၁။ "တရွေ့ရွေ့ဝေးကွာ၍ ရေမြေအဏ္ဏဝါကမ္ဘာတွေ ခြားကွာမယ်" ဒီကမ္ဘာကြီးမှာ...ခင်ဗျားတို့ရဲ့ အရိုး တွေ
အသားတွေနဲ့ နောက်ထပ် မြေကြီး(၁၃)မိုင် လောက်တက်ပြီးမှ
ဒီတရားမျိုး နောက်တစ်ကြိမ် ပေါ်မယ်။ ဒီအချိန် ဒီအခါမျိုး မကြုံနိုင်တော့ဘူး၊ ဘုရားက...ဝိပဿနာအကျိုးငှာ ပွင့်လာတာ၊ကံစီ မံသလို လိုက်နာနေရတဲ့၊ဒါန၊သီလ၊သမထ ဆိုတာက သာသနာတွင်း မဟုတ်ဘူး။ ၊မေတ္တာ တစ်နေ့ လုံးပို့နေ...ဖြစ်ပျက်ကို၊တစ်ချက်မြင်တဲ့ ကုသိုလ်ကိုမမီဘူး။
"ဧကာဟံဇီဝိတံ သေယျောပဿတောဥဒယဗ္ဗယံ" အသက်တစ်ရာ မေတ္တာပို့နေတဲ့ ပုဂ္ဂိုလ်ထက်၊ဖြစ်ပျက် တစ်ချက်မြင်ရသူက သာပါတယ်။
ဒီအတိုင်းသာ သားရေး သမီးရေး စီးပွားရေးနောက် တောက်လျှောက် သွားနေကြမယ်ဆိုရင် သေရာဋ္ဌာန ဘယ်တော့မှ မလွတ်ဘူး၊မသေရာဋ္ဌာန သွားတဲ့နည်း...ရှာကြပါ။ နည်းယူကြပါ၊ကြိုးစားကြပါလို့ ဆိုတဲ့ ဥစ္စာတိုက်တွန်းပါတယ်။ခန္ဓာရလိုက်သေလိုက်၊ခန္ဓာရပြန်လိုက် သေပြန်လိုက်ဆိုတဲ့ အလုပ်ဟာ...လမ်းခွဲမရှာတဲ့ ပုဂ္ဂိုလ်တို့၏ အလုပ်၊ဝိပဿနာ အလုပ်ဟာ ဒကာဒကာမတို့။မသေရာသွားတဲ့အလုပ်၊
၂။ ဝိပဿနာဉာဏ် ဝင်ခွင့်မရလေလေ ခင်ဗျားတို့ ပစ္စုပ္ပန်မှာ.. အန္တရာယ် မကင်းတာများလေလေ။ဒီတစ်ခါ သေပြီးရင် နောက်ထပ်တစ်ခါ သေစရာမရှိတဲ့ အလုပ် သည်၊ဝိပဿနာ မဂ္ဂင်အလုပ်ပဲ။ ခန္ဓာကိုယ်ကြီး ဘယ်သွားနေသလဲလို့ အမေးထုတ်ပါ၊သူသည် ပဋိသန္ဓေနေတဲ့နေ့ အချိန်က စပြီးသကာလ သေရာဋ္ဌာနသွားနေတယ်ဆိုတာ ဆုံဖြတ်ချက်ချပါ။
အချိန်များဆိုင်သေးသလားလို့ မေးရင်...အချိန်တွေကဖြင့် မဆိုင်းဘူးဆိုတာ သဘောပါကြပြီးလား။ လမ်းခွဲမရှိတော့ဘူးလားလို့...လမ်းခွဲရှာကြရပါလိမ့်မယ်၊လမ်းခွဲရှာလို့ရှိရင် မိစ္ဆာလမ်းလိုက်လို့ရှိရင်၊သေရာဋ္ဌာနဆီ သွားလို့မဆုံးပါ၊သမ္မာဒိဋ္ဌိဆိုတဲ့ မဂ္ဂင်လမ်းကိုလိုက်ကြလို့ရှိရင်ဖြင့် မသေရာ ရောက်ပါလိမ့်မယ်ဆိုတာ သတိထားကြပါ။
၃။ တရားနာ လာကြတဲ့ ပရိသတ်တွေ...ဘယ်အကျိုးငှာ လာကြသတုံးဆို၊မသေရာ သွားတဲ့နည်းကို လိုချင်လို့ တရားနာ လာကြတယ်ဆိုတာ ဆုံးဖြတ်ချက်ချပါ၊ မသေရာဆိုတဲ့ ဥစ္စာသည် လမ်းခွဲလိုက် ပါမှ မသေရာရှိတယ်။ အဲဒါကြောင့် အင်မတန် နစ်နာမှာ စိုးတဲ့အတွက် သေခါနီး နိမိတ်တွေ ထင်လာ တော့မှ ကိုယ်ကျိုးနည်းပြီဆိုရင် ကောင်းပါဦးမလား ။ဖြစ်ပျက်ရှုထားတဲ့ ပုဂ္ဂိုလ်မျိုးကျတော့ ဒကာ ဒကာမတွေ ဘာမှ မပူပါနဲ့တဲ့။ သေခါနီးမှာလည်း သောတပန်တည်နိုင်တယ်၊ဒါကြောင့်...ခင်ဗျားတို့ ကိုကယ်မယ့်ယူမယ့်ဟာဖြင့် "မဂ်"ပဲလို့...သေသေချာချာ မှတ်ပါ။
