Saturday, December 8, 2012
ကုသိုလ်ပယ်သော တရားစခန်း
ကုသိုလ်ပယ်သောဝါဒသည် အဓမ္မဝါဒအဖြစ် ချမှတ်ခံရသော ကျောက်သင်္ဘောဝါဒမှ
ဆင်းသက်လာခြင်းဖြစ်၍ သတိထားသင့်သည်။အားထုတ်စယောဂီကို အသာထား၍
ဘုရား ရဟန္တာများပင် လောကီကုသိုလ်မျိုးစုံကို ပြုလုပ်ကြသည်။တရားဟောခြင်း
သံဃာ၏ဝေယျာဝစ္စကို ပြုလုပ်ခြင်း၊ဆွမ်းသင်္ကန်းစွန့်ကြဲလှူဒါန်းခြင်းတို့ကို ပြုလုပ်
ကြပုံများကို ပါဠိတော်များတွင် အများကြီးတွေ့နိုင်သည်။
ဆိုလိုသည်မှာ ကံတစ်ခုတည်းက ဘဝသစ်ကို ဖြစ်စေနိုင်သည် မဟုတ်သောကြောင့်
အရိယာအစရှိသော သူတော်ကောင်းများ၊ ဒါနကုသိုလ်၊ ဝေယျာဝစ္စကုသိုလ်များကို
ပြုလုပ်ကြခြင်းဖြစ်သည်။သူတို့၏သန္တာန်တွင် မသိမှု မောဟခေါ် အဝိဇ္ဇာနှင့်ဘဝသစ်
ကိုလိုချင်မှုတဏှာကို ပယ်သတ် ထားပြီးဖြစ်၍ ထိုကုသိုလ်ကံများက ဘဝသစ်ကို မ
ဖြစ်စေနိုင်တော့ပေ။
ဥပမာပေးရလျှင် ကုသိုလ်ကံနှင့် အကုသိုလ်ကံသည် အပင်ပေါက်စေသည့်မျိုးစေ့နှင့်
တူသည်။အဝိဇ္ဇာတဏှာ သည်ရေနှင့်တူသည်။မျိုးစေ့သည် မြေရေနှင့်ထိတွေ့ရမှသာ
အပင်ပေါက်နိုင်သည် ထိုမျိုးစေ့ကို အဝတ်ဖြင့်ထုတ်ပြီးထုပ်တန်းတွင် ကြိုးနှင့်ဆွဲထား
ပါက မည်သို့မျှ အပင်မပေါက်နိုင်တော့ပေ။
ထို့အတူ ကုသိုလ်ကံ အကုသိုလ်ကံ ဟူသော မျိုးစေ့သည်လည်း ခန္ဓာဒုက္ခ မသိမှု
အဝိဇ္ဇာ ထိုခန္ဓာကိုလိုချင်မှု တဏှာတို့နှင့် ပေါင်းမိမှသာ ခန္ဓာ ပင်များပေါက်နိုင်သည်။
ကုသိုလ်ကိုကား လုပ်ပါ၏။ သို့သော် ဘဝသစ်ခန္ဓာသစ်ကို မတောင့်တဘဲ၊ ခန္ဓာချုပ်
ငြိမ်းရာ နိဗ္ဗာန်ကို ဆုတောင်းခဲ့သော်စိတ်ညွတ်ခဲ့သော်ထိုဒါန၊ သီလ ကုသိုလ်စသည်
တို့သည် နိဗ္ဗာန်ရောက်ဖို့အတွက် အထောက်အပံ့ ဖြစ်သွားပေသည်။
ဓမ္မပဒတွင်လာရှိသော မဟာသေနပုဏ္ဏားကြီး ဆင်းရဲနေသော အချိန်တွင် ဆွမ်းခံ
ကြွလာသော အရှင်သာရိပုတ္တရာကိုနို့ဆွမ်း တစ်ပန်းကန်နှင့် ပိတ်စတစ်စကို
သင်္ကန်းအဖြစ် လှူဒါန်းခဲ့သည်။လှူချင်လွန်းလှသဖြင့် အငတ်ခံ၍ လှူဒါန်းခြင်းဖြစ်
သည်။ပေါများ၍ လှူဒါန်းခြင်းမဟုတ်ပေ။ွှဤကုသိုလ်ကြောင့် အရှင်ဘုရားတို့သိမြင်
အပ်သော မဂ်ဖိုလ်တရားထူးကို တည့်တော်လည်း သိမြင်ရပါလို၏ဟု ဆုတောင်းခဲ့
သည်။
ထိုဒါနကုသိုလ်ကံသည် သံသရာမရှည်ခဲ့ပါ။နောက်ဘဝတွင် ခုနစ်နှစ်သားနှင့် ရဟန္တာ
ဘဝသို့ပို့ပေးခဲ့သည်။အဝိဇ္ဇာနှင့်တဏှာတို့၏ခြယ်လှယ်မှုကို မခံရသော၊ကုသိုလ်
မျိုးစေ့သည် ဘဝအပင်များစွားကို မပေါက်စေခဲ့ပါ။နောက်တစ်ဘဝနှင့်ပင်ရဟန္တာအဖြစ်
သို့ပို့ပေးခဲ့သည်။ပယ်သတ်ရမည့်တရားသည် သမုဒယသစ္စာခေါ် တဏှာသာဖြစ်
ကြောင်း ဗုဒ္ဓက ဟောခဲ့ပြီးဖြစ်သည်။
သမုဒယသစ္စာအရ တဏှာလောဘက ကောက်ခြင်းသည်ပဓါနနည်းအားဖြင့်ဖြစ်သည်။
အပဓါနနည်းအားဖြင့်ကား ကိလေသာဆယ်ပါးလုံးကို ကောက်ရသည်။ဆိုလိုသည်မှာ
ပယ်သတ်ရမည်မှာ ကိလေသာဆယ်ပါးလုံးဟုသိစေချင်သည်။ထို့ကြောင့်ပယ်သတ်
ရမည်မှာ ကုသိုလ်ကံမဟုတ် ကုသိုလ်ကိုမှီပြီး နောက်ဘဝကို လိုချင်သည့်တဏှာဖြစ်
သည်။
ပယ်သတ်နည်းမှာ မည်သည့်ကုသိုလ်ကို လုပ်လုပ်၊ ငါကောင်းစားဖို့ မလုပ်ဘဲ လော
ကကောင်းကျိုးကောင်စားဖို့လုပ်လျှင် တဏှာကိုပယ်သတ်ပီးသားဖြစ်သည်။ထို့အတူ
ဘုရားရှိခိုးသောကုသိုလ်ကိုအကြောင်းပြု၍ နောက်ဘဝချမ်းသာကို လိုချင်သောတဏှာ
ကြောင့်သာ သံသရာ ရှည်ရခြင်းဖြစ်သည်။
ထို့ကြောင့် ကုသိုလ်ကို ပယ်သတ်သောနည်းသည် အဓမ္မဝါဒ နည်းသာဖြစ်၍ မှားသည်။
တဏှာလောဘကို ပယ်သတ်သောနည်းသာ ဓမ္မဝါဒ ဖြစ်၍မှန်သည်။တဏှာဦးဆောင်
သော ကိလေသာများကိုသာ ပယ်သတ်နိုင်အောင် ကြိုးစားပါ။
အရှင်ဇဝန (မေတ္တာရှင် ရွှေပြည်သာ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment