"စာဝင်ဖတ်သူဓမ္မမိတ်ဆွေအပေါင်းအာ3း48ဓမ္မဘလော့ဒ်မှနွေးထွေးစွာကြိုဆိုပါ၏"

"စာဝင်ဖတ်သူဓမ္မမိတ်ဆွေအပေါင်းအာ3း48ဓမ္မဘလော့ဒ်မှနွေးထွေးစွာကြိုဆိုပါ၏"

Sunday, September 2, 2012

အတွင်းစိတ်ကောင်း & အပြင်မိတ်ကောင်း


မိမိ၏ကံကြမ္မာကို မိမိကိုယ်တိုင်ဖန်ဆင်းကြရတယ်။ဘယ်သူမှဖန်ဆင်းပေး ပြုလုပ်ပေးတာ
မဟုတ်ဘူး မိမိ၏ကံကြမ္မာကောင်းမှုမကောင်းမှ
ုသည် မိမိ၏စိတ်ယုတ် စိတ်ကောင်း ရှိသည်
အလျောက် ကံကြမ္မာကောင်းခြင်းဆိုးခြင်းမှာ
လည်းကွဲပြားပါတယ်။လူတွေကမကောင်းသော
စိတ်မှာ မွေ့ပျော်ကြတာများပါတယ်။ဒါကြောင
့်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက လူ့
ပြည်မှာလူတစ်သိန်းသေလို့ တစ်ယောက်တောင် လူ့ပြည်နတ်ပြည်ပြန်မရောက်နိုင်ဘ
ူးလို့
ဟောကြားခဲ့ခြင်းဖြစ်တယ်။ဒါဟာလူေ
တွရဲ့စိတ်မှာ မကောင်းတဲ့စိတ်က များနေတဲ့အတွက်
ကြောင့်ဖြစ်တယ်။ဥပမာ- တရားလေးနာချင်လိုက်တာဆိုတဲ့စိတ်
ကောင်းလေးကဝင်လာဖို့
တော်တော်ကြိုးစားတယ် ဘီယာဆိုင်သွာမယ် ရှိုးပွဲသွားမယ်ဆိုတာတွေကြတော့ နှစ်ခါမ
စဉ်းစားရဘူး စိတ်ကဒါမျိုးကြ ပျော်မြွေ့တာများတယ်။စိတ်ကိုခွဲ
ခြမ်းကြည့်မယ်ဆိုရင် သုံး
မျိုးသုံးစားရှိတယ်။

-စိတ်ယုတ်
စိတ်ယုတ်ဆိုတာ မကောင်းမှု အကုသိုလ်တွေကိုပဲ တွေးကြံနေတဲ့တာပါ အဲ့စိတ်တွေကိုကိုယ့်
သန္တာန်မှာရှိရင် အပယ်လေးဘုံမှာ ရေစုန်မျောဖို့များပါတယ်။အဲ့စိတ
်ကို အတတ်နိုင်ဆုံးမဝင်
လာအောင် ပြုလုပ်နေရမယ်။

-စိတ်လတ်
စိတ်လတ်ဆိုသည်မှာ ကောင်းမှုကုသိုလ်အလုပ်တွေဖြစ်တဲ
့ဒါနပြုချင်တဲ့စိတ် သီလစောင့်ချင်
တဲ့ စိတ်ကိုကိုယ့်သန္တာန်မှာ ဖြစ်နေရင်လူနတ်ဘုံကို ကျရောက်စေမှာဖြစ်တယ်။စိတ်ယုတ်က
နေ စိတ်လတ်ရောက်အောင်စိတ်ကလေးကိုပြ
ုပြင်နေရပါမယ်။

