Pages

Friday, September 28, 2012

တရားဘာလို့နာရသလဲ။တရားစာပေတွေကိုဘာလို့ဖတ်ရှုလေ့လာသင့်သလဲ?


တရားဘာလို့နာရသလဲ။တရားစာပေတွေဘာကြောင့်ဖတ်ရှုသင့်သလည်းဆိုတော့
ဘာသာရေးဗဟုသုတရရှိစေရန်အတွက်လို့အကြမ်းမျဉ်းအားဖြင့်ဆိုလို့ရနိုင်လို့ရ
နိုင်တယ်။ထိုဘာသာရေး ဗဟုသုတရှိမှလည်း ကံသုံးပါးစလုံး(ကာယကံ၊ ဝဇီကံ၊
မနောကံ)နဲ့ပြုလုပ်အပ်သော အမှုကိစ္စတို့မှာမကောင်းမှု(အကုသိုလ်)နည်းနိုင်သမျှ
နည်းအောင်ကြံစည်၊ ပြောဆို၊ ပြုမူလာနိုင်အောင်ဖြစ်တယ်။ထိုသို့ ကံသုံးပါးစလုံးတွင်
အကုသိုလ်နည်းနိုင်သမျှနည်းအောင်ပြုလုပ်လာနိုင်လျှင် ချမ်းသာဖို့အခွင့်အလမ်းကြီး
ပါပဲ။ဥပမာ- ဘုရားက ငါးပါးသီလကိုလုံးဝစောင့်ထိန်းရမယ်ဟောထားသည်။ထိုသို့
ဟောပြောဆုံးမထားသည်ကို တရားစာပေများ တရားများကိုမနာယူပဲ မသိနိုင်ပါ။
ထို့အတွက်ကြောင့်အကုသိုလ်ကို မရှောင်ကျဉ်နိုင်သည့် အတွက်ဆင်းရဲမှုများပေလိမ့်
မည်။ဒီဥပမာသည်အများသိရန်အတွက်သာလွယ်ကူသော အခြေခံကျသော ဥပမာဖြစ်သည်။ 
ထို့ထက်အဖိုးတန်မဖြတ်နိုင်သည့် တရားကောင်းများကိုလည်း တရားစာပေများ
ဖတ်ခြင်း၊ တရားနာယူခြင်းဖြင့်သာ သိရှိနိုင်သောကြောင့်ပေတည်း။ တရားနာရာတွင်လည်း
ကုသိုလ်ရရန်ဟူသော စိတ်ထားတစ်ခုနှင့် တရားများကို ဖတ်ရှုမနာယူသင့်ပေ။ တရား
များကိုဖတ်ရှု နာယူရာတွင် မှတ်မိစေရန်(သတိ)၊ အာရုံစူးစိုက်စွာနာရန်(သမာဓိ)၊ ကောင်း
စွာနှလုံးသွင်းဆင်ခြင်(ယောနိသော မနသီကာယ)ပြီးနာယူ ဖတ်ရှုရန် လိုအပ်ပေသည်။
တရားကို မှတ်မိစေရန်(သတိ)ဘာဖြစ်လို့အပ်သလည်းဆိုတော့တရားဆိုတာနာရုံနဲ့ မပီး
လိုက်နာကျင့်သုံးရန် လိုအပ်သောကြောင့်ပေတည်း။ကျွန်တော်တို့ကျောင်းစာသင်တယ်
တစ်နှစ်တစ်တန်းကို ပုံမှန်အောင်လာကြတယ်။ဒါပေမဲ့လေးတန်းမှာ သင်ခဲ့သည့်စာများကို
လေးတန်းတွင် ပင်ထားခဲ့လို့မရ။မှတ်မိနေရန်လည်းလိုအပ်သည်။ဘာလို့လည်းဆိုတော့
လေးတန်းစာများသည်ငါးတန်းစာသင်ရန်အတွက် အခြေခံကျသောလိုအပ်သောစာများ
်ဖြစ်သောကြောင့်ပင်ဖြစ်သည်။ထို့အတူတရားနာယူဖတ်ရှုပြီး ပြီးပြီးရောမနေသင့်ပါ။ထို့ထက် 
နက်နဲလာသည့် တရားများစပ်စပ်မှုရှိနေသောကြောင့်ပင်ဖြစ်သည်။အာရုံစူးစိုက်စွာတရားနာရ
မည်ဆိုသည်မှာ တချို့မှာ တရားနာရာဖတ်ရှုရာတွင်လူကတရားပွဲရှေ့ဆုံးကရောက်နေပြီးစိတ်
က အိမ်တွင်ကျန်နေသော အမှုကိစ္စအရပ်ရပ်များကို စိတ်ရောက်နေလျှင်လည်း တရားနာရာ
တွင်အဘယ်မှာများအကျိုးရှိနိုင်မည်နည်း။ထိုသူ၏ စိတ်သန္တာန်တွင် တရားဘယ်လောက်များ
