'ဘယ်ဘုရားကမှမပေးဘူး'
သာသနာတော်နှင့်ကြုံခိုက်ရိပ်သာဝင်ပြီး တရားအားထုတ်ကြတယ်။ဘုရားရှင်ကမှနိဗ္ဗာန်ကိုပေးနိုင်လျှင် ဘာမျှတရားအားထုတ်ဖို့ မလိုဘူး။ ဘုရားရှင်ထံတော်ကနိဗ္ဗာန်ကိုတောင်းယူရုံပဲပေါ့။သည်ဥပမာအတိုင်းပါပဲ လောကမှာ ဥစ္စာစီးပွားတိုးတက်အောင်လည်းကိုယ်အားထုတ်မှရတယ်။ဘယ်ဘုရားကမှမပေးဘူး။နတ်ဗြဟ္မာဖြစ်အောင်လည်း ကိုကအားထုတ်မှဖြစ်တာပဲ။ဘယ်ဘုရားကမျှနတ်ဖြစ်အောင် လုပ်မပေးဘူး။တည်ဆရာတော်ကြီး (ဓမ္မဗျူဟာ ၉၉၊ သြဂုတ်)"အကျင့်"နှင့်"အလုပ်"ကိုရင်းနှီးမြှုပ်နှံမှုပြုပီးမှသာမိမိလိုရာရနိုင်သည်ဟူသော အမှန်တရားကိုသဘောမပေါက်သေးသမျှ၊အတောင်းအရမ်းတွေ အားကိုးနေဦးမည်သာဖြစ်၏။မင်းနန်(မော်ကျွန်း)၏အမြင်
'အသနားခံခြင်း၊ ဆုတောင်ခြင်း'
ဗုဒ္ဓကလဲ သင်တို့တောင်းဆိုတာတွကို ငါဘုရားပေးမယ်လို့၊ ဘယ်တော့မှဘယ်တုန်းကမှတာဝန်မခံပါဘူး။အသနားခံခြင်း၊ ဆုတောင်းခြင်းတွေမှတပါးမိမိဘဝဖြူစင်သန့်ရှင်းရေး အသိဉာဏ်ပွင့်လင်းရေး ဒုက္ခမှလွတ်မြောက်ရေးတို့အတွက် သိက္ခာသုံးပါး(သီလ၊ သမာဓိ၊ ပညာ)ကျင့်သုံးဖို့ကိုသာ ဗုဒ္ဓသည် ညွှန်ပြတော်မူသည်။သီတဂူဆရာတော်အရှင်ဉာဏိဿရ(မြတ်မင်္ဂလာ ၉၉၊ ဇွန်)
'အမြင်မှန်တိုးပွားရေး'
မိမိတို့ ဗုဒ္ဓဘာသာဝင်များအတွင်း၌ ကံကိုသာတဖက်သက်အားကိုး၍အစွန်းရောက်နေသူများရှိသကဲ့သို့ ကမ္မဿကတသမ္မာဒိဋ္ဌိဉာဏ်အားနည်း၍ နတ်ကိုအားကိုးသူ၊တန်ခိုးရှင် ပုဂ္ဂိုလ်ထူးကိုရှာဖွေနေသူ၊ ဗေဒင်လက္ခဏာ၊ ဂါထာမန္တာန်စသည်တို့ဖြင့်မိမိတို့ ဘဝကိုဖန်တီးနိုင်ရန်အားထုတ်သူများတစ်နေ့တခြားများပြားနေသည်ကိုတွေ့မြင်ရ၏။ မဇ္ဈိမပဋိပဒါ နည်းကျသောသမ္မာဒိဋ္ဌိအမြင်မှန်တိုးပွားရေးကိုအလေးအနက်ထား၍ အထူးလိုအပ်နေပေသည်။ဓမ္မာစရိယဦးမောင်မောင်လေး(သာထွန်းပြန့်၊ ၉၉ ဇန်နဝါရီ)အမြင်မှန်မှ၊ အသိမှန်မည်ဖြစ်ပီး၊ အသိမှန်မှသာ အကျင့်မှန်မည်ဖြစ်ရာ၊ အမြင်မှန်ရေးသည်ဗုဒ္ဓဘာသာဝင်တစ်ဦးအဖို့ကနဦးလိုအပ်ချက်ဖြစ်ပါသည်။ သာသနာပြင်ပ အယူဝါဒများဖြင့်ရောရောနှောနှောဒွေးရော ယှက်တင်ဖြစ်နေမှုများအဆုံးသတ်နိုင်ရေးအတွက်သမ္မာဒိဋ္ဌိအမြင်မှန်ရေးကိုတာဝန်ရှိသူ၊ တာဝန်သိသူတို့ကဝိုင်းဝန်းကြိုးပမ်းအားထုတ်ကြရပါမည်။
မင်းနန်(မော်ကျွန်း)၏အမြင်
မြန်မာနိုင်ငံကဗုဒ္ဓ၏သာသာနာ အထွန်းကားဆုံးနိုင်ငံဖြစ်ရဲ့သားနဲဘာလို့ အယူဝါဒတွေမစင်ကြယ်ရတာလည်းဆိုတော့ ကျွန်တော်အမြင်ကတော့ဘာသာရေးဘက်မှာလေ့လာလိုက်စားမှုအားနည်းကြလို့ လို့ထင်ပါတယ်။အဲ့ဒါကိုအခွင့်ကောင်းယူပီး လောဘသားတွေကသာသနာကိုခုတုံးလုပ်ပီအသိဉာဏ်နည်းလှတဲ့(ဘာသာရေး လေ့လာမှု)အားနည်းကြတဲ့လူတွေကို လိမ်ညာစားသောက်နေကြတာပါ။ဒါ့ကြောင့်ဘာသာရေးစာပေတွေ တရားတွေကိုနာကြားလေ့လာကြပါ ဒါမှလူအချင်းချင်းလှည့်ပတ်မှု မှရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
'ကိုယ်ပိုင်ဉာဏ်မရှိရင်'
ကိုယ်ပိုင်ဉာဏ်မရှိရင်အလွန်ကောင်းတဲ့ဗုဒ္ဓဘာသာထဲမှာပဲဘာသာရေးမှိုင်းတိုက်ခံရမယ်။ွှအရှင်ဇနကာဘိဝံသဆရာတော်ကြီး(ဓ'အလှူပွဲနှင့်ပံ့သကူသား'
အလှူ ပရိတ်သတ်ကို ကျွေးမွေးရန်အတွက် အလှူဒါယိကာကိုယ်တိုင်စီမံခိုင်းစေသော ဝက်သတ်ကြက်သတ်၊နွားသတ်ကိစ္စများသည် ကျေးရွာအချို့တွင်ဓလေ့တစ်ခုလိုရှိနေဆဲပါပေ။ယင်းဓလေ့ထုံးစံကိုရှောင်ကြဉ်၍ ပံ့သကူသားဖြင့် စင်စင်ကြယ်ကြယ်ကျွေးမွေးစေလိုပါသည်။ကျော်စိုး(မုံရွာ)(ဓမ္မရတနာ၊၉၉ မတ်လ)
အလှူပွဲအတွက် ကျွေးမွေး ချက်ပြုတ်ရာတွင်"ကြားသား၊ မြင်သား၊ ရည်ရွယ်သား"ဟူသောအစွန်းသုံးပါးမှလွတ်သော အသားဖြင့် ကျွေးမွေးနိုင်မှသာ အလှူဒါနသည် သန့်ရှင်းပေလိမ့်မည်။
မင်းနန်(မော်ကျွန်း)၏အမြင်
No comments:
Post a Comment