"စာဝင်ဖတ်သူဓမ္မမိတ်ဆွေအပေါင်းအာ3း48ဓမ္မဘလော့ဒ်မှနွေးထွေးစွာကြိုဆိုပါ၏"

"စာဝင်ဖတ်သူဓမ္မမိတ်ဆွေအပေါင်းအာ3း48ဓမ္မဘလော့ဒ်မှနွေးထွေးစွာကြိုဆိုပါ၏"

Friday, August 24, 2012

"တရားဂုဏ်တော်ခြောက်ပါး"

၁။ သွာက္ခာတော ဘဂ၀တာ ဓမ္မော…
၂။ သန္ဒိဋ္ဌိကော…
၃။ အကာလိကော…
၎။ ဧဟိပဿိကော…
၅။ သြပနေယျိကော…
၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ…

၁။ သွာက္ခာတော ဘဂ၀တာ - ဓမ္မောကောင်းမွန်စွာ ဟောတော်မူအပ်သော ဟု အဓိပ္ပာယ်ရပါသည်။မြတ်စွာဘုရားရှင်၏ တရားတော်များသည် ကြားနားရခြင်းတည်းဟူဟော အစ၏ကောင်းခြင်း၊ ကျင့်ကြံ အားထုတ်ခြင်းတည်းဟူသော အလယ်၏ကောင်းခြင်း၊ ကျင့်ပြီးသောအခါ တရားထူးကိုရ၍ ဒုက္ခခပ်သိမ်း အေးငြိမ်းရာ နိဗ္ဗာန်ကို မြင်ရခြင်းတည်းဟူသော အဆုံး၏ကောင်းခြင်းများနှင့် ပြည့်စုံတော်မူပါသည်။

၂။ သန္ဒိဋ္ဌိကော - ကိုယ်တိုင် သိမြင်နိုင်တော်မူသည်ဟု အဓိပ္ပာယ်ရပါသည်။မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော တရားတော်တို့သည် ဟောတော်မူသည့်အတိုင်း ကျင့်ကြံအားထုတ်လျှင် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကို ကိုယ်တိုင်သိမြင်နိုင်ပါသည်

၃။ အကာလိကော - အချိန်ဆွဲမနေဘဲ ချက်ချင်း အကျိုးပေးနိုင်သည်ဟု အဓိပ္ပာယ်ရပါသည်။လောကီ ကုသိုလ် ကံများကဲ့သို့ (၅) ရက်၊ (၇) ရက်၊ တစ်ဘ၀၊ နှစ်ဘ၀ အချိန်ဆွဲမနေဘဲ ပုဂ္ဂိုလ်တစ်ဦး သန္တာန်၌ မဂ်ရအောင် ကမ္မဋ္ဌာန်း အားထုတ်၍ မဂ်ကုသိုလ် စိတ်ဖြစ်လျှင် ချက်ချင်း ဖိုလ်စိတ်တည်းဟူသော အကျိုးကိုပေးနိုင်သော ဂုဏ်ထူးရှိသည်ဟုဆိုလိုပါသည်

၎။ ဧဟိပဿိကော - မြတ်စွာဘုရားရှင် တရားတော်များသည် အလွန်စင်ကြယ်သန့်ရှင်း၍ အပြစ်ကင်းသည့်အပြင် အမှန်ပင် ထင်ရှားရှိသောကြောင့် “လာပါ၊ ကိုယ်တိုင် သိရအောင် ကျင့်ကြံစမ်းပါ” ဟု အဓိပ္ပာယ်ရပါသည်။

၅။ သြပနေယျိကော - မိမိ စိတ်ထဲတွင် အမြဲတမ်း သိမ်းဆည်းပြီး မဂ်၊ ဖိုလ် တရားများကို အားထုတ်ထိုက်သည်ဟု အဓိပ္ပာယ်ရပါသည်။

၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ - သစ္စာတရားကို သိမြင်၍ အရိယာအဖြစ်သို့ ရောက်ပြီးသော ပညာရှိ သူတော်ကောင်းကြီးတို့သည်သာ အလိုရှိတိုင်း ကိုယ်စီ ကိုယ်င သိအပ် ခံစားအပ် သည်ဟု အဓိပ္ပာယ်ရပါသည်။

 
"သာဓု သာဓု သာဓု"


No comments:

Post a Comment