ကိန်းနိုင်မည်နည်း။လုံးဝမကိန်းနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် တရားပေါ်အာရုံစူးစိုက်မှုမရှိသော
ကြောင့်ပင်ဖြစ်သည်။ ကောင်းစွာနှလုံးသွင်းဆင်ခြင်ရမည်ဆိုသည်မှာ တရားပွဲများတရား
စာပေများကိုဖတ်ရှုနေစဉ် (သို့) ဖတ်ရှုပြီးလျှင် ထိုတရားများနှင့်ပက်သက်သည်များကို
ကိုယ်တိုင်ဉာဏ်ဖြင့်စဉ်းစားနှလုံးသွင်းစဉ်းစားဆင်ခြင်ရမည်။ဒါမှသာကိုယ်ပိုင်ဉာဏ် ကိုယ်
ပိုင်အသိရရှိလာပေမည်။ဒါသည်ကိုပင်တရားတက်သည်ဟုခေါ်ဆိုရပေမည်။ဥပမာ- ဆောင်ပုဒ်
လေးတပုဒ်ကိုကိုယ်ပိုင် ဉာဏ်ဖြင့်ကောင်းစွာနှလုံးသွင်းကြည့်ပါ။”မကောင်းမှုရှောင် ကောင်းမှု
ဆောင် ဖြူအောင်စိတ်ကိုထား”ဆိုသည့် ဆောင်ပုဒ်လေးပါ။မကောင်းမှုကိုဘာလို့ရှောင်ရသလဲ
စဉ်းစားနှလုံးသွင်း ဆင်ခြင်ကြည့်ပါမကောင်းမှုကိုပြုမိလျှင် မကောင်းကျိုးပေးသောကြောင့်ပေ
တည်း။ထိုမကောင်းမှုကို ကြံစည်ရာမှာလည်းမကောင်း ပြုလုပ်စဉ်မှာလည်းမကောင်း ပြုလုပ်ပြီး
လျှင်လည်းမကောင်း ထိုစလယ်ဆုံးသုံးပါးလုံးဘာမှကောင်းကျိုးချမ်းသာကိုမပေးသောကြောင့်ရှောင်
ရမည်ပါတကားဟုကိုယ်ပိုင်နှလုံးသွင်း ဆင်ခြင်ရမည်။ ကောင်းမှုကိုဆောင်ဟူသည်ကား
 ကောင်းမှုကိုကြံစည်ရာတွင်လည်းအေးချမ်း၊ ကောင်းမှုကိုပြုလုပ်နေစဉ်လည်း ချမ်းသာ၊ ပြုလုပ်ပြီး
လျှင်လည်းစိတ်နှလုံးအေးချမ်းနေပါတကားဟုဆင်ခြင်ရမည်။ဖြူအောင်စိတ်ကိုဘယ်လိုနှလုံး
သွင်းရမလဲကိုယ်ပိုင်ဉာဏ်ဖြင့်နှလုံးသွင်းဆင်ခြင်ကြည့်ပါ။ဥပမာ-တရားကိုစိတ်ပါလက်ပါနှလုံး
သွင်းနာနေတုန်းဘေးနားကအိမ်ကသီချင်းသံအကျယ်ကြီးဖွင့်လိုက်တယ်ဆိုပါတော့...ဟာဘယ်
လိုလူ့အလိုက်ကမ်းဆိုးမသိတတ်တဲ့လူတွေလည်းလို့စိတ်ထဲက ဒေါသလေးလေးစွန်းထင်းသွား
ပေလိမ့်မည်။ထိုဒေါသစိတ်မဲလေးစွန်းထင်းမှုကို စိတ်ကိုဖြူအောင်ထားနိုင်တဲ့သူက ကောင်းစွာသိ
နိုင်ပေလိမ့်မည်။စဉ်းစားကြည့်ပါ။ဖြူစင်နေသောစာရွက်တရွက်တွင် မှင်စက်လေးတစ်စက်ပင်စွန်း
ထင်းလျှင်ပင် အလွယ်တကူသိနိုင်သကဲ့သို့ မိမိစိတ်ကိုဖြူစင်အောင်ထားရှိနေသောကြောင့်ခုနက
အကုသိုလ်အမဲစက်လေးစိတ်ထဲကဖြစ်လာသည်ကိုတန်းသိ၍”သြော်....သူငါတရားနာနေတာသူ့
နေရာမှာငါဆိုလည်းဘယ်လိုလုပ်သိနိုင်မှာလည်း သီချင်းသံကလာနေတဲ့အတွက်တောင်တရားကို
အရင်ကထက်ပို၍စူးစူးစိုက်စိုက် တောင်ငါနာရသေးတယ် မောင်မင်းကြီးသားကျန်းမာချမ်းသာပါစေ
ဗျာ”လို့တောင်မေတ္တာဘာဝနာကုသိုလ်တောင် ရသွားပါသေးတယ်။ထိုကဲ့သို့သတိရ၊ စူးစိုက်၊
နှလုံးသွင်းကောင်းကောင်းဖြင့်တရားများကိုနာယူတရားစာပေများကိုဖတ်ရှုလေ့လာရပေလိမ့်မည်။


