"စာဝင်ဖတ်သူဓမ္မမိတ်ဆွေအပေါင်းအာ3း48ဓမ္မဘလော့ဒ်မှနွေးထွေးစွာကြိုဆိုပါ၏"

"စာဝင်ဖတ်သူဓမ္မမိတ်ဆွေအပေါင်းအာ3း48ဓမ္မဘလော့ဒ်မှနွေးထွေးစွာကြိုဆိုပါ၏"

Friday, February 8, 2013

သီတဂူဆရာတော်ဘုရားကြီး၏မှတ်သားလိုက်နာဖွယ်သြဝါဒအချို့

"ဘုန်းကံကြီးမား မြတ်ဘုရားသာသနာတော်ကို ဘုန်းကံကြီးမားသောသူများ မှိခိုခွင့်ရတယ် ၊ဘုန်းကံကြီးမား မြတ်ဘုရားသာသနာတော်ကို ဘုန်းကံရှားသူများ မှိခိုခွင့်မရဘူး၊၊ ဘုန်းကံကြီးမား မြတ်ဘုရားသာသနာတော်ကို ဘုန်းကံကြီးမားသူကို ထောက်ပံခွင့်ရတယ်၊၊
ဘုန်းကံကြီးမား မြတ်ဘုရားသာသနာတော်ကို ဘုန်းကံကြီးမား မြတ်ဘုရားသာသနာတော်ကို ဘုန်းကံရှားပါသူတို ထောက်ပံ့ခွင့်မရဘူး"

လူမိုက်လက္ခာ(၄)ပါး
၁။ နည်းမှားတွေကို လုပ်တယ် ။ 

၂။ သူတစ်ပါကိုလည်း အဲ့ဒီအမှားတွေကိုလုပ်ခိုင်းတယ် ။
၃။ အဲ့ဒီအမှားကြီးကိုလည်း သိပ်တန်ဖိုးထားတယ် ။
၎။ မှားနေပြီးလို့ပြောရင် ပြောတဲ့သူကို ရန်ရှာတယ် ။
  

သြ၀ါဒ
- လူစွမ်းကောင်းတို့သည် အချိန်နှင့်အလုပ်ကို သူတို့၏ အခွင့်အရေးအဖြစ် တိတိကျကျ မိမိရရ ယူလိုက်ကြသည်။
သူတို့သည် အချိန်နှင့်အလုပ်ကို ကြီးကျယ်ခမ်းနားအောင် ပြုလုပ်ဖန်တီးလိုက်ကြသည်။
 - ကမ္ဘာမှာ လူမှတပါး ကြီးကျယ်သည့်အရာဝတ္ထု ဘာမျှမရှိ။ လူမှာလည်း သီလနှင့် ပညာမှတပါး ကြီးကျယ်သောအရာဝတ္ထု ဘာမျှမရှိ။
 - ကိုယ်ကျင့်တရားသည် လူတို့၏ခြေထောက်၊
ပညာသည် လူတို့၏ မျက်လုံး၊ကိုယ်ကျင့်တရားသည် လွတ်မြောက်ရာတံခါးပေါက်ဆီသို့ ပို့ဆောင်ပေးသည့်ယာဉ်နှင့်တူ၍ပညာသည် ထွက်မြောက်ရာ
တံခါးပေါက်ကို ဖွင့်သောသော့နှင့်တူ၏။

အကြောင်းကို ရှာကြည့်တတ်ရမယ်
စေတနာက လောဘနဲ့တွဲရင် ငါရဖို့ချည်းဖြစ်လာတတ်တယ်။
နောက် အဲဒီစေတနာကပဲ ဒေါသနဲ့တွဲလိုက်ရင် သတ်ဖြတ်ဖို့ဖြစ်တတ်တယ်။
မောဟနဲ့တွဲ လိုက်ပြန်တော့ ပညာမဲ့တာတွေဖြစ်လာတယ်။

မကောင်းတာတွေဘာကြောင့်ဖြစ်လာလဲမေးရင် စေတနာနဲ့
မကောင်းနဲ့ အကြောင်းသုံးပါးတွဲမိလို့…ဒါပဲ…။

လောဘနည်းအောင်ကျင့်ရင် သူများ အတွက်ဆောင်ရွက်တတ်လာတယ်။
ဒေါသနည်းအောင်ကျင့်သုံးရင် ငြိမ်းချမ်းရေးဖြစ်တယ်။
မောဟနည်းအောင်ကျင့်ရင်တော့ ပညာတတ်တွေဖြစ်လာကြမယ်။

ကောင်းတာတွေဘာကြောင့်ဖြစ်ဆိုရင် စေတနာနဲ့
ကောင်းတဲ့..အကြောင်းသုံးပါးပေါင်းမိလို့.. ဒါပဲ…..