-စိတ်မြတ်
စိတ်မြတ်ဆိုသည်မှာ လူ့သန္တာန်မှာရှိသော စိတ်များထဲမှ အမြင့်မြတ်ဆုံးဘာဝနာ ကုသိုလ်စိတ်
ဖြစ်ပါသည်။ထိုစိတ်ရှိမှသာ ဝိပဿနာကမ္မဋ္ဌာန်းတရားတွေကို အားထုတ်ချင်တဲ့စိတ် ရှိမှာဖြစ်ပီး
နိဗ္ဗာန်တိုင်အောင် ရောက်နိုင်ပါတယ်။ စိတ်လတ်ကလေးကနေ စိတ်မြတ်ဖြစ်လာအောင် အဆင့်
ဆင့်ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒါမှ ကိုယ်ရနေတဲ့ ရခဲလှတဲ့ လူ့ဘဝမှာ မိမိဘဝကို မိမိ မိမိကံ
ကြမ္မာကို မိမိ တို့ကိုယ်တိုင်ဖန်ဆင်းပြုလုပ်နိ
ုင်မှာဖြစ်ပါတယ်။

စိတ်သုံးမျိုးကိုဥပမာအနေနဲ့ လှပတဲ့ပန်းလေးတစ်ပွင့်ကို မျက်စိအလင်းရှိမျက်စိကောင်းသူ
တိုင်းမြင်နိုင်တွေ့နိုင်ပါတယ်။
-စိတ်ညံ့စိတ်ယုတ်ရှိသူကထိုပန်းက
ိုမြင်လျှင်ပန်ဆင်မြင်ကာ ပန်ချင်လာ ပန်ကာ အပယ်သွား
လိမ့်မည်။ပန်းကိုမြင်တာချင်းတူေ
ပမဲ့ဘာကြောင့်အပယ်သွားရသလည်းဆိုတော့ ပန်ချင်တဲ့
လောဘစိတ်ညံ့ စိတ်ယုတ် အပေါစားစိတ်ကြောင့်ဖြစ်သည်။ကိုယ
့်စိတ်ကပဲ ကိုယ့်ကိုအပယ်လေး
ဘုံထဲဆွဲချတယ်။
-စိတ်လတ်ရှိသူကား ထိုပန်းကိုမြင်လျှင် ပန်ဆင်မြင်ကာ လှူချင်ကာနတ်ရွာသွားလိမ့်မည်။ပန
်း
ကိုမြင်တာခြင်းတူပေမဲ့ အဘယ့်ကြောင့်နတ်ပြည်သွားဖြစ်သလဲ
ဆိုတော့ဘုရားမှာ ဘုရားပန်း
ကပ်လှူချင်တဲ့ ကောင်းတဲ့သဒ္ဓါစိတ်ကလေးကြောင့်ဖြ
စ်ပါတယ်။
-စိတ်မြတ်ရှိသူကား ထိုပန်းကိုမြင်လျှင် ဝိပဿနာဖြစ်ပျက်ရှုပီး ပန်းဆိုတာအဆင်းရုပ် ကိုမျက်
လုံးဆိုတဲ့ရုပ်ကမြင်တယ် ရုပ်ဆိုတာဖောက်ပြန်တတ်တဲ့သဘော ဖြစ်ပြီးပျက်နေတဲ့သဘော
ရှိတယ် အနိစ္စမမြဲပါလားဟု ဝိပဿနာ ကိုနှလုံးသွင်းကာ နိဗ္ဗာန်မျက်မှောက်ပြုနိုင်ပါသည်



မိမိ၏အတွင်းစိတ်ကောင်းတွေရှိရုံ
တစ်ခုတည်းနဲ့ မိမိ၏ဘဝ မိမိ၏ကံကြမ္မာကို ပြုလုပ်၍မဖြစ်နိုင်
သေးပါဘူး။အတွင်းစိတ်ကောင်း အပြင် အပြင်ဘက်ကမိတ်ကောင်းကိုပါ ဆည်းကပ်ပေါင်းသင်း
ကာထိုမိတ်ကောင်းတွေရဲ့ တွန်းအားပေးမှုလည်းလိုပါသေးသည်။
အတွင်းကမကောင်းမှုတွေ
နဲ့မွေ့လျော်တဲ့စိတ်ယုတ်တွေကိုမ
ိတ်ကောင်းတွေကအပြင်မှပြုပြင်ပေးနိုင်တယ်။မိတ်ဆွေဟုဆို
ရာ၌လည်းသုံးမျိုးရှိပြန်သေးသည်။
၎င်းတို့မှာ