နိဂုံးချုပ်နောက်ဆုံးအနေဖြင့် ကျွန်ုပ်တို့ ဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ်ကြီးက ငါဘုရား
ဟောထားသည့်တရားများကိုရမ်းမယုံပါနဲ့ ကိုယ်တိုင်ကျင့်ရင် ကိုယ်တိုင်သိနိုင်ပါတယ်။
လာပါနည်းနည်းလေးလောက်စမ်းပီး ကျင့်သုံးကြည့်ပါ။နည်းနည်းကျင့်ရင်ရင်နည်းနည်း
ရမယ်။ များများကျင့်ရင်များများရမယ်။ အလုံးစုံကျင့်နိုင်ရင် အလုံးစုံရနိုင်ပါတယ်။ကိုယ်
တိုင်ကျင့်သုံးပြီးမှယုံပါလို့ဟောကြားထားပါတယ်။ဗုဒ္ဓတရားတွေဟာလက်တွေ့စမ်းသပ်ခံ
နိုင်တဲ့တရားမြတ်တွေပါပဲ။ထို့ကြောင့်ဗုဒ္ဓတရားများကို ဗုဒ္ဓဘာသာမှမဟုတ်ပါဘူး ခရစ်ယာ
န်ပဲကျင့်ကျင့်၊ မူစလင်ပဲကျင့်ကျင့်၊ ဟိန္ဒူပဲကျင့်ကျင့် အမြဲမှန်ကန်နေသောတရားဓမ္မများဖြစ်
သောကြောင့် ၄င်းအာမခံချက်တိတိကျကျရှိသောဗုဒ္ဓ၏တရားတော်များကို ကိုယ်စီကိုယ်ငှ
လေ့လာ ဆည်ပူး နှလုံးသွင်း ကျင့်ကြံကျိုးကုတ်အားထုတ်ပြီးဗုဒ္ဓဘာသာဝင်တို့၏ပန်းတိုင
ဖြစ်သော မဂ္ဂဖိုလ် နိဗ္ဗာန်ကိုအမြန်ဆုံးမျက်မှောက်ပြုနိုင်ပါစေဟုဆန္ဒပြုရင်းအဆုံးသတ်
လိုက်ရပါတယ်။

3 comments:

  1. လာလည်ပြီး ဖတ်သွားပါတယ်

    ReplyDelete
  2. ကျေးဇူးတင်ပါတယ်

    ReplyDelete
  3. မင်္ဂလာပါ
    အမြဲဝင်ရောက် ဖတ်ရှိပါသည်
    ကိုာ်စိတ်ချမ်းပြေ့ပါစေ

    ReplyDelete