"ငါတို့ဖြစ်ရ ၊ ဤလောကဝယ် ဘဝသမိုင်း ၊မရိုင်းစေရန်
စိတ်မာန်မချ ၊ မနမပါ တို့စွမ်းရာဖြင့်၊တိုသာသနာ တို့
ပြည်ရွာကို ၊ သာရာစေမူ လုံ့လပြုအံ့ ။"

"သူတော်ကောင်းမှန် ကောင်းမူကံ ပြုရန်လွယ်ပေသည် ။
သူတော်ကောင်းမှန် မကောင်းကံ ပြုရန်ခက်ပေသည် ။
သူယုတ်မာမှန် မကောင်းကံ ပြုရန်လွယ်ပေသည် ။
သူယုတ်မာမှန် ကောင်းမူကံ ပြုရန်ခက်ပေသည် ။"

“ ဘ၀သံသရာလမ်းအတွက် ဒါန၏အစွမ်းများ ”
ဒါနသည် -
- ဘ၀အထက်တန်းကို တက်လှမ်းဖို့အတွက်
စောင်းတန်းလှေကားသဖွယ်ဖြစ်၏
- ဘ၀သံသရာခရီးရှည်ကြီးမှာ ရိက္ခာသဖွယ်ဖြစ်၏။

- ဘ၀သံသရာခရီးကို ဖြောင့်တန်းစေနိုင်၏။

- ဘ၀သံသရာရဲ့ထွက်ပေါက် ( နိဗ္ဗာန် )ဆီသို့
ထောက်ပံ့ပို့ဆောင်စေနိုင်၏။
     

“ ပညာမဲ့ လူမိုက်တို့ရဲ့အမူအကျင့် ”
“ ပညာမဲ့တဲ့ ပုဂ္ဂိုလ်သည် -
အကျိုးစီးပွားရှိတဲ့ လုပ်ငန်းတွေကို မကျွမ်းကျင်၊ မနိုင်နင်းတဲ့
အတွက်ကြောင့်(၀ါ) အကျိုးမဲ့လုပ်ငန်းတွေကိုချည်းသာလျှင်
ကျွမ်းကျင်နိုင်နင်းတဲ့အတွက်ကြောင့် အကျိုးစီးပွားရှိအောင်
ဘယ်လိုပင်ဆောင်ရွက်ငြားသော်လည်း ၊
- ချမ်းသာသုခတိုးပွားကြောင်း လုပ်ငန်းတွေကို ဆောင်ရွက်
မယ်လို့ ဘယ်လိုပင်ဆောင်ရွက်ငြားသော်လည်းဘဲ -
အကျိုးရှိသည်ကို မကျွမ်းကျင်ပဲနဲ့ အကျိုးမဲ့ကိုသာ ကျွမ်းကျင်
နိုင်နင်းနေကြတဲ့အတွက်ကြောင့် -
ထိုကဲ့သို့သော သူမိုက်တွေဟာ အကျိုးစွားပွားမှန်သမျှတွေကို
ဆုတ်ယုတ်အောင် လုပ်နေကြတယ်။ ချမ်းသာသုခမှန်သမျှတွေကို
ဆုတ်ယုတ်အောင် လုပ်နေကြတယ်လို့ - နတ်လူတို့ဆရာ
ဘုရားရှင်သည် ကရုဏာရှေ့ရှု ဟောပြတော်မူခဲ့ပါပေ၏။ ”



“ သီင်္တဂူဆရာတော်ဘုရားကြီး သြ၀ါဒ ”
- လူတွေဟာ လောကကကြီးမွေးလာတာ လူတွေကို
ဒုက္ခပေးဖို့ မွေးလာတဲ့ လူမျိုးမဖြစ်ကောင်းဘူး။
လူ့လောကကြီးကောင်းကျိုးပြုတဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်ရမယ်။

 - မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့ဟာ များစွာသော
သတ္တ၀ါအပေါင်းတို့ရဲ့ အကျိုးစီးပွား ချမ်းသာဖို့အတွက်
ပွင့်ပေါ်လာကြတယ်။

  - ဗုဒ္ဓရှင်တော် ပွင့်ထွန်းပေါ်လာတာသည် လူသားတွေအတွက်
ဒုက္ခပေးဖို့ပေါ်လာတာ မဟုတ်ဘူး။ အဲဒါကြောင့် ဗုဒ္ဓကို
ကြည်ညိုတဲ့ လူတိုင်းဟာလည်းပဲ လူ့လောကချည်းကို
ဒုက္ခပေးမယ့် လူမျိုးမဖြစ်ကောင်းဘူး။ ”

“ နေရာတကာကို ' ငါ 'ကို သိပ်ပြီး ရှေ့တန်းမတင်နဲ့။
ငါ့ရှေ့တန်းမတင်လို့ ' ငါ ' နောက်တန်းပို့လိုက်တော့
' သူ 'တို့ချည်းလည်း ရှေ့တန်းထိုးမထည့်နဲ့။

- “ ငါ ”နဲ့ “ သူ ”ကို ရှောင်ပြီး အကြောင်းနဲ့အကျိုး
သိအောင်ဆင်ခြင်။ အကြောင်းကြောင့်ပေါ်လာတဲ့
အကျိုးကို စနစ်တကျဆင်ခြင်နားလည်ခြင်းဟာ -
သမ္မာဒိဋ္ဌိ။ အမှန်ကိုနားလည်ခြင်း ။

- အမှန်ကိုနားလည်ခြင်းသည် ပြဿနာတို့ရဲ့အဖြေကို
စတာပဲ။ အမှန်ကိုသိခြင်းသည် ပြဿနာတို့ရဲ့အဖြေပဲ။ ”


"ခန္ဓာကိုယ်ကြီးက...
အမြဲတမ်း တရားပြပေးနေတယ် ...
ခန္ဓာရိပ်သာဟာ ...
အမြဲတမ်းဖွင့်ထားတဲ့တရားရိပ်သာပါ"




No comments:

Post a Comment