှင်ကား ခွင့်ပြုတော်မမူ၊ မျှော်လင့်ချက်လမ်းဆုံး၌ ယူကျုံးမရ၊ ၀မ်းနည်းစွာဖြင့် နန်းတော်သို့ ပြန်ခဲ့ရသည်။

မြတ်စွာဘုရားရှင်ကလည်း ကပိလ၀တ်ပြည်မှ ယူဇနာငါးဆယ်ကွာဝေးသော ဝေသာလီပြည်သို့ ကြွသွားတော်မူပြီး မဟာဝုန်တော ကူဋာဂါရကျောင်းတော်၌ သီတင်းသုံးနေတော်မူလေသည်။

မိထွေးတော်ကြီး မဟာပဇာပတိဂေါတမီနှင့်အတူ သာကီဝင်မင်းသမီး ငါးရာတို့သည် ဆတ္တာသည်တို့ကို ခေါ်၍ အမျိုးသမီးတို့၏ အမြတ်နိုးဆုံးအရာဖြစ်သော ဆံကေသာတို့ကို ပယ်ဖြတ်ကြသည်၊ ထို့နောက် အဖိုးထိုက်တန်သော ထီးသုံးနန်းသုံး အ၀တ်အစား ဆင်ယင်ထုံးဖွဲ့မူများကို ပယ်စွန့်၍ ဖန်ရည်စွန်းသော အ၀တ်များကို ၀တ်ဆင်လိုက်ကြသည်။ ထို့နောက် မြတ်စွာဘုရား ကြွတော်မူရာ အရပ်ကို စုံစမ်းပြီး ခြေလျင်ခရီးဖြင့် လိုက်သွားခဲ့ကြသည်။

ယူဇနာငါးဆယ်ခရီးကိုပင် ဝေါယာဉ်စသည်တို့ကို အသုံးမပြုဘဲ ခြေလျင်လျှောက်လှမ်းခဲ့ကြသည်ကို ကြည့်လျှင် မိထွေးတော်ဂေါတမီတို့၏ သာသနာတော်သို့ ၀င်ရောက်လိုသောဆန္ဒ ပြင်းပြမူကို သိသာနိုင်သည်။ ပင်ပန်းကြီးစွာ လျှောက်လှမ်းခဲ့ရသဖြင့် ဝေသာလီပြည် ဘုရားကျောင်းတော် အနီးသို့ ရောက်သောအခါ နန်းတွင်းသူမင်းသမီးတို့၏ နူးညံ့သော ခြေထောက်များ ပေါက်ကွဲကာ သွေးချင်းချင်းနီလျက် ရှိကုန်၏၊ ခန္ဓာကိုယ်တွင်လည်း ဖုံအလိမ်းလိမ်းကပ်ငြိလျက်ရှိသည်။ ဘုရားရှင် သီတင်းသုံးရာ ကျောင်းပေါက်ဝ နံရံကိုမှီကာ ငိုယိုနေကြကုန်၏။

မင်းသမီးငါးရာတို့၏ ငိုယိုသံကို အရှင်အာနန္ဒာ ကြား၍ လာရောက်စုံစမ်းမေးမြန်းသောအခါ မိထွေးတော်ဂေါတမီ၏ ဘိက္ခုနီ(ရဟန်းမ)ပြုလိုသော ဆန္ဒ ပြင်းပြမူကို သိရှိရသဖြင့် ဘုရားရှင်အား လျှောက်ထားပေးသည်။ အရှင်အာနန္ဒာက မိထွေးတော်ဂေါတမီ၏ ကျေးဇူးဂုဏ်တို့ကို ဖော်ပြ၍ အကြိမ်ကြိမ် ခွင့်ပန်လျှောက်ထား ပန်ကြားသော်လည်း ဘုရားရှင်၏ ခွင့်ပြုချက်မရ။ ထိုအခါ အရှင်အာနန္ဒာက မိထွေးတော်ဂေါတမီ တစ်ဦးတည်းသာ မဟုတ်ပဲ အမျိုးသမီးအားလုံး ဘိက္ခုနီအဖြစ်ဖြင့် အရိယာဖြစ်နိုင်ခွင့်ရှိ မရှိကို မေးမြန်းလျှောက်ထားရာ မြတ်စွာဘုရားရှင်က အမျိုးသမီးများလည်း ဘိက္ခုနီဘ၀ဖြင့် အရိယာဖြစ်နိုင်ကြောင်း ဖြေကြားတော်မူသည်။

