"စာဝင်ဖတ်သူဓမ္မမိတ်ဆွေအပေါင်းအာ3း48ဓမ္မဘလော့ဒ်မှနွေးထွေးစွာကြိုဆိုပါ၏"

"စာဝင်ဖတ်သူဓမ္မမိတ်ဆွေအပေါင်းအာ3း48ဓမ္မဘလော့ဒ်မှနွေးထွေးစွာကြိုဆိုပါ၏"

Tuesday, October 2, 2012

'ဒိဋ္ဌသရဏဂုံနှင့် သုတသရဏဂုံ'


အနည်းဆုံး သောတာပန် တည်သွားသူ၏ သရဏဂုံကို “ဒိဋ္ဌ သရဏဂုံ” ဟုခေါ်၏။
ရတနာသုံးပါး၏ ဂုဏ်ကိုဉာဏ် မျက်စိဖြင့် တကယ်မြင်သူ၏ သရဏဂုံဟုဆိုလိုခြင်း
ဖြစ်၏။ သာမာဝတီမိဖုရားသည် ဘုရားရှင်ကိုဖူးမျှော်ခွင့်မရသော်လည်း ခုဇ္ဇုတ္တရာ
ကျွန်မထံမှ နာယူရသော တရားကြောင့် သောတာပန်တည်ခဲ့ရာ “ဒိဋ္ဌိ သရဏဂုံ”
တည်သူ ဟုဆိုအပ်၏။

ပုထုဇဉ်များ၏ အကြားနှင့်တည်ရသော သရဏဂုံကို “သုတ သရဏဂုံ”ဟုခေါ်၏။ ရတနာသုံးပါး၏ဂုဏ်ကိုမျက်စိဖြင့် မမြင်ရဘဲတည်ရသော သရဏဂုံမျိုးပင်ဖြစ်၏။
 ကောသလမင်းကြီး၏ မိဖုရား မလ္လိကာသည် ဗုဒ္ဓကျောင်းတော်သို့ နေ့စဉ်သွားပြီး
ပစ္စည်းလေးပါး လှူဒါန်းနေသော ဥပါသကာမတစ်ဦးပင်ဖြစ်၏။

သို့သော်ဝိပဿနာ တရားကို နာကြားရှုပွားခြင်းမရှိသောကြောင့် ပုထုဇဉ်အဖြစ်နှင့်
မဖြစ်စလောက် အကုသိုလ်လေးကို အာရုံပြုမိပြီးသေသွားခဲ့သောကြောင့် ငရဲသို့ ၇ ရက်ကျသွားခဲရသည်။ဘုရားရှင်၏သာသနာနှင့်တွေ့ကြုံနေရသော အချိန်တွင်
သံသရာတွင် အပါယ်မကျဖို့အတွက် အာမခံချက်ပေးနိုင်သော အချိန်တွင် ဒိဋ္ဌ
သရဏဂုံတည်ရန်အတွက် ဝိပဿနာတရားကို ဗုဒ္ဓဘာသာတိုင်းနာကြားရှုပွားသင့်၏။



ရွေပြည်သာမြို့ မန္တလေးကျောင်းဆရာတော် အရှင်ဇဝန( မေတ္တာရှင်)ရေးသားတော်မူအပ်သော
လူငယ်များအတွက်ဂမ္ဘီရဝိပဿနာအတွဲ(၅-၆)မှကောက်နှုတ်ဖော်ပြပါသည်။

No comments:

Post a Comment