"စာဝင်ဖတ်သူဓမ္မမိတ်ဆွေအပေါင်းအာ3း48ဓမ္မဘလော့ဒ်မှနွေးထွေးစွာကြိုဆိုပါ၏"

"စာဝင်ဖတ်သူဓမ္မမိတ်ဆွေအပေါင်းအာ3း48ဓမ္မဘလော့ဒ်မှနွေးထွေးစွာကြိုဆိုပါ၏"

Thursday, October 4, 2012

'အရှင်ဇဝန (မေတ္တာရှင် ရွှေပြည်သာ)ရေးသားတော်မူသောလူငယ်များအတွက် ဂမ္ဘီရ ၀ိပဿနာ အတွဲ ၁+၂ မှ ကောက်နှုတ်ချက်များ(အပိုင်း၁) '


သာသနာတွင်းတရားဖြစ်သော ဝိပဿနာတရားအခြေခံများကို သိရှိလေ့လာနိုင်ရန် တင်ပြပေးသွားပါမည်။အားလုံး သေသေချာချာဖတ်ကြပါဟု မေတ္တာရှေ့ထားကာ တိုက်တွန်းနှိုးဆော် အပ်လိုက်ရပါသည်။အရှင်ဇဝန (မေတ္တာရှင် ရွှေပြည်သာ)ရေးသားတော်မူသောလူငယ်များအတွက် 
ဂမ္ဘီရ ၀ိပဿနာ အတွဲ ၁+၂ မှ ကောက်နှုတ်ချက်များ(အပိုင်း၁)

“၀ိပဿနာ ဘာဝနာ ဆိုတာ ဘာလဲ”
 ၀ိ သည် သတိ ပဋ္ဌာန် ၄ ပါးပဿ သည် ဉာဏ်ဖြင့် ရုပ် နာမ်ကိုဘာဝနာ သည် ပွားများခြင်း

“ဘာကြောင့် ၀ိပဿနာကို ရှုပွားသင့်သလဲ”
 ၁။ မြတ်စွာဘုရားကို လေးစား ကြည်ညို ကျေးဇူးဆပ်သော အားဖြင့်။(အကျယ်အားဖြင့် စာအုပ်တွင် ဖော်ပြထားပါသည်။)
၂။ အန္ဓ ပုထုဇဉ် ( ဉာဏ်အမြင်ကန်းသူ ၊ ရုပ် နာမ် ခန္ဓာ မသိသူ) ဘ၀မှ လွတ် မြောက်ရန်။
၃။ သာသနာ နှင့် ကြုံ တဲ့အချိန်မှာ ကြိုက်ရန်။
၎။ ဘေး ကြီး ၄ ပါးမှ လွတ်မြောက်ရန်
 ၅။ သံသရာ ကြွေးကို အကြေဆပ်ရန်။

“ရခဲခြင်း ၅ ပါး”
 ၁။ ဘုရားတစ်ဆူ ပွင့်ရန်
၂။ သူတော်ကောင်း တရားတွေကို နာကြားဖို့
၃။ လူ့ဘဝ
၎။ ရဟန်းဘဝ
၅။ သဒ္ဒါတရား ရှိသူ ဖြစ်ရန်

“သာသနာကွယ်ခြင်း အကြောင်း (၅) မျိုး”
 ဗုဒ္ဓဘာသာဝင်အားလုံး
၁။ ရတနာသုံးပါး ၌ မရိုသေ မလေးစားခြင်း
၂။ ကိုယ်ကျင့်တရား ၌ မရိုသေ မလေးစားခြင်း
၃။ ၀ိပဿနာ ၌ မရိုသေ မလေးစားခြင်း
၎။ ပဋိသန္ဓာရ (တရားဖြင့် ပစ္စည်းဖြင့် အစေ့အစပ် လိုက်လျောညီထွေပြုမှုခြင်း)
အမှု၌ မရိုသေ မလေးစားခြင်း
၅။ တစ်ဦးနှင့် တစ်ဦး အရိုအသေတန်ခြင်း

(အင်္ဂတ္တိုရ်ပါဠိတော် ပဉ္စကနိပါတ၊ ကိမိလသုတ္တ)