နောက်ဆုံး ဘုရားရှင်က မိထွေးတော်ဂေါတမီအား အောက်ပါ ဂရုဓံတရားရှစ်ပါးကို ခံယူဆောက်တည်စောင့်ထိန်းနိုင်ပါက ဘိက္ခုနီ(ရဟန်းမ)အဖြစ်ဖြင့် သာသနာတော်တွင် ရဟန်းပြုခွင့် ပေးမည်ဟု ခွင့်ပြုမိန့်ကြားတော်မူသည်။ ဂရုဓံတရား ရှစ်ပါးတို့ကား -

(၁) ရဟန်းမသည် ၀ါတရာပင်ရသည်ဖြစ်စေ၊ ယနေ့မှဖြစ်လာသော ရဟန်းသစ်ကို ရှိခိုးရမည်၊ ခရီးဦးကြိုဆိုရမည်၊ လက်အုပ်ချီရှိခိုးရမည်၊ အရိုအသေပေးရမည်။

(၂) ယူဇနာဝက်အတွင်း၌ ရဟန်းယောက်ျားတစ်ပါးမျှ မရှိသော ကျောင်းတွင် ၀ါမဆိုရ။ (ယူဇနာဝက်အတွင်း ရဟန်းယောက်ျား ရှိရမည်၊ ဝေးကွာ၍မနေရ။)

(၃) ရဟန်းသံဃာများထံသို့ လပြည့် လကွယ် နေ့တိုင်း ဥပုသ်အမေးသွားရမည်၊ သြ၀ါဒခံယူရန် သွားရမည်။

(၄) ၀ါကျွတ်ပြီးသော ရဟန်းမသည် ရဟန်းနှင့် ရဟန်းမ သံဃာနှစ်ရပ်လုံး၌ ကိုယ်တိုင်မြင်သော၊ တဆင့်ကြားသော၊ ယုံမှားသင်္ကာရှိသော အပြစ်အာပတ်များကို ထုတ်ဖော်ပြဆိုရန် ပန်ကြားရမည်။ (ပ၀ါရဏာပြုရမည်။)

(၅) ကြီးလေးသော အာပတ်ကြီးများသင့်သော ရဟန်းမသည် ရဟန်းမများထံ၌သာ ကမ ရဟန်းတော်များထံသို့လည်း သွား၍ အပြစ်ကို(ဒေသနာကြား) ကုစားရမည်။

(၆) ၀ိကာလဘောဇနာတိုင်အောင် သိက္ခာပုဒ်ခြောက်ခုကို နှစ်နှစ်တိုင်တိုင် ကျင့်ခဲ့ပြီးသော သိက္ခမာန်(အကြိုးတရားကျင့်သူ အမျိုးသမီး)ကို သံဃာနှစ်ရပ်၌ ရဟန်းခံနိုင်ရန် ကြိုးစားအားထုတ်ရမည်။

(၇) မည်သို့သောအကြောင်းရှိသည်ဖြစ်စေ ရဟန်းမသည် ရဟန်းကို မဆဲရေးရ၊ ရေရွတ်တိုင်း

ထွာခြင်းမပြုရ။

(၈) ဤနေ့မှအစပြု၍ ရဟန်းမတို့က ရဟန်းတို့အပေါ် ဆုံးမသြ၀ါဒပြောဆိုခွင့် မရှိပေ။

မိထွေးတော် ဂေါတမီသည် ဤဂရုဓံတရားရှစ်ပါးတို့ကို ခံယူလိုက်သဖြင့် ပထမဦးဆုံး သာသနာ့တာဝန် ထမ်းဆောင်ခွင့်ရသော ရဟန်းမတစ်ပါး ဖြစ်လာ၏။ ဤသာသနာတော်၌ ဂရုဓံတရား ရှစ်ပါးကို ခံယူခြင်းဖြင့် ရဟန်းဖြစ်ခွင့်ရရှိသူမှာ မိထွေးတော်ဂေါတမီ တစ်ပါးတည်းသာရှိသည်။ ထို့ကြောင့် ဤမြတ်စွာဘုရား