-မိတ်ယုတ်
မိတ်ယုတ်ဆိုသည်မှာ မိမိကို မကောင်းမှုဒုစရိုက်တွေနဲ့သာ ပျော်မွေ့စေပီး အပါယ်လေးဘုံ
ရောက်စေနိုင်အောင် အကုသိုလ်တွေကို ပြုလုပ်အောင်ညွှန်ကြားတတ်သည်။ထို
မိတ်ယုတ်နှင့်
ပေါင်းသင်းလျှင် သေချာတယ် အပါယ်လေးဘုံမှာပဲမျောရရှာမည်ဖြစ
်သည်။ထို့ကြောင့်မိတ်ဆွေ
မိတ်ယုတ်ကို မပေါင်းသင်းသင့်ပေ။

-မိတ်လတ်
မိတ်လတ်ဆိုသည်မှာ မိမိကို ဒါနပြုရန် သီလပြုရန် မေတ္တာဘာဝနာပြုရန်တိုက်တွန်း ပြီးဒါန၊
သီလ ဘာဝနာ ရဲ့အကျိုးပေးတွေကိုပြောပြဆိုပြ
ပီး မိမိအား လူနတ်ဘုံသို့ရောက်စေနိုင်အောင်
ပြောဆိုညွှန်ပြဆုံးမတတ်သည့်မိတ်ေ
ဆွမျိုးကိုခေါ်သည်။ထိုမိတ်ဆွေကိုပေါင်းသင်းလျှင်လူနတ်
ပြည် ဗြဟ္မာ့ပြည်ကိုသာအမြင့်ဆုံးရောက်
စေနိုင်ပါသည်။

-မိတ်မြတ်
မိတ်မြတ်ကိုပေါင်းသင်းမှသာလျှင်
နိဗ္ဗာန်ရောက်ကြောင်း တရား၊အကျင့်တွေကိုလမ်းပြညွှန်ကြာ
ကာအားပေးကူညီနိုင်မည်ဖြစ်သည်။မိ
တ်မြတ်မိတ်ကောင်းကိုပေါင်းသင်းမှသာ နိဗ္ဗာန်ကိုမုချ
ရောက်ရှိမျက်မှောက်ပြုနိုင်မြှာ
ဖစ်တယ်။

မိတ်ဆွေကောင်းနှင့်ပက်သက်၍ တခါသော် အရှင်အာနန္ဒာကိုယ်တော်မြတ်ကြီးကစ
ိတ်ထဲက
နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့ မိတ်ကောင်းဆွေကောင်း ရဲ့အရေးပါမှုက ထက်ဝက် (၅၀%)
လောက်လိုမယ်ဟုတွေးကြံနေသည်ကို မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ြ
ကီးက ချစ်သား
အာနန္ဒာ လောကမှမိတ်ကောင်းဆွေကောင်း၏ အရေးပါမှုကို ရာနှုန်းပြည့် (၁၀၀%)လိုတယ်
ဟူ၍ဆုံးမခဲ့ဘူးသည်။ဘုရားရှင်ကို
ယ်တော်မြတ်ကြီးက "ငါဘုရားရှင်လို ကလျာဏမိတ္တမိတ်
ကောင်းဆွေကောင်း လောကမှာ မပွင့်ပေါ်ခဲ့ဘူးဆိုရင် လောကမှာရှိကြတဲ့သတ္တဝါတွေ အ
ကြောင်းအကျိုး အကောင်းအဆိုး အမှားအမှန်ကို သိနိုင်မှာမဟုတ်ဘူး"ဟူ၍မိန့်မှာ
ညွှန်ပြခဲ့
ဘူးလေသည်။

ဒေါက်တာအရှင်ပညိဿရဟောကြားတော်မူ
အပ်သော တရားတစ်ပုဒ်မှထုတ်နှုတ်ရေးသားကာ
ဓမ္မဒါန အဖြစ် မျှဝေအပ်ပါသည်။

No comments:

Post a Comment