"စာဝင်ဖတ်သူဓမ္မမိတ်ဆွေအပေါင်းအာ3း48ဓမ္မဘလော့ဒ်မှနွေးထွေးစွာကြိုဆိုပါ၏"

"စာဝင်ဖတ်သူဓမ္မမိတ်ဆွေအပေါင်းအာ3း48ဓမ္မဘလော့ဒ်မှနွေးထွေးစွာကြိုဆိုပါ၏"

Thursday, August 23, 2012

"ဗုဒ္ဓဂုဏ်တော်(၉)ပါးအကျယ်"

အရဟံ
******
 -ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား။
-ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား။
-လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းနှင်.တကွ လူ၊ နတ်၊ ဗြဟ္မာ၊သတ္တဝါအားလုံးတို့၏ပူဇော်အထူးကို
ခံယူတော်မူထိုက်သောမြတ်စွာဘုရား။
သမ္မာသမ္ဗုဒ္ဓေါ
***********
-သိစရာအားလုံးတို့ကို အမှန်အတိုင်း ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူသော မြတ်စွာဘုရား။
ဝိဇ္ဇာစရဏသမ္ပန္နော
***************
-အသိဉာဏ်ရော၊ အကျင့်ပါပြည့်စုံတော်မူသော မြတ်စွာဘုရား။(ဝိဇ္ဇာ=အသိ၊ စရဏ=အကျင့်)
သုဂတော
********
-ကောင်းသောစကားကို ဆိုတော်မူသောမြတ်စွာဘုရား(မှန်ကန်၍ အကျိုးရှိသောစကားကို ဆိုတော်မူသော မြတ်စွာဘုရား။-ကောင်းသောနိဗ္ဗာန်သို့ ကြွတော်မူသောမြတ်စွာဘုရား။
လောကဝိဒူ
*********
-လောကသုံးပါးကိုသိတော်မူသောမြတ်စွာဘုရား။(သတ္တလောက၊သြကာသလောက၊
သင်္ခါရလောကဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူသော မြတ်စွာဘုရား)
အနုတ္တရော ပုရိသဒမ္မသာရထိ
***********************
-ဆုံးမထိုက်သောသတ္တဝါတို့ကို အတုမရှိဆုံးမတော်မူတတ်သောမြတ်စွာဘုရား။
(သတ္တဝါတို့အားကောင်းရာကောင်းကြောင်း ညွှန်ပြတော်မူသောမြတ်စွာဘုရား)
 သတ္ထာ ဒေဝမနုဿာနံ
******************
-နတ် လူ တို့၏ဆရာတစ်ဆူဖြစ်တော်မူသော မြတ်စွာဘုရား။
ဗုဒ္ဓေါ
****
-သစ္စာလေးပါးကို ကိုယ်တော်တိုင် သိတော်မူ၍ သူတစ်ပါးတို့ကိုလည်း သိအောင်ဟောတော်မူသောမြတ်စွာဘုရား။(ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာဟုခေါ်ဆိုအပ်သော သစ္စာလေးပါးတို့ကို ကိုယ်တိုင်လည်းသိတော်မူ သူတစ်ပါးတို့ကိုလည်း သိအောင်ဟောတော်မူသော မြတ်စွာဘုရား)
ဘဂဝါ
*****
-ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရား။

"ဘုရားဂုဏ်တော် ပွားများခြင်း၏အကျိုး"
*********************************
ဘုရားဂုဏ်တော်ကို ရွတ်ဆိုပွားများ နှလုံးသွင်းဆင်ခြင်သော သူအား ရရှိနိုင်သော အကျိုးတရားများကို ၀ိသုဒ္ဓိမဂ်၌ အောက်ပါအတိုင်း ဖော်ပြထားလေသည်။
၁။ ရာဂ၊ ဒေါသ၊ မောဟ ကိလေသာ မဖြစ်ပွားခြင်း။
၂။ စိတ်အစဉ် ဖြောင့်မတ်ခြင်း။
၃။ ဘုရား၌ ရိုသေခြင်း။
၎။ သဒ္ဓါ၊ သတိ၊ ပညာ၊ ပုည ပြန့်ပြောခြင်း။
၅။ ပီတိ ပါမောဇ္ဇ များပြားခြင်း။
၆။ ဘေးရန်အမျိုးမျိုးကို သည်းခံနိုင်ခြင်း။
၇။ ဘုရားနှင့်အတူနေရသကဲ့သို့ ထင်မှတ်ခြင်း။(ဘုရားနှင့်နီးစပ်၍ အကုသိုလ်အပြစ် နည်းပါးသည်ဟူလို)
၈။ စေတီအလား ပူဇော်ထိုက်ခြင်း။(ဗုဒ္ဓါနုဿတိပွားများသူတို့၏ ကိုယ်ခန္ဓာသည် စေတီအလား ပူဇော်ထိုက်သည်ဟူလို)
၉။ ဘုရား၌ စိတ်ညွှတ်ခြင်း။(ဘုရား၌ စိတ်ရောက်နေ၍ အပြင်အပ အကုသိုလ်အာရုံများ မ၀င်နိုင်ခြင်း)
၁၀။ အရှက်အကြောက်ဖြစ်ခြင်း။(အကုသိုလ်ပြစ်မှု ကျူးလွန်စရာ တွေ့ကြုံခံသော် ဘုရားအာရုံ ထင်မြင်လာ၍ ဟိရိသြတ္တပ္ပ အရှက်အကြောက်ဝင်ပြီး မလွန်ကျူးခြင်း)
၁၁။ နတ်ရွာစသော သုဂတိသို့ရောက်ခြင်း။(ဤဘ၀၌ မဂ်၊ ဖိုလ်မရသေးစေကာမူ ကွယ်လွန်သောအခါ ဒုဂ္ဂတိမကျနိုင်)(၀ိသုဒ္ဓိမဂ်၊ ပထမအုပ်၊ ၂၀၆။)ဆောင်ပုဒ်ကဗျာ၁။ ကိလေမနှောင့်၊ ၂။ စိတ်စဉ်ဖြောင့်၏၊၃။ ဘုန်းခေါင့်ရိုသေ၊ ၄။ သဒ္ဓါစွေ၍၊၅။ နှစ်ထွေပီတိ၊ ၆။ သည်းခံချိ၏၊၇။ စေတီပုံလား၊ ၈။ ဘုရားနှင့်နေ၊၉။ ထင်ပေဟိရောတ်၊ ၁၀။ စိတ်ညွတ်ချစ်ရှင်၊၁၁။ မဂ်စဉ်မပွား၊ နတ်ရွာလားသည်၊ဘုရားဂုဏ်တော် ပွားကျိုးတည်း။(၀ိသုဒ္ဓါရုံလင်္ကာ)
 By ဓမ္မအေးရိပ်

"သာဓု သာဓု သာဓု"

No comments:

Post a Comment