“လူလေးမျိုး”
 ၁။ လူ့ငရဲသား – ဆင်းရဲနှိပ်စက်ခြင်း ခံရပြီး ဘာကုသိုလ်ကောင်းမှု မလုပ်ရဘဲ သေသွားသူ( ဥပမာ – ထောင်သား)
၂။ လူ့တိရစ္ဆာန် – အိပ်မယ် စားမယ် ကာမဂုဏ်ခံစားပဲ ခံစားနေသူ
၃။ လူ့ပြိတ္တာ – ၀မ်းရေး တစ်ခုအတွက်ပဲ ရှားပြီး ဒါန သီလ ဘာဝနာ မလုပ်တဲ့သူ
၎။ လူ့ပရမတ်ထ – စီးပွားရေးကို သမာအာဇီဝ ဖြင့်ရှာ ပြီး ဒါန သီလ ဘာဝနာ လုပ်သူ။

 ”ပုထုဇဉ် လေးမျိုး”
 ၁။ အန္ဓဗာလ ပုထုဇဉ် – မိုက်လည်း မိုက် ( ကုသိုလ်၊ အကုသိုလ် မသိ) ၊ဉာဏ်အမြင် လည်း ကန်း (ဓါတ် ပရမတ် မသိသူ)
၂။ အန္ဓ ပုထုဇဉ် - မိုက်တော့ မမိုက်ဘူး ( ကုသိုလ် အကုသိုလ် သိတယ်၊ လုပ်လည်း လုပ်တယ်)သို့သော ဉာဏ်အမြင် ကန်းတယ် ( ဓါတ် ပရမတ် မသိဘူး၊ လုပ်လည်း မလုပ်ဘူး။)
၃။ ကလျာဏ ပုထုဇဉ် - ဓါတ်တွေ ပရမတ်တွေ သိတယ်။ သို့သော် သူ့အသိသည် စာသိ (သညာသိ)။
၎။ စူလသောတပန် ပုထုဇဉ် – ဓါတ်တွေ ပရမတ်တွေ သိတယ်။ ရှုလည်း ရှုပွားတဲ့သူ။

 “သာသနာ ကြိုက်သူ နှင့် မကြိုက်သူ”
 ၁။ သာသနာကို ကြုံ ၊ သာသနာကို မကြိုက် – ဗုဒ္ဓဘာသာတော့ ဖြစ်တယ်။ သစ္စာလေးပါးဝိပဿနာတရားကို မကြိုက်သူ။
၂။ သာသနာကို မ ကြုံ ၊ သာသနာကို ကြိုက် – ဒေ၀ီလ ရင်္သေ့ တစ်ပါးသာ ရှိသည်။
၃။ သာသနာကို မကြုံ ၊ သာသနာကို မကြိုက် – အပါယ်ဘုံသား။
၎။ သာသနာကို ကြုံ ၊ သာသနာကို ကြိုက် – ဒါန သီလ သမာထ ၀ိပဿနာကို လုပ်နေသူများ။(လေးမျိုးသုံးလီ တရားတော်နှင့် စာအုပ်တွင်လည်း ပါဝင်ပါသည်။)

 “ဘေးကြီးလေးပါး”
 ၁။ ၀ိနိပါတဘေး - သေပြီးရင် ကျချင်ရာဘုံ ကျ၊ ရောက်ချင်ရာဘုံ ရောက်တဲ့ဘေး။
၂။ နာနာသတ္တဥလ္လောကနဘေး – ဘုရားကိုးကွယ်မှားတဲ့ဘေး
၃။ ဒုစ္စရိတဘေး - မကောင်းမှု အကုသိုလ်တွေ ပြုလုပ်ဖြစ်တဲ့ဘေး
၎။ အပါယ်ဘေး - အပါယ်လေးပါး ကျတဲ့ဘေး။ဝိနိပါတ ဘေး လွတ်ရင် ကျန်ဘေး ၃မျိုးကပါ တစ်ခါတည်းလွတ်တာပါပဲ။ဝိနိပါတ ဘေးကို လွတ်ချင်ရင် ဂတိမြဲအောင် လုပ်ရမယ်။ဂတိမြဲတဲ့
ကုသိုလ်ဆိုတာ ၀ိပဿနာကုသိုလ်နဲ့ မဂ်ကုသိုလ်ပဲ ရှိတယ်

No comments:

Post a Comment