ဆရာတော်ဘုရားကြီးမှ " ပမတ္ထဿနာ စတ္တာယော အပါယာသက ဂေဟသဒိသာ " ရုပ်နာမ် ဓမ္မတို့ ၏ဖြစ်ပျက်ရှူမှု ကိုမေ့ လျှော့နေသော ပုဂ္ဂိုလ်အား အပါယ်လေးပါးဘုံတို့ သည် အမြဲနေရာမိမိတို့ အိမ်ဂေဟာကြီးနှင့်တူကုန်၏ ဟု ဟောကြားတော်မူခဲ့ပါသည်။
အလွန် ကြောက်စရာကောင်းလှကြောင်း၊ သင်ကြားပြသမည့် ဆရာကိုလည်း မတွေ့ ၊
မိမိကိုယ်တိုင်က လည်း သားရေး၊သမီးရေး၊ စီပွားရေး
နှင့်အချိန်ကုန်ပြီးတရားကိုအားမထုတ်ပဲ မေ့မေ့ လျော့လျော့နေသွားကြမည်ဆိုပါက
အပါယ်သည် မိမိတို့ ၏ အမြဲ အိမ်ဖြစ်ရတော့မည် ဟု ကွက်ကွက်ကွင်းကွင်း
ဟောကြားတော်မူခဲ့ပါတယ်။၊
ကျောက်ခဲတစ်လုံး ကို ကောင်းကင်ပေါ်မြှောက်လိုက်၊ လက်အရှိန်ကုန်လျင် ပြန်ကျသကဲ့ သို့  ဖြစ်သည်ဟု (နဂိုကလဲ အောက်ကပဲ၊ လက်အရှိန်နဲ့  အပေါ်ခဏရောက်သွားတာ၊ ပြီးလျှင်အောက်ကို သာပြန်ကျရမည်၊ အမှန်တော့ သူ့ နေရာအစစ်ကအောက်မှာပဲရှိသည်ဟု ) ထင်ထင်ရှားရှား ဥပမာပြဟောကြားတော်မူခဲ့သည်။
ဤသို့ ပင် ဒါန၊ သီလ မြှောက်တင်လိုက်၍ အထက်ဘုံဘ၀များ သို့ ရောက်ရလျှင်လည်း ခဏပဲ ဖြစ်သည်၊ ကုသိုလ် အရှိန်အဟုန် သတ္တိကုန်လျှင် အောက်သို့ ပြန်ကျရမည်သာ ဖြစ်ကြောင်း ဟောကြားတော်မူခဲ့ပါသည်။ ဒါန၊သီလ ဖြင့် ဒိဋ္ဌိ မပါယ်နိုင်ကြောင်း ဟောပြဆုံးမတော်မူခဲ့ ပါသည်။ တစ်နေ့ တစ်နေ့  ဒကာဒကာ မတွေ မှာ ကံကြွေးပေါင်းမရေမတွက်နိုင်အောင်တင်နေကြသည်၊ အမှန်မှာ ကံဖြတ်အလုပ်ကို လုပ်ကြရမည်၊ ကံဖြတ်ဖို့ အတွက်ခန္ဓာငါးပါးကလာသော ဒိဋ္ဌိဖြုတ်ဖို့  အရေးကြီးကြောင်း ဟောကြားခဲ့ သည်။ ဒါကြောင့် " ဝေဒနာသိ၊ ဖြစ်ပျက်မိအောင်" လုပ်ပါ၊ စိတ်သိ၊ ဖြစ်ပျက်မိအောင်လုပ်ပါ ဟုတိုက်တွန်း ဟောကြားတော်မူခဲ့ပါတယ်။
"ခန္ဓာသိ၊ အနိစ္စသိ" လျင်၊ မသိသော အ၀ိဇ္ဇာကို ပါယ်နိုင်ပြီ၊ အ၀ိဇ္ဇာ ပါယ်နိုင်လျှင်၊ ပိဋိစ္စ သမုပ္ပာဒ် အမြစ်ကပြတ်ပြီ၊ အပါယ်ဘေးတော့ ဝေးပြီဟု တပည့်တွေကို တရားကျင့်ကြံကြရန် မေတ္တာအားကြီးစွာဖြင့် ဟောကြားတော်မူခဲ့ပါတယ်။
[အရှင်အာဒိစ္စရံသီ (ဆရာဦးဆန်းလွင်) ရေးသာတော်မူသော- ကျေးဇူးရှင် မိုးကုတ်ဆရာတော်ဘုရာကြီးဟောကြားတော်မူသော-- မိုးကုတ်ဝိပဿနာ အလုပ်စဉ်တရား စာအုပ် (၃၉) အုပ် အနှစ်ချုပ် စာအုပ်မှ ကောက်နှုတ်တင်ပြသည်။]

(မူရင်း- https://www.facebook.com/yannaing.soe.7?ref=ts)
No comments:
Post a Comment