အခု လူ့ဘဝ ကိုယ်သားနဲ့ ကိုယ်မယားနဲ့ ကိုယ်ပစ္စည်း ကိုယ်စည်းစိမ်နဲ့ ကိုယ့်တိုက်ကိုယ့်တာကိုယ့်ကားလေးနဲ့ ပျော်မနေဘူးလား၊တော်သေးရဲ့ဆိုတာလာမယ်၊သူများနဲ့စာရင် တော်သေးရဲ့ဆိုတာမသုံးကြဘူးလား၊ဘာထင်သလဲနဲ့၊ရောက်ရာဘဝမပျော်ဘူးလား၊ပျော်နေကြတာပါဘဲ။
၎။ ခင်ဗျားတို့ ပျော်ပုံက...ကျုပ်တို့ငယ်ငယ်တုန်းက၊ရန်ကုန်မှာ လံချားဆွဲပြေးနေတဲ့ကုလားတွေ တော်သေးရဲ့အိန္ဒိယနဲ့စာရင် တော်သေးရဲ့။ဟိုမှာ(၆)ပြား၊ဒီမှာ တစ်ကျပ်၊တော်သာတော်နေရ တယ်သူ့မှာ နေပူကျဲကျဲ ကတ္တရာစေးပူပေါ် ပြေးရတယ်၊ဒါ တဏှာက ချော့ထားတာ။ သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ တိုက်နဲ့ ကားနဲ့နေရတဲ့အခါကျတော့၊ငါ့တော်သေးရဲ့နဲ့ ဘဝထဲပျော် နေတယ်။
သြော် ဠင်းတနဲ့ ခွေသား ပျော်နေပါကလား၊ ရတဲ့ပစ္စည်းက ခွေသား၊ကိုယ်က ဠင်းတသဘောမျိုး ဖြစ်နေတယ်၊ ဒီအထဲပျော်နေပြီ၊ဘေးက အမြင်ကျယ်တဲ့ ပုဂ္ဂိုလ်က ကြည့်တော့ ဠင်းတ စားရတာ ခွေသား ပျော်စရာ တစ်ကွက်မှ မရှိဘူးဆိုတာ အင်မတန် မထင်ရှားဘူးလား။
ခင်ဗျားတို့ ကြိုက်နေတာ ဒုက္ခကြိုက်နေတာ မီးခဲကြီးကိုင်နေရတာကို အေးတဲ့သဘောမျိုး၊ ကျေနပ်သာယာနေတဲ့ သဘောမျိုးဖြစ်နေတယ်၊သစ္စာမသိတဲ့ အဝိဇ္ဇာနဲ့ ရမ်းလိုချင်-ရမ်းခင် ချင်တဲ့ တဏှာကိုခင်ဗျားတို့ကမိတ်ဆွေလုပ်နေကြတာ။ ၊နွားသတ်သမားကို နွားက...မိတ်ဆွေ လုပ်ပြီး ကျေးဇူးရှင်ထင်သလို ဖြစ်နေပြီ၊ သတ်မှာက အဝိဇ္ဇာနဲ့တဏှာ၊ သူနားက မခွာနိုင်တာက ကျုပ်တို့ ပုထုဇဉ် လူမိုက်တွေ။
၅။ နွားသေခါနီးမှအသားတိုးအောင် ကျွေးတာကို...ကောင်းစေချင်လို့ ကျွေးတာမှတ်နေတယ်၊ အဲသည်လောက် ဆိုးဝါးတဲ့ ဥစ္စာကို၊ဒီ ဒိဋ္ဌိ ပြောတာ နားထောင်နေမယ်ဆိုရင်၊ဒီထက် အ၊ဒီထက် ထူ၊ဒီထက် ပိန်းတာတော့ မရှိတော့ဘူး၊ဒါကြောင့် ပြင်ကြပါဦးဗျာ။
လူ့ပြည် ဆုတောင်းတာ မြေကြီး ကြီးပွားဖို့၊နတ်ပြည်ဆုတောင်းတာ အသေထပ်ဖို့ ဗြဟ္မာ့ပြည် ဆုတောင်းတာ မသာကြီးချဖို့၊ခန္ဓာရှိသရွေ့ ဒုက္ခ ရှိတယ်၊ခန္ဓာမရှိမှ ချမ်းသာမှာ ဘဲဆိုတာ၊ရဲရဲတင်းတင်းမှတ်ရမယ်၊လှူရင် ဒီခန္ဓာဒုက္ခသစ္စာကြီးမရချင်လို့လို့...ဆိုပြီးတော့လှူပါ၊နိဗ္ဗာန်ရှာလို့ရှိရင်ဖြင့်၊ဘယ်လောက်ရှာရှာ အင်မတန်ကောင်းပါတယ်။
(ဆရာတော်ဘုရားကြီး ၏ တပည့် ဆရာတော်အရှင်ဉာဏဓဇ ထံမှ ထပ်ဆင့်မျှ ဝေပါသည်။)

by Soe Yan Naing
မူရင်း https://www.facebook.com/yannaing.soe.7?fref=ts
No comments:
Post a Comment