Pages
▼
Friday, October 5, 2012
”မည်သူမဆို ၀ိပဿနာ တရားကို ပွားများအားထုတ်သင့်ကြောင်း”
၁။ အိုဘေ နာဘေ သေဘေးကို မတွေးမမြင်ဘဲ ပျော်ရွှင်မိုက်မှား နေကြသူများ။
၂။ ဒီခေတ်ဟာ အရိယာခေတ် မဟုတ်တော့ဘူး။ ကျင့်ရင်လဲ ပင်ပန်းရုံသာရှိမယ်လိုခေတ်အပေါ်မှာ လွှဲပုံချနေသူများ။
၃။ တို့များက ပါရမီနည်းတယ် ပါရမီရှင်ကြီးတွေနဲ့သာ ထိုက်တန်ပါတယ်ဟု ပါရမီပေါ်လွှဲချနေသူများ။
၎။ မဂ် ဖိုလ် နိဗ္ဗာန်ဆိုတာ တိဟိတ်ပုဂ္ဂိုလ်မျိုးတွေ သာ ဒီဘ၀ကျင့်ရင်ရနိုင်တာ၊ တို့က ဒွိဟိတ်ပုဂ္ဂိုလ်အတန်းအစားလောက်ပါဟု စစ်မရောက်မီ မြားကုန်ကာ အရှုံးပေးနေကြသူများ။(တိဟိတ် ဆိုသည်မှာ အလောဘ၊ အဒေါသ၊ အမောဟ ဆိုသော အဟိတ် ၃ ပါး)(ဒွိဟိတ် ဆိုသည်မှာ အလောဘနှင့် အဒေါသ ဆိုသော အဟိတ် ၂ ပါး)
၅။ ဘ၀ပေါင်းများစွာက ဆုတောင်းလာကြတဲ့ ဆုထူးပန် အဓိပတိ ပုဂ္ဂိုလ်ကြီးတွေသာ ကျင့်ရင်မဂ်ဖိုလ်နိဗ္ဗာန် ရနိုင်တာ၊ တို့များ ငနုံငမွားတွေနဲ့ မထိုက်တန်ပါဘူးဟု လွှဲချနေကြသူ ဖြစ်၏။ဤသူများ တိရစ္ဆန်ဘုံုံ့ စဉ် စံမည်။ မဂ် ဖိုလ် မရ ဟု ဆိုလို၏။ဤ၀ိပဿနာ အလုပ်သည် သမထ အလုပ်ကဲ့သို့ ပလီဗောဓ ဆိတ်ငြိမ်ရာကြီးကိုရမှသာ ပြီးစီးနိုင်သည်မဟုတ်။ပါရမီဥာဏ်သည်သာ ပဓာနတည်း။ပါရမီဥာဏ်ရှိခဲ့ပါမှု တရားနာရင်းနှင့်ပင် ပေါက်ရောက်၍ သွားတတ်၏။ဃရာဝါသကိစ္စအတွင်းမှာပင် ပေါက်ရောက်နိုင်၏။အကြောင်းမှာကား ဥာဏ်ရှိသူတို့မှာ ကိုယ်တွင်းကိုယ်ပြင် အိမ်တွင်းအိမ်ပြင် ရွာတွင်းရွာပြင် တွေ့မြင်သမျှသည် အနိစ္စ ဥာဏ်ပွားစီးဖို့ချည်းသာတည်း။
သောမနဿုပေက္ခာဒီပနီ စာမျက်နှာ ၆၁၊ ၆၂
– ယခုခေတ်သည် သုက္ခ၀ိပဿကခေတ်အာဇီဝဋ္ဌမကသီလ လုံခြုံလျှင် လူသီလ၀န္တဖြစ်ပေပြီ။သတိလွတ်သဖြင့် ပြုမိလျှင် ရှိပြန်လျှင် ဤအမှုကို နောင်ခါ ငါမပြုဟု တင်းတင်းကြပ်ကြပ် ဓိဌာန်လျှင် လုံမြဲလုံပြန်၏။ သီလ၀ိသုဒ္ဓိ ဖြစ်၏။စိတ္တ၀ိသုဒ္ဓိ (သမထ) မှာ တတ်နိုင်လျှင် အထူးကောင်း၏။ မတတ်နိုင်လျှင် နေရ၏။ဥပစာရဘာဝနာ၊ အပ္မနာ ဘာဝနာ ဟူသော စိတ္တ၀ိသုဒ္ဓိကို အသီးမလ်ုပသော ယောဂီကို သုက္ခ၀ိပဿက (၀ိပဿနာ သက်သက်ကိုသာ ရှုပွားခြင်း) ယောဂီဟု ခေါ်သည်။ သုဒ္ဓသိပဿက(၀ိပဿနာ သက်သက်ကို ရှုပွားသူ) ယောဂီဟုလည်း ခေါ်၏။ယခုကာလသည် သုက္ခ၀ိပဿ က ခေတ်တည်း။ထို့ကြောင့် သီလ၀ိသုဒ္ဓိနေရာကျလျှင် ဓါတုမနသိကာရကို ထူထောင်ရမည်။
“သာသနာကို ရှောင်ကွင်းသူများဘေးကိုမမြင် ခေတ်လျှင်ချထားစောင့်စားပါရမီ ဒွိဟိတ်မည်နှင့်တစ်လီဓိပတိတ် ဤငါးစိတ်သည်တိရစ်ဘုံစဉ်စံဖို့တည်း။”
(လယ်တီဆရာတော်)
No comments:
Post a Comment