သာသနာတော်တွင် ပထမဆုံးဘိက္ခုနီပြုခွင့်ရသဖြင့် ဘိက္ခုနီများတွင် သိက္ခာဝါအကြီးဆုံးရ ဧတဒဂ်ဂုဏ်ထူးဖြင့် ချီးမြှောက်ခြင်းကို ခံယူရသည်။

ရဟန်းတော်များနည်းတူ မြတ်စွာဘုရားအဆုံးအမကို ဟောကြားဆုံးမ၍ အမျိုးသမီးများ အမျိုးသားများနှင့်နည်းတူ သာသနာ့အခွင့်ကောင်းကြီးရအောင် ဆောင်ရွက်တော်မူခဲ့သော မဟာပဇာပတိဂေါတမီကြီးသည် သက်တော် တစ်ရာ့နှစ်ဆယ်အရောက်တွင် ပရိနိဗ္ဗာန်ပြုတော်မူလေ

သည်။ ပရိနိဗ္ဗာန်ပြုခါနီးကာလ ဟောကြားခဲ့သော တရားများနှင့် ပရိနိဗ္ဗာန်ပြုခါနီးကာလအထိ သာသနာပြုသွားပုံမှာ ထူးခြားမှတ်သား လောက်ပေသည်။

မဟာပဇာပတိ ဂေါတမီ ထေရီမကြီး ပရိနိဗ္ဗာန်ပြုခါနီး မြတ်စွာဘုရားရှင်အား လျှောက်ထားပူဇော်သွားေ

သာ တရားစကားများတွင် အောက်ပါ တရားစကားများမှာ အထူးမှတ်သားကြည်ညိုဖွယ် ကောင်းလှသည် -

ရညော မာတာ မဟေသီတိ၊ သုလဘံ နာမ’မိတ္ထိနံ။
ဗုဒ္ဓမာတာတိ ယံ နာမံ၊ ဧတံ ပရမဒုလ္လဘံ။
သားတော်ကြီးဘုရား - မိန်းမသားတို့အား မင်း၏မယ်တော်၊ မင်း၏မိဖုရားဟူသော အမည်ကို ရလွယ်နိုင်၏၊ မြတ်စွာဘုရား၏ မယ်တော်ဟူသော အမည်ကိုမူ အလွန်ရခဲလှပါသည်။ ထိုရခဲလှသော အမည်ကို ဘုရားတပည့်တော်မ ရရှိပါပြီ။
မဓုရာနိ ပဟဋ္ဌာနိ၊ ဒေါသဂ္ဃါနိ ဟိတာနိ စ။
ယေ တေ ၀ါကျာနိ သုယျန္တိ၊ တေပိ ဓညာ နရုတ္တမ။
လူတို့ထက်မြတ်တော်မူသော မြတ်စွာဘုရား - စိတ်နှလုံးကို ရွှင်ပြုံးစေတတ်ကုန်သော အပြစ်အားလုံးတို့ကို သန့်ရှင်းစေနိုင်ကုန်သော အစီးအပွားနှင့် ယှဉ်စပ်ကုန်သော အရှင်ဘုရားသားတော်ကြီး၏ ချိုမြိန်သာယာ အရသာရှိသော စကားတော်တို့ကို ကြားနာကြရကုန်သော သူတီု့သည် ဘုန်းကံ လွန်စွာ ကြီးမားကြသူတို့ ဖြစ်ကြပါ ပေကုန်သည်ဘုရား။
ယံ န ဒိဋ္ဌံ ပုရာဏေဟိ၊ တိတ္ထိကာစရိယေဟိ ပိ။
တံ ပဒံ သုကုမာရီဟိ၊ သတ္တ၀ဿာဟိ ဝေဒိတံ။
ရှေးအခါက ဖြစ်ပေါ်ခဲ့ကြသော ဘုရားအမည်ခံ တိတ္ထိဆရာကြီး အဆက်ဆက်တို့သည်ပင်လျှင် မတွေ့မမြင်ခဲ့ကြသော နိဗ္ဗာန်ကို မြတ်စွာဘုရား သားတော်ကြီး၏ ကျေးဇူးကြောင့် ယခုအခါ အသက်ခုနှစ်နှစ်အရွယ် သတို့သမီးငယ်တို့သည်ပင် သိမြင်ခံစားနေကြပါပြီဘုရား။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော်  စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

မူရင်းလင့်-http://www.anantametta.org/2012/10/blog-post_2953.html