"စာဝင်ဖတ်သူဓမ္မမိတ်ဆွေအပေါင်းအာ3း48ဓမ္မဘလော့ဒ်မှနွေးထွေးစွာကြိုဆိုပါ၏"

"စာဝင်ဖတ်သူဓမ္မမိတ်ဆွေအပေါင်းအာ3း48ဓမ္မဘလော့ဒ်မှနွေးထွေးစွာကြိုဆိုပါ၏"

Saturday, October 6, 2012

'သာသနာတွင်းတရားဖြစ်သော ဝိပဿနာတရားအခြေခံများကို သိရှိလေ့လာနိုင်ရန် တင်ပြပေးသွားပါမည်။အားလုံး သေသေချာချာဖတ်ကြပါဟု မေတ္တာရှေ့ထားကာ တိုက်တွန်းနှိုးဆော် အပ်လိုက်ရပါသည်။အရှင်ဇဝန (မေတ္တာရှင် ရွှေပြည်သာ)ရေးသားတော်မူသောလူငယ်များအတွက် ဂမ္ဘီရ ၀ိပဿနာ အတွဲ ၁+၂ မှ ကောက်နှုတ်ချက်များ(အပိုင်း၂)'







”မဂ်ဖိုလ်ရဖို့အတွက် လှေကား ၃ထစ်”
 ၁။ ဉာတပရိညာ - လောကမှာ တကယ်ရှိတဲ့ ပရမတ်တရားနဲ့ တကယ်မရှိတဲ့ ပ ညတ်တရားများကိုပြတ်ပြတ်သားသားသိသွားအောင် ဆရာဆီမှာ နာယူမှတ်သားရမယ်။
၂။ တီရဏပရိညာ – ပရမတ်တရား ရုပ်နာမ်နှစ်ပါးဟာ နားချိန်အားချိန်မရှိဘဲတရစပ်ဖြစ်ပျက်နေတာပါလားဆိုတာ သိပြီးသွားတာနဲ့ အချိန်ရသမျှအနိစ္စ၊ ဒုက္ခ၊ အနတ္တ ကို ဆင်ခြင်ပွားများနေတာ။
၃။ ပဟာနပရိညာ – ရှုမှတ်ပွားများပါများလို့ ရင့်ကျက်ချိန်ရောက်တာနဲ့ ဆိုင်ရာ မဂ်ကျလာပြီးဆိုင်ရာကိလေသာကို ပယ်သတ်ပစ်လိုက်တာ။

” ပရမတ် ၄ မျိုး”
စိတ် = အာရုံကို သိတတ်တဲ့ သဘောတရား(လုံးရေ အကျဉ်း ၈၉ လုံး. အကျယ် ၁၂၁ ပါး
စေတသိက် = စိတ်၌ မှီဖြစ်တဲ့ သဘောတရား ( လုံးရေ ၅၂ လုံး )
ရုပ် = ဖောက်ပြန်တတ်တဲ့ သဘောတရား
နိဗ္ဗာန် = အိုနာသေကင်းသော အငြိမ်းဓါတ်။( ပညတ် သည် ပရမတ် ၄ မျိုးကလွှဲပြီး ကျန်တာ အားလုံးကို ပညတ်လို့ချည်း မှတ်တယ်။)
ဗုဒ္ဓက - ကုသိုလ်ဖြစ်ခြင်းရဲ့ အနီးဆုံးအကြောင်းဟာ ယောနိသောမနသိကာရ = ကောင်းကွက်ကိုရှာပြီး သင့်တင့်အောင် နှလုံးသွင်းခြင်းတဲ့။အကုသိုလ်ဖြစ်ခြင်းရဲ့ အနီးဆုံးအကြောင်းဟာ အယောနိသော မနသိကာရ = မကောင်းကွက်ကို ရှာပြီး မသင့်တင့်အောင် နှလုံးသွင်းခြင်းတဲ့။သူတစ်ပါးကို မကြည်ညိုရင် ကုသိုလ်မရရုံဘဲ ရှိတယ်။မိမိကိုယ်မိမိ မကြည်ညိုရင် အပါယ်ကျ တတ်တယ် ဆိုတာပဲ။ ( သာဓကအားဖြင့် – မလ္လိက မိဖုရား)

“ကုသိုလ် ၄ မျိုး”
၁။ ဒါန ကုသိုလ်
၂။ သီလ ကုသိုလ်
၃။ သမထ ဘာဝနာ ကုသိုလ်အပေါ် သုံးခုကတော့ လောကီကုသိုလ်များကတော့ သာသနာတွင်း၊ သာသနာပ အမြဲတမ်းရှိတယ်။ဘုရားမပွင့်ရင်လည်း ဒါန. သီလ သမထ ဘသာနာ တွေက ရှိတယ်။)
၎။ ၀ိပဿနာ ဘာဝနာ ကုသိုလ် သာသနာအတွင်း မှာသာ ရှိပါတယ်။(ဘုရားပွင့်သော အချိန်မှာသာ ရရှိနိုင်သည်။)သာသနာနဲ့ ကြုံသခိုက်လေးမှာ ၀ိပဿနာကုသိုလ်ကို အရယူလိုက်စေချင်ပါတယ်။ဒါန
နဲ့ သီလ ကတော့ ဘ၀ရွေး အချိန်ရွေး ပါတယ်။ အခုလုပ် အခု အကျိုးပေးလို့ မရှိပါဘူး။အပြစ်ကို ရဲဝံ့စွာ ၀န်မခံရဲရင် နှစ်ဆ တိုးတတ်တယ်။ပုထုဇဉ် အချင်းအချင်းပေါ်မှာ ဆိုးတာတွေချည်း ဘယ်တော့မှ ရှာမကြည့်နဲ့။မကောင်းကွက် ကိုသာ ကြည့်မည်ဆိုလျှင် ပေါင်း နိုင်စရာ ပုဂ္ဂိုလ် မရှိ။ကောင်းကွက်
ကိုသာ ကြည့်မည်ဆိုလျှင် မပေါင်း နိုင်စရာ ပုဂ္ဂိုလ် မရှိ။

No comments:

Post a Comment